Press Release

မိုဘိုင်း ၀န်ဆောင်မှုများကို အကျိုးအရှိဆုံးအသုံးပြုနိုင်ကြစေရေးအတွက် အသိပညာပေးမှုများကိုတယ်လီနောကတိုးမြင့် ဆောင်ရွက်လျက် ရှိ

24 November, 2017 - Yangon

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ တယ်လီဖုန်းဘေလ်များ ဖြတ်တောက် မှုနှင့် ဆက်လျဉ်း၍ သုံးစွဲသူများသို့ အသိပေးခြင်းကိုတယ်လီနောမြန်မာက ကြိုဆိုပါသည်။ ယင်းသို့ အသိပေးကြေငြာခြင်း နှင့် ဆက်စပ်၍ တယ်လီနောအနေဖြင့်လည်းသုံးစွဲသူများအနေနှင့် ကုမ္ပဏီကပေးအပ်လျက်ရှိသော၀န်ဆောင်မှုများကိုအကျိုးအရှိဆုံး အသုံးပြုနိုင်ကြစေရေးအတွက် အသိပညာပေးမှု များကို တိုးမြင့်ဆောင်ရွက်လျက်ရှိကြောင်း လည်းအတည် ပြု ထုတ်ပြန်လိုက်ပါသည်။

“အခုလိုသုံးစွဲသူတွေကို အသိပေးဖိတ်ခေါ်မှုမျိုးကိုတယ်လီနောအနေနဲ့ ကြိုဆိုပါကြောင်းနဲ့ သုံးစွဲသူတွေရဲ့ မေးမြန်းမှု တွေကိုဖြေရှင်းရာမှာတယ်လီနောအနေနဲ့လည်း အထူးပူးပေါင်း ဆောင်ရွက်သွားမယ် ဆိုတာကို အလေးအနက် ပြော ကြားလိုပါတယ်။ သုံးစွဲတဲ့သူတွေရဲ့ အကြံပြုချက်တွေ၊ လိုလားချက်တွေကို နားထောင်ပြီးအချိန်နဲ့ တစ်ပြေးညီ ပြန်လည် တုံ့ပြန်ဆောင်ရွက်ပေးတာဟာကနေ့ ကျနော်တို့ အဓိကလုပ်ဆောင်နေတဲ့ အချက်တစ်ခုဖြစ်ပြီး ကျနော်တို့ရဲ့ ၀န်ဆောင်မှု တွေကိုလည်းသုံးစွဲသူတွေရဲ့ အကြံဥာဏ်တွေကို အခြေခံပြီးပိုမို ကောင်းသည်ထက် ကောင်းအောင် လုပ်ဆောင်နေတာ ဖြစ် ပါတယ်။ သုံးစွဲသူတွေအနေနဲ့ ၀န်ဆောင်မှုတွေ ရယူတာ၊ အကြံဥာဏ်တွေ ပေးတာ၊ ဖုန်းဘေလ် ကုန်ကျမှု အပါအ၀င် အခြားမရှင်းလင်းတဲ့ အချက်အလက်တွေကို မေးမြန်းတာစတာတွေကို ဆောင်ရွက်ဖို့ တယ်လီနောအနေနဲ့ အွန်လိုင်းနဲ့ လူကိုယ်တိုင် သွားရောက်နိုင်တဲ့ ချန်နယ်များစွာကိုဆောင်ရွက်ထားပေးတာ ဖြစ်ပါတယ်”ဟုတယ်လီနောမြန်မာ၏ ဈေးကွက် ဖော်ဆောင်ရေးအရာရှိချုပ် Joslin Myrthong က ပြော ကြားသည်။

ဖုန်းဘေလ် ဖြတ်တောက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းစွာသိရှိလိုသောသုံးစွဲသူများအနေဖြင့် တယ်လီနောအမှတ် တံဆိပ် အရောင်းများ၊ တယ်လီနော ၀က်ဆိုက်၊ MyTelenorအပလီကေးရှင်း၊ ဖေ့စ်ဘွက်ခ် မက်ဆင်ဂျာနှင့် အီးမေးလ် care@telenor.com.mmသို့ သုံးစွဲသူအမည်၊ ဖုန်းနံပါတ်၊ တစ်စုံတစ်ခု ဖြစ်ပွားခဲ့သည့် နေ့ရက်/အချိန်တို့ အပါအ၀င် လိုအပ်သောအချက်အလက်အသေးစိတ်ကိုပေးပို့ မေးမြန်းနိုင်ပါသည်။

“တယ်လီနောအနေနဲ့ ကျနော်တို့ရဲ့ အောင်မြင်မှုကိုသုံးစွဲသူတွေရဲ့ စိတ်ကျေနပ်မှုနဲ့ တိုင်းတာတာ ဖြစ်ပြီးနေ့စဉ်နေ့တိုင်းလည်းပိုမိုကောင်းမွန်ပြီးဈေးနှုန်းချိုသာတဲ့ ၀န်ဆောင်မှုတွေကို ပေးအပ်နိုင်အောင် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ ဗီဒီယိုတွေ၊ ဂိမ်းတွေကိုအပြတ်အတောက်မရှိချောချောမွေ့မွေ့ ကြည့်ရှုလိုအသုံးပြုလိုတဲ့ ကျနော်တို့ရဲ့ သုံးစွဲသူတွေ အတွက် ယုံကြည်စိတ်ချရတဲ့ 4G ၀န်ဆောင်မှုတွေကို တိုးချဲ့ပေးအပ်နိုင်ဖို့လည်းအခုအချိန်မှာကျနော်တို့အနေနဲ့ ဦးစားပေးလုပ်ဆောင်နေပါတယ်။ အင်တာနက်နှုန်းတွေ ပိုမိုမြန်ဆန်လာတာနဲ့ အမျှ buffering နှုန်းတွေ ဒေါင်းလုတ်ကူးယူမှုနှုန်းတွေလည်းတစ်ချိန်တည်းပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဥပမာယူကျု့ကနေဗီဒီယိုကြည့်နေတဲ့ သုံးစွဲသူတစ်ဦးအနေနဲ့ ကြည့်လို့မပြီးသေးခင် တစ်၀က်တစ်ပျက်မှာ ရပ်လိုက်ပေမဲ့လည်းဗီဒီယိုတစ်ခုလုံးကိုဒေါင်းလုတ်ကူးယူချထားပြီးသား ဖြစ်သွားလို့ အဲ့ဒီအတွက် ငွေဖြတ်တောက်ခံရမှာ ဖြစ်ပါတယ်။ ဒိအတွက် မြန်မာနိုင်ငံကအင်တာနက် ဒေတာအသုံးပြု သူတွေအနေနဲ့ သုံးစွဲသူအများစုအကြိုက် တစ်လကိုအနည်းဆုံး ၇၉၉ ကျပ်နဲ့ ၀ယ်သုံးနိုင်တဲ့ ဒေတာစုဘူးလိုဒေတာအစီအစဉ်တွေကိုရယူသုံးစွဲပြီးအင်တာနက်ကိုအကျိုးရှိရှိနဲ့သုံးကြဖို့နဲ့ မိမိသုံးစွဲတဲ့ဒေတာတွေကိုသိရှိထိန်းချုပ်ကြဖို့ တိုက်တွန်းလိုပါတယ်”ဟုJoslin က ဆက်လက် ပြော ကြားသည်။

သုံးစွဲသူများအနေဖြင့် အကောင်းဆုံးနှင့် အချောမွေ့ဆုံးသုံးစွဲရမှု အတွေ့အကြုံများကိုရရှိနိုင်စေရန်အတွက် တယ်လီနောသည် ဒစ်ဂျစ်တယ်နှင့် လူကိုယ်တိုင် သွားရောက်နိုင်သည့် ချန်နယ်မျိုးစုံမှ တစ်ဆင့် သုံးစွဲသူများအကျိုးများစေမည့် ဆောင်ရန်ရှောင်ရန် အချက်များကို ဖြနေ့်၀ အသိပေးလျက်ရှိပါသည်။ ထို့ပြင် လူကြည့်များပြီးနားထောင်သူများပြားသည့် ရုပ်မြင်သံကြားနှင့် ရေဒီယိုအစီအစဉ်များမှ တစ်ဆင့်လည်းမိုဘိုင်း၀န်ဆောင်မှုများကိုအကျိုးအရှိဆုံးအသုံးပြုနိုင်သည့် နည်းလမ်းများအကြောင်းအသိပညာပေးမှုများကိုတိုးမြင့်ဆောင်ရွက်လျက်လည်းရှိပါသည်။

တယ်လီနော၏ သုံးစွဲသူများကိုအခမဲ့ ပေးအပ်ထားသည့် သုံးစွဲသူကိုယ်တိုင် ဆောင်ရွက်ရသည့် MyTelenorအပလီကေးရှင်းကိုမိမိကောင်းကျိုးအတွက် အကျိုးရှိရှိသုံးနိုင်ကြောင်းလည်းဈေးကွက် ဖော်ဆောင်ရေးအရာရှိချုပ်ကပြော ကြားသည်။ “သုံးစွဲသူတွေအနေနဲ့ မိမိရဲ့ ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက် ဒေတာအသုံးပြုမှု အသေးစိတ် အချက်အလက် တွေကိုစစ်ဆေးကြည့်ရှုနိုင်အောင် ဒီအပလီကေးရှင်းကိုအဆင့်မြှင့်ထားတာဖြစ်ပါတယ်။ ဒီအပလီကေးရှင်းကနေတစ်ဆင့် ဖုန်းငွေဖြည့်တာ၊ အခြားသူကိုဖုန်းငွေလွှဲပေးတာ၊ ၀န်ဆောင်မှုတွေကို ၀ယ်ယူတာ၊ တယ်လီနောကပေးအပ်နေတဲ့ အခြား ၀န်ဆောင်မှုတွေကို ရယူတာစတာတွေ အားလုံးကိုလုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။”

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor