Press Release

ပြည်ပသို့ ပြည်တွင်းနှုန်းဖြင့် ဖုန်းဆက်နိုင်မည့် အသက်သာဆုံးနှုန်း ၀န်ဆောင်မှု အစီ အစဉ် မိတ်ဆက်

12 June, 2017 -

  • မြန်မာနိုင်ငံမှ တယ်လီနောအသုံးပြုသူများအနေနှင့် ထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံမှ မိသားစုများနှင့် သူငယ်ချင်းများ၏ dtac နှင့် digi ဖုန်းနံပါတ်များထံသို့ ၂၅ ကျပ်/မိနစ် နှုန်းထားဖြင့် ခေါ်ဆိုနိုင် 
  • ပြည်ပသို့ ဖုန်းခေါ်ဆိုရာတွင် ကျသင့်သည့် ပုံမှန်နှုန်းများထက် ၉၀% ခန့် သက်သာ

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) အသုံးပြုသူများအနေဖြင့် ထိုင်းနှင့် မလေးရှားနိုင်ငံများရှိ ၎င်းတို့၏ သူငယ်ချင်းများနှင့် မိသားစုများထံသို့ မြန်မာနိုင်ငံတွင်းမှ ခေါ်ဆိုမှုအတွက် ပြည်တွင်းနှုန်း ထားသာ ကျသင့်မည့် နိုင်ငံတကာ ဖုန်းခေါ်ဆိုမှု အထူးပရိုးမိုးရှင်း အစီအစဉ်တစ်ခုကိုပါ မိတ်ဆက်လိုက်ပါသည်။

ယခုအထူး ပရိုမိုးရှင်းအစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင်းရှိ တယ်လီနောသုံးစွဲသူများအနေဖြင့် ထိုင်းနိုင်ငံရှိ dtacနှင့် မလေးရှားရှိ digi ဖုန်းများသုံးစွဲသည့် မိတ်ဆွေများနှင့် မိသားစု၀င်များကို ပုံမှန်ပြည်တွင်းခေါ်ယူမှုနှုန်းနီးပါး ဖြစ်သော တစ်မိနစ် ၂၅ ကျပ် နှုန်းဖြင့် ခေါ်ယူနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် စာတိုပေးပို့မှုအတွက် sms တစ်စောင်လျှင် ၁၅ ကျပ်နှုန်းထားဖြင့် ပေးပို့နိုင်ပြီ ဖြစ်ပါသည်။ အဆိုပါ ၀န်ဆောင်မှု အား ရက် ၃၀ သက်တမ်းအတွက် တစ်ကြိမ် စာရင်းပေးသွင်းခ ၂၀၀ ကျပ်ဖြင့် ရယူ နိုင်ပါသည်။ စာရင်းပေးသွင်းရန်အတွက် တယ်လီနော အသုံးပြုသူများအနေနှင့် 500 သို့ CLIDD ဟု စာတိုပေးပို့ရယူနိုင် ပါသည်။ Prepaid အသုံးပြုသူများ အနေနှင့် *979*2*5*1# သို့ဆက်သွယ်၍လည်း စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။

“အခု မိတ်ဆက်လိုက်တဲ့ အထူးပရိုးမိုးရှင်း အစီအစဉ်ဟာ အဆန်းသစ်ဆုံးနဲ့ ဈေးနှုန်း အသက်သာဆုံး ဖုန်းခေါ်ဆို မှုတွေ၊ ဒေတာ ဝန်ဆောင်မှုတွေကို တယ်လီနော အသုံးပြုသူတွေ ရရှိနိုင်စေရမယ် ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ် တစ်စိတ် တစ်ပိုင်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ရယူပြီး တယ်လီနော သုံးစွဲသူတွေ အနေနဲ့ ထိုင်းနဲ့ မလေးရှားက မိတ်ဆွေတွေ မိသားစု၀င်တွေကို ပြည်တွင်းခေါ်ဆိုမှုနှုန်းထားနီးနီးနဲ့ ခေါ်ဆိုနိုင်ပါပြီ။ တယ်လီနောသုံးစွဲသူတွေအနေနဲ့ ထိုင်းနဲ့ မလေးရှားကို သွားရောက်လည်ပတ်ချိန်မှာလည်း ပြည်တွင်းကျသင့်နှုန်းနီးပါးနဲ့ အသံနဲ့ ဒေတာ ၀န်ဆောင်မှုတွေကို ရရှိဖို့ အစီအစဉ်ကို အစောပိုင်းကတည်းက မိတ်ဆက်ပြီး ဖြစ်ပါတယ်။ ဒီပရိုမိုးရှင်း အစီအစဉ်တွေနဲ့အတူ တယ်လီနော သုံးစွဲသူတွေအနေနဲ့ ပြည်ပနဲ့ ချိတ်ဆက်ပြောဆို ဒါမှမဟုတ် လည်ပတ်ချိန်တွေမှာ အမှန်တကယ် ပြည်တွင်းကဲ့သို့ ၀န်ဆောင်မှုတွေကို တွေ့ကြုံရရှိသုံးစွဲနိုင်ကြပြီလို့ ကျနော်တို့အနေနဲ့ ယုံကြည်ထား ပါတယ်” ဟု တယ်လီနောမြန်မာ၏ Marketing Officer ဖြစ်သူ Joslin Myrthong က ပြောကြားသည်။

ထိုင်းနှင့် မလေးရှားတို့သို့ မြန်မာနိုင်ငံတွင်းမှ ခေါ်ဆိုပါက ပုံမှန်ကျသင့်နှုန်းထားမှာ တစ်မိနစ် ၂၀၀ ကျပ်ဖြစ်ပြီး ယခု ပရို မိုးရှင်း အစီအစဉ်ကို ရယူပြီး ထိုင်းနှင့် မလေးရှားရှိ မိတ်ဆွေနှင့် မိသား၀င်များကို ခေါ်ဆိုပါက ပုံမှန်နှုန်းများထက် ၉၀% ခန့် သက်သာစေမည် ဖြစ်ပါသည်။

တယ်လီနော၏ TMIDD အစီအစဉ်ကို ရယူထားသူများ အနေဖြင့် ယင်းအစီအစဉ်ကုန်ဆုံးပြီးနောက်မှသာ ယခု ပရိုမိုးရှင်း အစီအစဉ်ကို ရယူနိုင်မည် ဖြစ်ပါသည်။ TMIDD မှာ တယ်လီနောသုံးစွဲသူများအတွက် ထိုင်းရှိ dtac နှင့် မလေးရှားရှိ digi အသုံးပြုသော မိတ်ဆွေနှင့် မိသား၀င်များကို ခေါ်ဆိုရန် ပြီးခဲ့သည့် ဒီဇင်ဘာလက မိတ်ဆက်ခဲ့သည့် အလားတူ ပရိုမိုးရှင်း အစီအစဉ်တစ်ခု ဖြစ်ပါသည်။

ထိုင်းနှင့် မလေးရှားတွင် ပြည်တွင်းနှုန်းဖြင့် အသုံးပြုနိုင်မည့် ၀န်ဆောင်မှု ပရိုမိုးရှင်း


ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ အလည်အပတ်သွားရောက်ကြသည့် မြန်မာနိုင်ငံသားများ အတွက် တစ်ကြိမ် စာရင်း ပေး သွင်းခ ၅၀၀ ကျပ်ကျသင့်မည့် အထူး ၀န်ဆောင်မှုတစ်ခုကို တယ်လီနောမြန်မာက ပြီးခဲ့သည့် ဒီဇင်ဘာလက မိတ်ဆက် ထားပြီး ဖြစ်ပြီး ယင်းအစီအစဉ်ကို တစ်ကြိမ်လျှင် စတင် စာရင်းသွင်းချိန်ကစကာ ၂၄ နာရီကြာ အသုံးပြုနိုင်မည် ဖြစ်ပါ သည်။ တယ်လီနောအသုံးပြုသူများအနေနှင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း ရောက်ရှိ နိုင်ငံ၏ မည်သည့်ပြည်တွင်းဖုန်းနံပါတ်ကိုမဆို ဖုန်းခေါ်ဆိုမှုများအား ၂၅ ကျပ်/မိနစ် နှုန်းနှင့် ပြုလုပ်နိုင်မည် ဖြစ်ပြီး (ဥပမာ အားဖြင့် ထိုင်းနိုင်ငံတွင် dtac၊ True နှင့် AIS, မလေးရှားနိုင်ငံတွင် MAXIS၊ Celcom နှင့် digi) မြန်မာနိုင်ငံမှ မည်သည့် ဖုန်းနံပါတ်ကိုမဆို ၁၅၀ ကျပ်/မိနစ် နှုန်းထားဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်သည်။ မည်သည့် အဝင်ဖုန်းလက်ခံမှုကိုမဆို ၅၀ ကျပ်/မိနစ် နှုန်းထားဖြင့် လက်ခံပြောဆိုနိုင်မည် ဖြစ်သည်။ ထို့အပြင် အသုံးပြုသူများ အနေနှင့် စာတိုပေးပို့မှုများအား sms တစ်စောင်လျှင် ၁၅ ကျပ်နှုန်းထားဖြင့် ပေးပို့နိုင်မည်ဖြစ်ပြီး အဝင်စာတို လက်ခံမှုများကိုမူ အခမဲ့လက်ခံနိုင်မည် ဖြစ်သည်။ အင်တာနက် ဒေတာအသုံးပြုခအနေနှင့် အလွန်သက်သာသည့်နှုန်းထားတစ်ခုဖြစ်သော ၈ ကျပ်/MB နှုန်းထားဖြင့် အသုံးပြု နိုင်ပါမည်။ စာရင်းပေးသွင်းရန်အတွက် ‘500’ သို့ TMROAM ဟုစာတို ပေးပို့ခြင်းဖြင့် ရယူနိုင်မည် ဖြစ်သည်။ အဆိုပါ ၀န်ဆောင်မှုအား My Telenor App မှလည်း စာရင်းပေးသွင်း ရယူနိုင်မည် ဖြစ်သည်။ ထို့အပြင် ကြိုတင်ငွေဖြည့် (prepaid) အသုံးပြုသူများအနေနှင့် *979*2*5*2# သို့ဆက်သွယ်၍လည်း စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။

တယ်လီနော၏ နိုင်ငံတကာ roaming ကွန်ရက်


ပိုမိုများပြားလာသည့် တယ်လီနော ဆင်းကတ် အသုံးပြုနိုင်သော နိုင်ငံများ၊ roaming မိတ်ဘက် မိုဘိုင်း အော်ပရေတာ များနှင့် အတူ တယ်လီနောသည် ၎င်း၏ အသုံးပြုသူများ ခရီးသွားလာနေစဉ်နှင့် နိုင်ငံတွင်း မှလည်း အခြား နိုင်ငံများရှိ မိသားစုများ၊ သူငယ်ချင်းများနှင့့် ဆက်သွယ်နိုင်ရန်အတွက် ရည်ရွယ်၍ လွယ်ကူသက်သာသော ဝန်ဆောင်မှု များကို ပေး အပ်လျက်ရှိသည်။ တယ်လီနော၏ 4G roaming ၀န်ဆောင်မှုကိုလည်း ထိုင်းနိုင်ငံတွင် ရရှိနေပြီ ဖြစ်ပြီး အခြားနိုင်ငံများ တွင်ပါ ရရှိစေရန် ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။ ယခုလက်ရှိတွင် တယ်လီနော သုံးစွဲသူများသည် နိုင်ငံပေါင်း ၁၀၃ နိုင်ငံရှိ မိတ်ဘက်ပေါင်း ၁၂၈ ခု၏ ကွန်ရက်ကို ယင်းနိုင်ငံများသို့ ရောက်ရှိပါက ချိတ်ဆက်အသုံးပြုနိုင်နေပြီ ဖြစ်ပြီး ပြည်ပ နိုင်ငံပေါင်း ၁၁၁ နိုင်ငံမှ မိတ်ဖက် ပေါင်း ၁၆၅ ခု ကို သုံးစွဲသူများသည် တယ်လီနော၏ မြန်မာနိုင်ငံရှိ ကွန်ရက်ကို ချိတ်ဆက် အသုံးပြုနိုင်နေပြီ ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

My Telenor