Article

ဘားကမ့် (ပြည်) ၂၀၁၆ ကို တယ်လီနောက ပံ့ပိုး

22 July, 2016 - ရန်ကုန်

ဘားကမ့် (ပြည်) ၂၀၁၆ ကို ပြည်မြို့ အထက (၁) တွင် ဇူလိုင်လ ၁၆ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့ရာ တယ်လီနောမြန်မာက အဓိကပံ့ပိုးသည့်သူအဖြစ် ကူညီဆောင်ရွက် ပေးခဲ့ပါသည်။ တယ်လီနောအနေဖြင့် အိုင်စီတီနည်းပညာများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ တိုးတက်လာသော အင်တာနက် အသုံးပြုမှုများတွင် လူငယ်များ အကျိုးရှိရှိ အသုံးချနိုင်ရေးတို့ကို ရည်ရွယ်ပြီး ဘားကမ့်ကို အဓိကပ့ံပိုးပေးခဲ့ခြင်းဖြစ်ပါသည်။ ဘားကမ့် (ပြည်) ၂၀၁၆ ဖွင့်ပွဲအခမ်းအနားတွင် တယ်လီနောမှ မြန်မာနိုင်ငံတောင်ပိုင်းလုပ်ငန်းဆောင်ရွက်မှု တာဝန်ခံ ကိုနိုင်မျိုးမွန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့အပြင် တယ်လီနော မြန်မာ အွန်လိုင်းစျေးကွက်မြှင့်တင်ရေးတာဝန်ခံ ကိုသူရိန်အောင်နှင့် လူမှုအကျိုးပြု ဌာနမှ မစဝ်နန္ဒာဇော်တို့က လူမှုကွန်ရက်တွင် စျေးကွက်မြှင့်တင်မှု၊ လူမှုကွန်ရက်နှင့် အွန်လိုင်းကို ဘေးကင်းလုံခြုံစွာ အသုံးပြုမှု၊ တယ်လီနော၏ အလင်းအိမ် အိုင်စီတီ နည်းပညာ ဖွံ့ဖြိုးရေး စင်တာများအကြောင်း၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်သော app တစ်ခုဖြစ်သည့် MATE အကြောင်းများကို တက်ရောက်လာသည့်လူငယ်များအားပြန်လည်မျှဝေ ပြောကြားပေးခဲ့ပါသည်။

တယ်လီနောသည် ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်တို့တွင် ကျင်းပခဲ့သော ဘားကမ့်များကိုလည်း ပံ့ပိုးပေးခဲ့ပါသည်။ ယခုနှစ် ဘားကမ့်တွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ နိုင်ငံသားတိုင်း အတွက် အဓိက အကာအကွယ်ပေးနိုင်သော တရားဥပဒေများအား အသိပေးဟောပြောခြင်း၊ ကွန်ပျုတာနှင့် မိုဘိုင်း အဆင့်မြင့်နညး်ပညာပိုင်းဆိုင်ရာ သိကောင်းစရာများ ၊ လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်း စသည့် ကဏ္ဍများတွင် ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရပါသည်။

တယ်လီနော၏ လူထုအကျိုးပြုလုပ်ငန်းများ

အလင်းအိမ်စင်တာများနှင့် MATE အပလီကေးရှင်းတို့သည် တယ်လီနောက မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော လူမှှုအကျိုးပြုဆောင်ရွက်ချက် များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ အခြားဆောင်ရွက်ချက်များမှာ အခွင့်အလမ်း နည်းပါးသော လူငယ်များအတွက် ကျောင်းသင်ခန်းစာပြင်ပ ပညာရေးသင်ကြားပေးနေသော မြန်မာရွှေ့လျားပညာသင်ကြားရေး စီမံကိန်းနှင့် ဘေးအန္တရာယ် ကြောင့် ထိခိုက်နစ်နာသူများကို လူသားခြင်းစာနာမှုနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ အကူ အညီများ ထောက်ပံ့ ပေးအပ် သည့် အစီအစဉ်တို့ ပါ၀င်သည်။ ထို့ပြင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် မိဘမဲ့ ဂေဟာ များအပါအဝင် လူမှု အကျိုး စီးပွားဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်း များကို ထောက်ပံ့လှူဒါန်းရန် အထောက်အကူဖြစ် စေသည့် အထူး နံပါတ် လေလံပွဲများကိုလည်း ကျင်းပ ပြုလုပ်လျက် အကျိုးအမြတ်များကို လှူဒါန်းပေးနေပါသည်။

ရန်ကုန်
My Telenor