Press Release

ပြည်တွင်းနှုန်းဖြင့် ဖုန်းဆက်နိုင်မည့် ၀န်ဆောင်မှုနှင့် နှုန်းထားသက်သာသော နိုင်ငံ တကာ ဖုန်းခေါ်ဆိုမှု အထူး ပရိုမိုးရှင်း အစီအစဉ်များ စတင်

19 December, 2016 - Yangon

  • ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း တယ်လီနောသုံးစွဲသူများ အနေနှင့် ဖုန်းခေါ်ဆိုမှုအား ၂၅ကျပ်/မိနစ် နှင့် ဒေတာအသုံးပြုခြင်းအား ၈ကျပ်/မိနစ် နှုန်းထားများဖြင့် အသုံးပြုနိုင်
  • မြန်မာနိုင်ငံမှ တယ်လီနောအသုံးပြုသူများအနေနှင့် ထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံမှ မိသားစုများနှင့် သူငယ်ချင်းများ၏ dtac နှင့် digi ဖုန်းနံပါတ်များထံသို့ ၅၀ကျပ်/မိနစ် နှုန်းထားဖြင့် ခေါ်ဆိုနိုင်

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) အသုံးပြုသူများသည် ထိုင်းနှင့် မလေးရှားနိုင်ငံတွင်း တယ်လီနောကို အသုံးပြုပါက ယင်းနိုင်ငံ နှုန်းထားများခန့်သာ ကုန်ကျစေမည့် ၀န်ဆောင်မှုတစ်ခုနှင့် အတူ ယင်းနိုင်ငံများရှိ ၎င်းတို့၏ သူငယ်ချင်းများနှင့် မိသားစုများထံသို့ မြန်မာနိုင်ငံတွင်းမှ ခေါ်ဆိုမှုအတွက် နှုန်းထားချိုသာ သည့် နိုင်ငံတကာ ဖုန်းခေါ်ဆိုမှု အထူးပရိုးမိုးရှင်း အစီအစဉ်တစ်ခုကိုပါ မိတ်ဆက်လိုက်ပါသည်။

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ အလည်အပတ်သွားရောက်ကြသည့် မြန်မာနိုင်ငံသားများ အတွက် တစ်ကြိမ် စာရင်း ပေးသွင်းခ ၅၀၀ ကျပ်ကျသင့်မည့် အထူး ၀န်ဆောင်မှုတစ်ခုကို တယ်လီနောမြန်မာမှ မိတ်ဆက်လိုက်ပြီး တစ်ကြိမ်လျှင် စတင် စာရင်းသွင်းချိန်ကစကာ ၂၄ နာရီကြာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ တယ်လီနောအသုံးပြုသူများအနေနှင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း ရောက်ရှိနိုင်ငံ၏ မည်သည့်ပြည်တွင်းဖုန်းနံပါတ်ကိုမဆို ဖုန်းခေါ်ဆိုမှုများအား ၂၅ ကျပ်/မိနစ် နှုန်းနှင့် ပြုလုပ်နိုင်မည် ဖြစ်ပြီး (ဥပမာအားဖြင့် ထိုင်းနိုင်ငံတွင် dtac၊ True နှင့် AIS, မလေးရှားနိုင်ငံတွင် MAXIS၊ Celcom နှင့် digi) မြန်မာနိုင်ငံမှ မည်သည့်ဖုန်းနံပါတ်ကိုမဆို ၁၅၀ ကျပ်/မိနစ် နှုန်းထားဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်သည်။ မည်သည့် အဝင်ဖုန်းလက်ခံမှုကိုမဆို ၅၀ ကျပ်/မိနစ် နှုန်းထားဖြင့် လက်ခံပြောဆိုနိုင်မည် ဖြစ်သည်။ ထို့အပြင် အသုံးပြုသူများ အနေနှင့် စာတိုပေးပို့မှုများအား SMS တစ်စောင်လျှင် ၁၅ ကျပ်နှုန်းထားဖြင့် ပေးပို့နိုင်မည်ဖြစ်ပြီး အဝင်စာတို လက်ခံမှုများကိုမူ အခမဲ့လက်ခံနိုင်မည် ဖြစ်သည်။

အင်တာနက် ဒေတာအသုံးပြုခအနေနှင့် အလွန်သက်သာသည့်နှုန်းထားတစ်ခုဖြစ်သော ၈ ကျပ်/MB နှုန်းထားဖြင့် အသုံးပြု နိုင်ပါမည်။ စာရင်းပေးသွင်းရန်အတွက် ‘500’ သို့ TMROAM ဟုစာတို ပေးပို့ခြင်းဖြင့် ရယူနိုင်မည် ဖြစ်သည်။ အဆိုပါ ၀န်ဆောင်မှုအား My Telenor App မှလည်း စာရင်းပေးသွင်း ရယူနိုင်မည် ဖြစ်သည်။ ထို့အပြင် ကြိုတင်ငွေဖြည့် (prepaid) အသုံးပြုသူများအနေနှင့် *979*2*5*2# သို့ဆက်သွယ်၍လည်း စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံမှ တယ်လီနောအသုံးပြုသူများ သည် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံမှ dtac နှင့် digi အသုံးပြုသော ၎င်းတို့၏ မိသားစုများနှင့် သူငယ်ချင်းများထံသို့ ဆက်သွယ်နိုင်မည့် အခြားသော အထူးပရိုမိုးရှင်း အစီအစဉ်တစ်ရပ် ကိုလည်း တယ်လီနောက မိတ်ဆက်လိုက်ပါသည်။ အဆိုပါ ၀န်ဆောင်မှုအား ဝယ်ယူအားပေးသူများ အနေနှင့် ၎င်းတို့၏ မိသားစု များနှင့် သူငယ်ချင်းမိတ်ဆွေများ၏ dtac နှင့် digi ဖုန်းနံပါတ်များထံသို့ ၅၀ ကျပ်/မိနစ် နှုန်းထားဖြင့် ဖုန်းခေါ်ဆိုမှု ပြုလုပ် နိုင်ကာ စာတိုပေးပို့မှုများအား SMS တစ်စောင်လျှင် ၁၅ ကျပ်နှုန်းထားဖြင့် ပေးပို့နိုင်မည် ဖြစ်သည်။ အဆိုပါ ၀န်ဆောင်မှု အား ရက် ၃၀ အတွက် တစ်ကြိမ် စာရင်းပေးသွင်းခ ၁,၀၀၀ ကျပ်ဖြင့် ရယူနိုင်မည် ဖြစ်သည်။ စာရင်းပေးသွင်းရန်အတွက် တယ်လီနော အသုံးပြုသူများအနေနှင့် 500 သို့ TMIDD ဟု စာတိုပေးပို့ရမည် ဖြစ်သည်။ Prepaid အသုံးပြုသူများ အနေနှင့် *979*2*5*1# သို့ဆက်သွယ်၍လည်း စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။

“အခု မိတ်ဆက်လိုက်တဲ့ အထူးပရိုးမိုးရှင်း အစီအစဉ်တွေဟာ အဆန်းသစ်ဆုံးနဲ့ စျေးနှုန်း အသက်သာဆုံး ဖုန်းခေါ်ဆို မှုတွေ၊ ဒေတာ ဝန်ဆောင်မှုတွေကို တယ်လီနော အသုံးပြုသူတွေအနေနဲ့ မြန်မာနိုင်ငံ အပြင်ဘက် ရောက်ရှိနေသည့် တိုင်အောင် ရရှိနိုင်စေရမယ် ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ် တစ်စိတ်တစ်ပိုင်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ အခြားနိုင်ငံတွေကို သွားရောက်လည်ပတ်တဲ့ မြန်မာနိုင်ငံက ခရီးသွား အရေအတွက် တိုးမြင့် လာတာနဲ့အတူ ကျွန်တော်တို့ အခုမိတ်ဆက်လိုက်တဲ့ အစီအစဉ်ကနေပြီး အရည်အသွေးမြင့် roaming အတွေ့ အကြုံကို တယ်လီနော သုံးစွဲသူခရီးသွားတွေထံ ပေးအပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ စျေးနှုန်း အသက်သာဆုံး နိုင်ငံတကာ ဖုန်းခေါ်ဆိုမှု ဝန်ဆောင်မှု အသစ်ဟာ မြန်မာနိုင်ငံက သုံးစွဲသူတွေ အနေနဲ့ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေက သူတို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေဆီကို အချိန်မရွေး ဆက်သွယ်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ Marketing Officer ဖြစ်သူ Joslin Myrthong က ပြောကြားသည်။

ကြီးမား ကျယ်ပြန့်လျက်ရှိသည့် တယ်လီနော၏ နိုင်ငံတကာ roaming ကွန်ရက်

မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းနှင့်ပြည်နယ်များ၊ အထူးနယ်မြေများ အပြင် နယ်စွန်နယ်ဖျား ဒေသများတွင်ပါ ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ရ,၀၀၀ ကျော်ဖြင့် ၀န်ဆောင်မှု ပေးနေသည့့် တယ်လီနောသည် နိုင်ငံတစ်ဝန်းရှိ မြို့နယ်စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်း နီးပါးအား ကွန်ရက်လွှမ်းခြံုထားနိုင်သည့် “မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အမြန်ဆန်ဆုံး ကျယ်ပြန့်လာသည့် ဒေတာ ကွန်ရက်” ဖြစ်ပါသည်။ ပိုမိုများပြားလာသည့် တယ်လီနော ဆင်းကတ် အသုံးပြုနိုင်သော နိုင်ငံများ၊ roaming မိတ်ဘက် မိုဘိုင်းအော်ပရေတာများနှင့် အတူ တယ်လီနောသည် ၎င်း၏ အသုံးပြုသူများ ခရီးသွားလာနေစဉ်နှင့် နိုင်ငံတွင်း မှလည်း အခြား နိုင်ငံများရှိ မိသားစုများ၊ သူငယ်ချင်းများနှင့့် ဆက်သွယ်နိုင်ရန်အတွက် ရည်ရွယ်၍ လွယ်ကူသက်သာသော ဝန်ဆောင်မှု များကို ပေးအပ်လျက်ရှိသည်။ ယခုလက်ရှိတွင် တယ်လီနော သုံးစွဲသူများသည် နိုင်ငံပေါင်း ၁၀၃ နိုင်ငံရှိ မိတ်ဘက်ပေါင်း ၁၂၈ ခု၏ ကွန်ရက်ကို ယင်းနိုင်ငံများသို့ ရောက်ရှိပါက ချိတ်ဆက်အသုံးပြုနိုင်နေပြီ ဖြစ်ပြီး ပြည်ပ နိုင်ငံပေါင်း ၁၁၁ နိုင်ငံမှ မိတ်ဖက်ပေါင်း ၁၆၅ ခု ကို သုံးစွဲသူများသည် တယ်လီနော၏ မြန်မာနိုင်ငံရှိ ကွန်ရက်ကို ချိတ်ဆက် အသုံးပြုနိုင်နေပြီ ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ 
တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor