Press Release

မြင်းခြံတွင် တယ်လီနောမှာ ၄င်း၏ ၃၇ ခုမြောက် အလင်းအိမ် စင်တာကိုဖွင့်လှစ်

06 November, 2015 - Yangon

  • မိုဘိုင်းနှင့် ကွန်ပျူတာအခြေခံဒစ်ဂျစ်တယ်ကျွမ်းကျင် တတ်မြောက်ရေးသင်တန်းများမှ တဆင့် အွန်လိုင်းသတင်းအချက်အလက်ဝန်ဆောင်မှုများကိုအသုံးပြုလာနိုင်စေရန် မြန်မာနိုင်ငံတဝန်းတွင် ဆက်လက်ဆောင်ရွက်
  • အောက်တိုဘာလကုန်တွင် တိုင်းနှင့်ပြည်နယ် ၉ ခု၌ အလင်းအိမ် စင်တာ ၃၇ ကိုတည်ထောင်နိုင်ခဲ့

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) သည် ၄င်း၏ ၃၇ ခုမြောက် အလင်းအိမ် စင်တာ (Light House) ကို မန္တလေးတိုင်း၊ မြင်းခြံတွင် ဖွင့်လှစ်ခဲ့ကြောင်းကြေငြာခဲ့သည်။ ယခုဖွင့်လှစ်ခဲ့သောစင်တာအပါအဝင် အလင်းအိမ် စင်တာများသည် မြန်မာနိုင်ငံတဝန်းရှိမန္တလေး၊ ရန်ကုန်၊ ရှမ်း၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ ကရင်၊ မွန်နှင့် နေပြည်တော်အစရှိသည့် တိုင်းနှင့်ပြည်နယ် ၉ ခုတွင် ထူးခြားဆန်းသစ်သောသတင်းအချက်အလက် ဝန်ဆောင်မှုများနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်သင်တန်းများကိုပေးအပ်ပို့ချနေပြီ ဖြစ်သည်။

တယ်လီနောသည် Myanmar ICT for Development Organization (MIDO) နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် အလင်းအိမ် စင်တာများကိုတည်ထောင်ခဲ့သည်။ ၂၀၁၈ အကုန်တွင် အလင်းအိမ်စင်တာအရေအတွက် ၂၀၀ အထိတည်ထောင်သွားရန် ရည်မှန်းထားသည်။ တယ်လီနောနှင့် MIDO တို့ ပူးတွဲလက်မှတ်ရေးထိုးခဲ့သည်မှာဇွန်လ၊ ၂၀၁၄ ဖြစ်သည်။

အလင်းအိမ်စင်တာများသည် လူမှုစီးပွားရေးလုပ်ငန်းများဖြစ်ပြီးတစ်နိုင်ငံလုံးရှိ မြို့ပြနှင့် ကျေးလက်နေ ပြည်သူများအတွက် အင်တာနက်ပေါ်တွင် ရှာဖွေတွေ့ရှိနိုင်သည့် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာအကျိုးရှိစေမည့် သတင်းအချက်အလက်များအကြောင်းကိုအသိပညာပေးအပ်နိုင်ရန် ရည်ရွယ်သည်။ စင်တာများကို ပြည်တွင်းစွန့်ဦးတီထွင် လုပ်ငန်းရှင်များကဦးစီဆောင်ရွက်ပြီးရွာသူရွာသားများ၊ မြို့ပြပြည်သူများမှအစလယ်သမားများ၊ ပြည်တွင်းလုပ်ငန်းရှင် များအထိအားလုံးအတွက် ဖွင့်လှစ်ပေးထားမည် ဖြစ်သည်။

“ဒီအလင်းအိမ်စင်တာတွေက မြန်မာနိုင်ငံမှာစမတ်ဖုန်းနှင့် ကွန်ပျူတာအသုံးပြုမှုမှာကျေးလက်နဲ့ မြို့ပြမှာမတူညီဘဲကွာခြားနေသည့်အနေအထားကိုလျော့ချသွားနိုင်ဖို့ တည်ထောင်ထားတဲ့ ရေရှည်လည်ပတ်သွားနိုင်မယ့် လူမှုစီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။ တယ်လီနောရဲ့ နည်းပညာ၊ ကျွမ်းကျင်မှု၊ နည်းလမ်းတွေနဲ့ လူမှုလုပ်ငန်းရင်းနှီးမြှုပ်နှံမှုတွေကိုအသုံးပြုပြီးစင်တာတွေမှာ ပြည်တွင်းစျေးကွက်ရှာဖွေရေးလုပ်ငန်းတွေနဲ့ ပုံမှန်ဝင်ငွေရရှိမယ့် အခွင့်အလမ်းတွေနဲ့ ပံ့ပိုးပေးထားပြီးလူမှုရေးဦးစားပေးစွန့်ဦးတီထွင် လုပ်ငန်းရှင်များကိုယ်တိုင် ဒစ်ဂျစ်တယ် ကျွမ်းကျင်မှု အတတ်သင် သင်ရိုးနဲ့ သင်ကြားပေးအပ်သွားမှာဖြစ်ပါတယ်”ဟုတယ်လီနောမြန်မာမှ လူမှုအကျိုးပြုဌာနမှုး ဖြစ်သူကိုမင်းသူမှ ပြောကြားခဲ့သည်။

တယ်လီနောနှင့် MIDO တို့သည် ပြည်တွင် စွန့်ဦးတီထွင် ပညာရှင်များကိုစီးပွားရေးလုပ်ငန်းအရရပ်တည်နိုင်ပြီး ပြည်သူများအတွက် အကျိုးရှိစေမည့် အချက်အလက်ဝန်ဆောင်မှုများနှင့် ဒစ်ဂျစ်တယ် ကျွမ်းကျင်တတ်မြောက်ရေးသင်တန်းများကိုပေးအပ်နိုင်သည့် လူမှုစီးပွားရေးလုပ်ငန်းတစ်ခုကိုမည်သို့မည်ပုံလည်ပတ်အောင် ဆောင်ရွက်ရမည် ကိုလေ့ကျင်သင်ကြားပေးခဲ့သည်။

အလင်းအိမ်စင်တာများတွင် လေ့ကျင်သင်ကြားပေးသည့် သင်တန်းအမျိုးအစားများမှာမိုဘိုင်းအခြေခံအင်တာနက် ကျွမ်းကျင်မှုသင်တန်းများနှင့် ကွန်ပျူတာသင်တန်းများဖြစ်သည်။ မိုဘိုင်းအခြေခံသင်တန်းများတွင် မိုဘိုင်းဖုန်းများကိုထိရောက်စွာအသုံးပြုနည်း၊ မိုဘိုင်းအင်တာနက် အသုုံးပြုနည်း၊ Viber,အီးမေးလ်နှင့် ဖေ့စ်ဘွတ် အသုံးပြုနည်း၊ လိုအပ်သောအချက်အလက်များကိုအင်တာနက်တွင် ရှာဖွေနည်းနှင့် အင်တာနက်မှ တဆင့် အင်္ဂလိပ်စာဘာသာရပ်ကိုကိုယ်တိုင်သင်ယူလေ့လာနည်းစသည်တို့ပါဝင်သည်။ ကွန်ပျူတာသင်တန်းများတွင် အခြေခံကွန်ပျူတာအသုံးပြုနည်း၊ Microsoft Word, Excel နှင့် Powerpointအသုံးပြုနည်းများကိုခေတ်မီသင်ကြားပို့ချနည်းများအသုံးပြုကာသင်ကြားပေးသည်။

အလင်းအိမ်စင်တာသို့ ကိုယ်တိုင်မလာရောက်နိုင်သူများအတွက် (အထူးသဖြင့် ရွာများတွင် တွေ့ရ) စင်တာများသည် ၄င်း၏ ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုသင်တန်းများကိုလိုက်လံသင်ကြားမည့် အစီအစဉ်များစတင်တော့မည် ဖြစ်သည်။ ပထမဦးဆုံးလိုက်လံသင်ကြားပေးသောသင်တန်းတွင် တက်ခဲ့သူတစ်ဦး ဖြစ်သည့် မြင်းခြံ၊ လယ်သစ်ရွာမှ ဦးမောင်မောင်က“သင်တန်းကကျွန်တော်တို့မသိသေးတဲ့ အရေးကြီးတဲ့ ဒစ်ဂျစ်တယ်ကမ္ဘာတစ်ခုကို ပြသပေးလိုက် သလိုပါပဲ။ အထူးသဖြင့် လူငယ်တွေအတွက်ပေါ့။ အလင်းအိမ်စင်တာတွေကနေလိုက်လံသင်ကြားပေးတဲ့ အစီအစဉ်တွေ ပိုမိုမြင်တွေ့ချင်ပါတယ်” ဟုပြောကြားခဲ့သည်။

ဆက်သွယ်ရေးကဏ္ဍသည် လူထုကိုစွမ်းအားမြှင့်တင်နိုင်သည်ဟုတယ်လီနောမှ ယုံကြည်သည့်အလျှောက်၄င်း၏ လူမှုအကျိုးပြုလုပ်ငန်းများကိုထိရောက်စွာဆောင်ရွက်ခြင်းသည် အလွန်အရေးပါသောအရာတစ်ခုဖြစ်သည်။ ထို့ကြောင့်တယ်လီနောသည် မြန်မာနိုင်ငံတွင် လူမှုအကျိုးပြုလုပ်ငန်းများကိုအကောင်အထည်ဖော််ခဲ့ပြီး နိုင်ငံ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုယခုလိုအလင်းအိမ်စင်တာများတည်ထောင်ခြင်းအပါအဝင် ကဏ္ဍမျိုးစုံမှ ထောက်ပံ့ပေးနိုင်ခဲ့သည်။ ထိုမှ ပြည်သူလူထု၊ အသိုင်းအဝိုင်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် ညီတူမျှဝေသောတန်ဖိုးတစ်ခုကိုဖန်တီးနိုင်မည် ဖြစ်သည်။

မီဒီယာများဆက်သွယ် မေးမြန်းရန်

မနီနီမြင့်
Corporate Communications,
NiNi.Myint2@telenor.com.mm
(95) 9 79 100 0004

ကိုစိုးသူထွန်း
Mango Media for Telenor Myanmar
soethu@mangomyanmargroup.com
(95) 1 512 884 ,(95) 9 450 001 087

www.telenor.com.mm
www.facebook.com/TelenorMyanmar

Yangon
My Telenor