Press Release

မိုဘိုင်းဖုန်းဖြင့် အသုံးပြုနိုင်မည့် Disney ပလက်ဖောင်းကို မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် တယ်လီနော မိတ်ဆက်

28 February, 2019 - Yangon

  • D.Magic အမည်ရသည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းတွင် Disney၊ Pixer၊ Marvel နှင့် Star Wars မူပိုင် ဂိမ်းများ၊ မိုဘိုင်း အက်ပလီကေးရှင်းများနှင့် wallpaper များ အပါအဝင် ဖျော်ဖြေရေး အစီအစဉ်ပေါင်းများစွာပါ၀င်
  • ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးထားကာ ဤဝန်ဆောင်မှုကိုစာရင်းပေးသွင်းရယူပါက ပထမဆုံးရက်သတ္တပတ်တွင် အခမဲ့ အသုံးပြုနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် အပတ်စဉ်စာရင်းပေးသွင်းခ ၃၁၅ ကျပ်မျှကျသင့်မည်ဖြစ်

D.Magic အမည်ရ ဒစ်ဂျစ်တယ်ပလက်ဖောင်းအသစ်မှတဆင့် ဒစ်စနေးမူပိုင်ဖျော်ဖြေရေးအစီအစဉ်များအား မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် တယ်လီနောသုံးစွဲသူများ ရယူအသုံးပြု နိုင်တော့မည် ဖြစ်သည်။ Disney၊ Pixar၊ Marvel နှင့် Star Wars တို့၏ မူပိုင်မိုဘိုင်းဂိမ်းများ၊ အက်ပလီကေးရှင်းများ နှင့် live wallpapers များ ၂၅၀ ကျော်ကို အဆိုပါ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်တွင် ရယူနိုင်မည်ဖြစ်ပြီး ယင်း အစီအစဉ်များကိုလည်း အပတ်စဉ် အသစ်တိုးချဲ့နေမည်ဖြစ်ရာ ပရိသတ်များအနေဖြင့် မည်သည့် အခါမှ မရိုးအီသော Disney ဇာတ်လမ်းများကို လက်တကမ်းတွင် အလွယ်တကူရယူကာ အကောင်းဆုံး အတွေ့အကြုံ များကို ခံစား နိုင်တော့မည် ဖြစ်သည်။

အကောင်းမွန်ဆုံးသော ထူးခြားဆန်းသစ်သည့် ဝန်ဆောင်မှုများအား စျေးနှုန်းသက်သာစွာဖြင့် အသုံးပြုသူများထံ ပေး အပ်သွားနိုင်ရန်ဟူသည့် တယ်လီနောမြန်မာ၏ ရည်သန်ချက်နှင့်အညီ အသုံးပြုသူများအနေနှင့် အဆိုပါ D.Magic ဒစ်ဂျစ်တယ် ပလက်ဖောင်းကို အသုံးပြုရန်အတွက် ကုန်သွယ်လုပ်ငန်းခွန်အပါအဝင် အပတ်စဉ်စာရင်းပေးသွင်းခ ၃၁၅ ကျပ် မျှသာ ကျသင့်မည် ဖြစ်သည်။ ထို့အပြင် တစ်ကြိမ်စာရင်းပေးသွင်းပါက credit ၄ ခု ရရှိမည်ဖြစ်ပြီး အဆိုပါ credit များအား အသုံးပြု၍ ပလက်ဖောင်းပေါ်ရှိ အစီအစဉ် ၄ မျိုးအား ဒေါင်းလုတ်ရယူခွင့် ရှိမည် ဖြစ်သည်။

ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးထားကာ ဤဝန်ဆောင်မှုကို စာရင်းပေးသွင်းရယူပါက ပထမဆုံးရက်သတ္တပတ်တွင် အခမဲ့အသုံးပြုနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် အပတ်စဉ်စာရင်းပေးသွင်းခ ၃၁၅ ကျပ်မျှကျသင့်မည်ဖြစ်ကာ ရက် သတ္တပတ် တစ်ပတ်ချင်း အလိုအလျောက် သက်တမ်းတိုးသွားမည်ဖြစ်သည်။

“ဘယ်လို အသက်အရွယ်အပိုင်းအခြားမဆို Disney ဇာတ်ကောင်တွေကို ချစ်ခင်နှစ်သက်ကြပါတယ်။ အခုလို D.Magic ပလက်ဖောင်းကို ဝင်ရောက်ခွင့်ရရှိနိုင်ပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ တယ်လီနော အသုံးပြုသူတွေ အနေနဲ့ သူတို့ အနှစ်သက်ဆုံး Disney ဇာတ်ကောင်တွေကို နေ့စဉ်ဘဝမှာ ပြန်လည်ပိုင်ဆိုင်သွားနိုင်တော့မှာ ဖြစ်ပြီး သူတို့ရဲ့ ငယ်ဘဝအမှတ်တရတွေကိုလည်း ပြန်ပြောင်းသတိရသွားနိုင်မှာ ဖြစ်ပါတယ်။ အခုလို စိတ်လှုပ်ရှားစရာ အစီအစဉ်တွေကို တယ်လီနောသုံးစွဲသူတွေဆီ ပထမဆုံးအကြိမ်အဖြစ် ယူဆောင်လာပေးနိုင်ခဲ့တဲ့အတွက် အရမ်းကို ၀မ်းမြောက်မိပါတယ်။ ယခုလက်ရှိမှာ မြန်မာနိုင်ငံက အသုံးပြုသူအနေနဲ့ D.Magic ရဲ့ ထိပ်တန်းဖျော်ဖြေရေး အစီအစဉ်များစွာ ရယူနိုင်ပြီဖြစ်သလို အနာဂတ်မှာလည်း ပိုမိုကောင်းမွန်တဲ့အစီအစဉ်များစွာကို ထပ်မံထည့်သွင်း ပေးသွားမှာ ဖြစ်ပါတယ်။ တယ်လီနောမြန်မာအနေနဲ့ မြန်မာနိုင်ငံက အသုံးပြုသူတွေအတွက် ထူးခြားဆန်းသစ်ပြီး စျေးနှုန်း သက်သာတဲ့ အကောင်းမွန်ဆုံး အသုံးပြုမှု အတွေ့အကြုံတွေကို အစဉ်အမြဲ ပေးအပ်နေပြီး အနာဂတ်မှာလည်း ပိုမိုထူးခြားပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေကို ဆက်လက် ပေးအပ်သွားဖို့ အသင့်ပါပဲ” ဟု တယ်လီနောမြန်မာ၏ စျေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Amaresh Kumar က ပြောကြားသည်။

D.Magic ဒစ်ဂျစ်တယ်ပလက်ဖောင်းကို http://tmm.8elements.mobi/disney/club မှတဆင့် ဝင်ရောက် နိုင်မည် ဖြစ်ပြီး Android ဖုန်းသုံးစွဲသူများသာ ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်သည်။ အဆိုပါပလက်ဖောင်းကို တယ်လီနော ၏ မိတ်ဖက် 8 Elements Ltd. က စီမံခန့်ခွဲခြင်းဖြစ်သည်။

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်စျေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်း ဆက်သွယ်ရေးဝန်ဆောင်မှုများသာမက ထူးခြားဆန်းသစ်သော သီးသန့် အပိုထပ်ဆောင်း ဝန်ဆောင်မှုများ ကိုလည်း ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် အသုံးပြုသူများ၏ နေ့စဉ်လူမှုဘဝအတွက် အထောက် အကူ ဖြစ်စေရန် ရည်ရွယ်၍ ပြည်တွင်းမှ အကြောင်းအရာများ၊ ပြိုင်ပွဲအစီအစဉ်များနှင့် အနုပညာ သတင်းများအား တစ်နေရာ တည်းတွင် ရယူကြည့်ရှုနိုင်မည့် Wowbox အက်ပလီကေးရှင်းကိုလည်း ၂၀၁၇ ခုနှစ်၊ မတ်လတွင် စတင် မိတ်ဆက်ခဲ့သည်။ အလားတူပင် ၂၀၁၈ ခုနှစ်၊ မေလတွင် တယ်လီနောမြန်မာသည် Huawei နှင့် WowBox တို့နှင့် လက်တွဲ၍ မြန်မာ၊ ထိုင်း၊ တရုတ်၊ ဟောလိဝုဒ်နှင့် အခြားနိုင်ငံများစွာမှ ဇာတ်ကားများ၊ ရုပ်ရှင်စီးရီးများ၊ ဗီဒီယိုများ အပြင် များစွာသော ဗီဒီယိုဇာတ်လမ်းတိုများကို ကြည့်ရှုနိုင်မည့် WowPlay အက်ပလီကေးရှင်းကိုလည်း မိတ်ဆက်ခဲ့ သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Telenor
Share Share