14 June, 2018 - Yangon
မြန်မာ့ ဘောလုံးအားကစား ဝါသနာရှင်များအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးသော အချိန်အခါတစ်ခု ရောက်ရှိလာသည့်နှင့်အတူ တယ်လီနောသုံးစွဲသူများအတွက် ဒေတာ အပို လက်ဆောင်များပါဝင်သည့် အထူးဘောလုံးဒေတာ ပက်ကေ့ချ်များနှင့်အတူ ဆုလက်ဆောင်များစွာကို ချီးမြှင့်ပေးသွား မည့် ကံစမ်းမဲ အစီအစဉ်ကို မိတ်ဆက်လို်က်သည်။
အဆိုပါ ဘောလုံးဒေတာအစီအစဉ်များကို ဝယ်ယူသုံးစွဲသူများအနေဖြင့် ရက် ၃၀ ကြာ သက်တမ်းရှိပြီး မူလ ဒေတာ စုဗူး ပက်ကေ့ချ်များထက် အပိုဆောင်း ဒေတာလက်ဆောင် ၂ ဂစ်ဂါဘိုက်အထိ ရရှိနိုင်သည့်အပြင် ၃၂ လက်မ ဆမ်ဆောင်း စမတ်တီဗွီများ ကံထူးရရှိနိုင်မည့် အခွင့်အရေးကိုလည်း ရရှိမည် ဖြစ်သည်။ အဆိုပါအထူးပရိုမိုးရှင်းမှာ ဇူလိုင်လ ၁၅ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ပြီး ထိုကာလအတွင်း မည်သည့် ဘောလုံးဒေတာပက်ကေ့ချ်ကိုမဆို ဝယ်ယူသူတိုင်း ကံစမ်းမဲအစီအစဉ်တွင် အလိုအလျောက် ပါဝင်နိုင်မည် ဖြစ်သည်။ အပတ်စဉ် စမတ်တီဗွီ လေးလုံးကို ကံထူးရှင်များထံ ချီးမြှင့်ပေးသွားမည် ဖြစ်ပြီး ပရိုမိုးရှင်း ကာလအတွင်း စုစုပေါင်း ဆမ်ဆောင်း စမတ်တီဗွီ ၁၆ လုံးတိတိ ချီးမြှင့်သွားမည် ဖြစ်သည်။
“နိုင်ငံတကာ ဘောလုံးပွဲစဉ်တွေကို မြန်မာနိုင်ငံမှာ အထူးနှစ်ခြိုက်အားပေးကြပြီး ဒီရက်ပိုင်းအတွင်း မြန်မာတစ်နိုင်ငံလုံး နေရာအနှံ့ အိမ်တွေမှာရော လက်ဘက်ရည်ဆိုင်တွေအပါအဝင် နေ့စဉ်လူမှုဘဝမှာ စိတ်ဝင်တစားနဲ့ အဓိကပြောဆို ဖြစ်ကြမယ့်အရာကလည်း ဘောလုံးအကြောင်းပဲဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် အခုလာမယ့် နိုင်ငံတကာ ဘောလုံး ပွဲစဉ်တွေကို တယ်လီနောသုံးစွဲသူတွေ အကောင်းဆုံးခံစားကြည့်ရှုနိုင်စေဖို့ ရည်ရွယ်ပြီး အထူးဘောလုံးဒေတာ ပက်ကေ့ချ်ကို ဖန်တီးလို်က်တာဖြစ်ပါတယ်။ သုံးစွဲတွေအနေနဲ့ အထူး ဘောလုံးဒေတာပက်ကေ့ချ်တွေကို ဝယ်ယူပြီး လက်ဆောင်ထည့်သွင်းထားပေးတဲ့ အပိုဆောင်းဒေတာတွေနဲ့ ဘောလုံးပွဲစဉ်တွေသာမက ကောက်နုတ်ပြသချက်တွေ၊ ပွဲစဉ်ရလဒ်တွေ၊ ကြိုက်နှစ်သက်ဆုံးအသင်းတွေရဲ့ နောက်ဆုံးရသတင်းတွေ ကြည့်ရှုပြီး မိတ်ဆွေ သူငယ်ချင်းတွေနဲ့ စိတ်တိုင်းကျ ကြည့်ရှုဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘောလုံးဒေတာ ပက်ကေ့ချ်ဝယ်ယူထားသူတွေအနေနဲ့ ဆမ်ဆောင်း စမတ်တီဗွီတွေကိုလည်း ကံစမ်းခွင့်လည်း ရရှိနိုင်မှာဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ အမြန်ဆန်ဆုံး မိုဘိုင်းကွန်ရက်ပေါ်မှာ အကြိုက်ဆုံးအားကစားပွဲတွေကိုကြည့်ရှုပြီး အကောင်းဆုံး အတွေ့အကြုံတွေကို ခံစားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု တယ်လီနော မြန်မာ၏ ဒေသဆိုင်ရာ စီးပွားရေးတာဝန်ခံ ဦးရေချမ်းက ပြောကြားသည်။
ဆုရွေးချယ်ရေးလုပ်ငန်းစဉ် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ပြင်ပစာရင်းစစ်အဖွဲ့အစည်းတစ်ခုက စောင့်ကြည့် ကြီးကြပ်မည်ဖြစ်သည်။ တယ်လီနော သုံးစွဲသူများအနေဖြင့် ၎င်းတို့ ကြိုက်နှစ်သက်ရာ ဒေတာပက်ကေ့ချ်များကို အောက် ဖော်ပြပါ ကုတ်နံပါတ်များထံ တိုက်ရိုက်ဖုန်းခေါ်ဆိုခြင်းဖြင့် ရယူနိုင်မည် ဖြစ်သည်။
ဘောလုံးဒေတာ ပမာဏ | ကျသင့်ငွေ (ကျပ်) | သက်တမ်း ရယူရန် | ဖုန်းခေါ်ဆိုရမည့် ကုတ်နံပါတ် |
၃၅၀ + ၅၀ မဂ္ဂါဘိုက် | ၆၉၉ | ရက် ၃၀ | *၉၇၉*၁၀၀*၁# |
၅၆၅ + ၁၀၀ မဂ္ဂါဘိုက် | ၈၉၉ | *၉၇၉*၁၀၀*၂# | |
၂ + ၀.၅ ဂစ်ဂါဘိုက် | ၃,၂၂၉ | *၉၇၉*၁၀၀*၃# | |
၄ + ၁ ဂစ်ဂါဘိုက် | ၆,၄၅၀ | *၉၇၉*၁၀၀*၄# | |
၇ + ၁.၅ ဂစ်ဂါဘိုက် | ၁၁,၂၉၉ | *၉၇၉*၁၀၀*၅# | |
၁၁ + ၂ ဂစ်ဂါဘိုက် | ၁၇,၇၄၉ | *၉၇၉*၁၀၀*၆# |
ထို့အပြင် တယ်လီနောအသုံးပြုသူများ အနေနှင့် ရက်သတ္တတစ်ပတ်လျှင် ၂၅၀ ကျပ်သာ ကျသင့်မည့် နောက်ဆုံးရ အားကစား သတင်း စာတိုဝန်ဆောင်မှုကိုလည်း ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုအား ဇွန်လ ၁၀ ရက်မှ ၂၀ ရက်နေ့အတွင်း ပထမဆုံးအကြိမ် ရယူသူများ အနေနှင့် ၇ ရက်ကြာ အခမဲ့ အသုံးပြုခွင့်ကိုလည်း ရရှိမည် ဖြစ်သည်။
တယ်လီနောသည် လက်ရှိတွင် ဆုတံဆိပ်များဆွတ်ခူးရရှိထားသည့် ၎င်း၏ 3G နှင့် 4G ကွန်ရက်များဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အသုံးပြုသူပေါင်း ၁၉ သန်းကျော်အား ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ နိုင်ငံတဝန်း ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈၀၀၀ ကျော်ဖြင့် မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့်အား လွှမ်းခြုံ ထားပြီးဖြစ်သကဲ့သို့ မြို့ကြီးနှင့် မြို့နယ်ပေါင်း ၁၄၀ ကျော်တွင် တယ်လီနော၏ 4G ကွန်ရက်ကို သုံးစွဲနိုင်နေပြီ ဖြစ်သည်။
မီဒီယာများဆက်သွယ်ရန်
ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : shweyinn.maroo@telenor.com.mm