Press Release

မိုဘိုင်း၀န်ဆောင်မှုများကို ဆက်လက်အသုံးပြုနိုင်နေစေရေးဆင်းကတ်များကိုမှတ်ပုံတင်ထားကြပါရန် တယ်လီနောကဆက်လက်တိုက်တွန်း

03 April, 2017 - Yangon

  • ဆင်းကတ်များကိုအချိန်မှီ မှတ်ပုံတင်ထားခြင်းမရှိပါက၀န်ဆောင်မှုများကို ယာယီရပ်ဆဲထားမည် ဖြစ်
  • ဆင်းကတ်မှတ်ပုံမတင်ရသေးသူများသည် ၎င်းတို့၏ ဆင်းကတ်ကိုမှတ်ပုံတင်ခြင်းဖြင့် ၀န်ဆောင်မှုများကို ပြန်လည် ရရှိမည် ဖြစ်

နိုင်ငံတော်အစိုးရကသတ်မှတ်ထားသည့် ဆင်းကတ်မှတ်ပုံတင်ရန် နောက်ဆုံးဖြစ် သောမတ်လ ၃၁ ရက်အထိမှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းကတ်များအတွက် မိုဘိုင်း၀န်ဆောင်မှုများကို သုံးလကြာယာယီရပ်ဆဲသွားမည်ဖြစ်ကြောင်းတယ်လီနော မြန်မာလိမိတတ် (“တယ်လီနော”)က သုံးစွဲသူများအားလေးစားစွာအသိပေးကြေငြာအပ်ပါသည်။

ယင်းယာယီရပ်ဆဲကာလအတောအတွင်းတွင် သုံးစွဲသူများသည် အ၀င်ဖုန်းလက်ခံခြင်း၊ စာတိုလက်ခံခြင်းနှင့် ဆင်းကတ် မှတ်ပုံတင်သည့် ၀က်ဆိုက် http://ecaf.telenor.com.mm နှင့်My Telenor app http://bit.ly/mytelenor24 အသုံး ပြုရန်မှအပကျန်မည်သည့် ၀န်ဆောင်မှုမှ ရရှိသုံးစွဲနိုင်မည် မဟုတ်ပါ။ သုံးစွဲသူများသည် အထက်ပါ အွန်လိုင်းချန်နယ်များမှ တစ်ဆင့် ဒေတာအတွက် တစ်စုံတစ်ရာကုန်ကျမှုမရှိပဲဆင်းကတ်များကိုမှတ်ပုံတင်နိုင်မည် ဖြစ်ပါသည်။ မှတ်ပုံတင်ရန် လိုအပ်သည့် အထောက်အထားများ ပြည့်စုံစွာပေးပို့လိုက်ပါကအချိန် တစ်နာရီအတွင်းပုံမှန် ၀န်ဆောင်မှုများကို ပြန်လည် ရရှိမည် ဖြစ်ပါသည်။

ထို့ပြင်သုံးစွဲသူများသည် Facebook https://www.facebook.com/TelenorMyanmar၊ Viber(၀၉၇၉၀၁၁၃၂၅၂ မှ ၃၂၅၇အထိ၊ ၀၉၇၉၀၁၃၄၇၃၈၊ ၀၉၇၉၀၂၈၅၄၆၆၊ ၀၉၇၉၀၂၈၅၄၇၀ မှ ၅၄၇၂ အထိ၊ ၀၉၇၉၀၂၈၅၄၇၄၊ ၀၉၇၉၀၂၈၅၄၇၇၊ ၀၉၇၉၀၂၈၅၄၇၈၊ ၀၉၇၉၀၂၈၅၄၈၀ မှ ၅၄၈၃အထိ၊ ၀၉၇၉၀၂၈၅၄၈၅ မှ ၅၄၈၈ အထိ၊ ၀၉၇၉၀၂၈၅၄၉၀) နှင့် အီးမေးလ် (reg@telenor.com.mm) တို့တွင် ကိုယ်တိုင်လွယ်ကူစွာလည်းမှတ်ပုံတင်နိုင်ပါသည်။

တယ်လီနောသုံးစွဲသူများသည် နိုင်ငံတစ်ှမ်းရှိ ကမ္ဘောဇ ဘဏ်ခွဲပေါင်း ၈၆ ဘဏ်၊ ဆင်းကတ် လက်လီအရောင်းဆိုင်ပေါင်း၄၂,၀၀၀ ကျော်၊ တယ်လီနောshowroom ၉၀ ခန့်နှင့် တယ်လီနောအလင်းအိမ်စင်တာများ၏ မြို့နယ်ပေါင်း ၅၂ မြို့နယ်ရှိဆင်းကတ် မှတ်ပုံတင် သင်တန်းများတွင်လည်းမိမိတို့ ဆင်းကတ်များကိုသွားရောက် မှတ်ပုံတင်နိုင်ပါသည်။

ဇွန်လ ၃၀ ရက်နေ့နောက်ဆုံးထား၍ မှတ်ပုံမတင်ထားသောဆင်းကတ်များသည် ၀န်ဆောင်များ အပြီးတိုင် ရပ်ဆဲခံရမည် ဖြစ် ပါသည်။

“ယာယီကာလကုန်ဆုံးသွားရင် မှတ်ပုံမတင်ထားတဲ့ ဆင်းကတ်တွေကိုအပြီးတိုင် ပိတ်သိမ်းသွားမှာဖြစ်လို့ ဆင်းကတ် မှတ်ပုံတင်ဖို့ ကျန်ရှိနေသေးတဲ့ တယ်လီနောသုံးစွဲသူတွေကိုအမြန်ဆုံးမှတ်ပုံတင်ထားကြဖို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။ အခုအချိန်ဟာဆင်းကတ်တွေကိုမှတ်ပုံတင်ပြီးဒီကနေရရှိမယ့် ကောင်းကျိုးတွေကိုအပြည့်အ၀ရယူနိုင်ဖို့ နောက်ဆုံးအခွင့်အရေးပါ။ ဆင်းကတ်မှတ်ပုံတင်ထားမယ်ဆိုရင် သုံးစွဲသူတွေအနေနဲ့ မိုဘိုင်းကနေတစ်ဆင့် ဆောင်ရွက် နိုင်တဲ့ ငွေရေးကြေးရေးဝန်ဆောင်မှုတွေကိုလုံခြုံစိတ်ချစွာအသုံးပြုနိုင်မှာ ဖြစ်ပြီးဆင်းကတ်ပျောက်ဆုံးတာဒါမှမဟုတ် ဝန်ဆောင်မှု ဆိုင်ရာ ပြဿနာတွေ ရှိလာရင် ဖြေရှင်းနိုင်တဲ့ အကျိုးကျေးဇူးတွေကိုရရှိမှာ ဖြစ်ပါတယ်”ဟုတယ်လီနော မြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် Joslin E Myrthong က ပြောကြားသည်။

မိုဘိုင်း၀န်ဆောင်မှုများကို ပုံမှန်အသုံးပြုနိုင်နေစေရန် ဆင်းကတ်များကိုမှတ်ပုံတင်ထားရန် လိုအပ်


မှတ်ပုံတင်ရန်အတွက် မှတ်ပုံတင်လိုသောတယ်လီဖုန်းနံပါတ်နှင့်အတူအသိအမှတ်ပြု သတ်သေခံကတ်ပြားတစ်ခုခု (ဥပမာ - နိုင်ငံသားစိစစ်ရေးကတ်) ၏ ကြည်လင်ပြတ်သားသောအရှေ့နှင့်အနောက်ဓါတ်ပုံတို့ကိုပေးပို့ ပေးရမည် ဖြစ်ပါသည်။ မှတ်ပုံတင်လိုသောဆင်းကတ်အားစာတိုပေးပို့ခြင်းလက်ခံနိုင်ရန် ဆောင်ရွက်ထားရပါမည်။ ဆင်းကတ်များမှတ်ပုံတင်ရန်မှာဥပဒေကြောင်းအရပြဌာန်းသတ်မှတ်ချက်တစ်ခု ဖြစ်ပြီးဆင်းကတ်များကိုမှတ်ပုံတင်ထားခြင်းမရှိပါကနိုင်ငံတော်အစိုးရကချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီမှုရှိမည် မဟုတ်ပါ။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာန၊ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှဆက်သွယ်ရေး၀န်ဆောင်မှုကုမ္ပဏီများအားလုံးကို၂၀၁၇ခုနှစ်မတ်လ၃၁ရက်နေ့မတိုင်မီသုံးစွဲသူများ၏ ဆင်းကတ်များအားလုံးမှတ်ပုံတင်ထားရန်၂၀၁၆ခုနှစ်ကတည်းကညွှန်ကြားထားခြင်း ဖြစ်ပါသည်။မှတ်ပုံမတင်ထားသည့် ဆင်းကတ်များသည် ယာယီကာလကျော်လွန်သွားပါကအပြီးတိုင်ရပ်ဆဲခံရမည် ဖြစ်ပါသည်။

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Account
Live Chat
Share Share