Press Release

ပြည်တွင်းနှင့် လိုက်လျောညီထွေရှိစေမည့် အတွေ့အကြုံကောင်းများအတွက် တယ်လီနောနှင့် Garena တို့လက်တွဲ၍ Free Fire ကို မြန်မာကစားသမားများထံသို့ ဆောင်ကြဉ်း

30 July, 2020 - Yangon

  • လူကိုယ်တိုင် ပါဝင်ဆင်နွှဲရသည့် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို ခေတ္တရပ်ဆိုင်းထားခဲ့ကြသည့်အတွက် လွန်ခဲ့သောလများတွင်း Esports နှင့် ဂိမ်းများ ယခင်ထက် ပိုမိုရေပန်းစားလာ

  • ပြည်တွင်းကစားသမားများနှင့် ကိုက်ညီသည့် မိုဘိုင်း battle royale အမျိုးအစား ကစားမှု အတွေ့အကြုံ ကို Free Fire မှတစ်ဆင့် ပေးစွမ်းနိုင်ရန် တယ်လီနောမြန်မာက Garena နှင့် လက်တွဲ
  • မြန်မာနိုင်ငံတွင်း အကောင်းဆုံး ဒေတာကွန်ရက်ဖြစ်သည့် တယ်လီနော၏ 4GSuperLTE+ ကွန်ရက် သည် သုံးစွဲသူများအတွက် အကောင်းမွန်ဆုံး ဂိမ်းကစားခြင်းအတွေ့အကြုံကို ပေးအပ်လျက်ရှိ

ဇူလိုင်လ ၃၀ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ ရန်ကုန်။           ။ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသော မြန်မာ့ Esports အားကစားကို အထောက်အပံ့ပေးနိုင်ရန် တယ်လီနောမြန်မာသည် Garena အပြင် ၎င်း၏ နာမည်ကျော် မိုဘိုင်း ဂိမ်း Free Fire နှင့် ‌ယနေ့မှစ၍ လက်တွဲပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်သည်။ Garena မှ ရေးဆွဲမိတ်ဆက်ထား သည့် Free Fire ဂိမ်းသည် ၂၀၁၉ ခုနှစ်တွင်း ကမ္ဘာတစ်ဝှမ်း ဒေါင်းလုဒ်ရယူအသုံးပြုမှု အများဆုံး မိုဘိုင်းဂိမ်း ဖြစ်သည်။ အဆိုပါပူးပေါင်းမှုသည် မြန်မာနိုင်ငံတွင်း ဂိမ်းကစားသူများအတွက် လိုက်လျောညီထွေဖြစ်စေရန် စီမံ ထားသည့် မိုဘိုင်း battle royale အမျိုးအစား ကစားမှုအတွေ့အကြုံကို ပေးစွမ်းသွားမည်ဖြစ်သည်။

Battle royale ဂိမ်းအမျိုးအစားဖြစ်သည့် Free Fire ကို ကစားသူများအနေနှင့် မိုဘိုင်းဖုန်း မော်ဒယ်အားလုံး နီးပါးပေါ်တွင် နှစ်ခြိုက်စွာ ဆော့ကစားနိုင်စေရန် ရည်ရွယ်ဖန်တီးထုတ်လုပ်ထားပြီး ဖုန်း၏ စွမ်းဆောင်အားနှင့် ဒေတာစားသက်သာသည့်အပြင် မိုဘိုင်းဖုန်းတွင် နေရာယူမှုနည်းပါးသည့် မိုဘိုင်း battle royale ဂိမ်းကစားမှု အတွေ့အကြုံကောင်းများကို ရရှိမည်ဖြစ်သည်။ Free Fire ကစားသူများအနေနှင့် မိမိစိတ်ကြိုက်ရွေးချယ်မှု အပေါ်မူတည်၍ ဂိမ်းတွင်း အသစ်သစ်သော တီထွင်ဆန်းသစ်ထားမှုများကို အမြဲရယူအသုံးပြုနိုင်မည်ဖြစ်သည်။

"တယ်လီနောရဲ့ မြန်မာ့အကောင်းဆုံး ဒေတာကွန်ရက်ဖြစ်တဲ့ 4GSuperLTE+ ဟာ သုံးစွဲသူအားလုံးအတွက် ဂိမ်းကစားမှုဆိုင်ရာ အကောင်းမွန်ဆုံး ဒေတာသုံးစွဲမှုအတွေ့အကြုံကို ပေးအပ်လျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ကွန်ရက်ပေါ်မှာ ဂိမ်းကစားကြတဲ့ သုံးစွဲသူအရေအတွက်ဟာ တစ်နှစ်ထက်တစ်နှစ် သိသိသာသာ တိုးတက်လျက် ရှိပြီး အနာဂတ်မှာလည်း ဒီထက်မက ပိုမိုတိုးတက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ တယ်လီနော မြန်မာအနေနဲ့ Free Fire နဲ့ အနီးကပ်လက်တွဲပြီး မြန်မာကစားသမားတွေအတွက် ပြိုင်ပွဲတွေနဲ့ အခြားသော စိတ်လှုပ်ရှားဖွယ် အစီအစဉ်တွေကို ယူဆောင်လာပါမယ်။" ဟု တယ်လီနော၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Amaresh Kumar မှ ပြောကြားခဲ့ သည်။

Niko Partners မှ ထုတ်ပြန်ထားသော စစ်တမ်းများအရ ကမ္ဘာတစ်ဝှမ်းလုံးတွင် စမတ်ဖုန်းသုံးစွဲသူပေါင်း သန်းတစ်ထောင်၏ ထက်ဝက်ကျော်ခန့်ရှိပြီး ၂၀၂၃ ခုနှစ်တွင် ၆၂၈ သန်း အထိ တိုးတက်လာမည်ဟု ခန့်မှန်းရရှိ သည်။ ယေဘုယျအားဖြင့် စမတ်ဖုန်းသုံးစွဲသူအားလုံး၏ ၄၀% ခန့်သည် မိုဘိုင်းဂိမ်းကစားလေ့ရှိကြသည်။ ထို့အပြင် Newzoo ၏ စစ်တမ်းများအရ Esports အားကစားကဏ္ဍဝင်ငွေသည် ၂၀၂၀ ပြည့်နှစ်တွင် ပထမဦး ဆုံးအကြိမ်အဖြစ် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကို ကျော်လွန်သွားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာမြင့်တက်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း တယ်လီနောမြန်မာ စတင်ဝင်ရောက်လာသည့် ၂၀၁၄ ခုနှစ်ကတည်းက တစ်နှစ်ထက် တစ်နှစ် ပိုမိုကောင်းမွန်လာသည့် မိုဘိုင်းနှင့် အင်တာနက်ကွန်ရက်ဖြန့်ကြက် မှုနှင့်အတူ Esports နှင့် ဂိမ်းနယ်ပယ်သည်လည်း တိုးတက်ကျယ်ပြန့်လာလျက်ရှိပါသည်။ လူကိုယ်တိုင် ပါဝင် ဆင်နွှဲရသည့် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို ခေတ္တရပ်ဆိုင်းထားရသည့်အတွက် လွန်ခဲ့သောလများအတွင်း ကမ္ဘာတစ်ဝှမ်း Esports နှင့် ဂိမ်းကစားမှုမှာ ပိုမိုရေပန်းစားလာခဲ့သည်။

"Esports ဟာ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာပါ အလျင်အမြန်နဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ အရာတစ်ခုပါ။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ အကန့်အသတ်ရှိလာတဲ့အခါ ဖျော်ဖြေရေးအတွက် ရွေးချယ်စရာတွေ နည်းပါးသွားပါတယ်။ ပုံမှန်အားကစားပွဲတွေ ရပ်နားထားရတဲ့အတွက် Esports က ယခုအခါ ကျွန်တော်တို့အားလုံးအတွက် ရွေးချယ်စရာဖြစ်လာပါတယ်။ အခုလို Garena နဲ့ လက်တွဲလိုက်သလို တယ်လီနော မြန်မာက မတူညီတဲ့ သုံးစွဲသူအမျိုးမျိုးအတွက် ရည်ရွယ်ပြီး ထူးခြားဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေကို အမြဲပံ့ပိုးပေး လျက်ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက ကစားသူတွေအနေနဲ့ ဒီလိုပျော်စရာတွေနဲ့ ပြည့်နှက်နေတဲ့ မိုဘိုင်းဂိမ်းကို အပန်းဖြေစရာ တစ်ခုအဖြစ် နှစ်ခြိုက်မယ်လို့ မျှော်လင့်ပါတယ်။" ဟု Kumar မှ ဖြည့်စွက်ပြောကြားခဲ့သည်။

မြန်မာ Esports ကဏ္ဍကို ပံ့ပိုးကူညီပေးခြင်းအပြင် တယ်လီနောမြန်မာသည် သုံးစွဲသူများ၏ ဘဝများကို ပိုမိုအ ဆင်ပြေစေမည့်ရည်ရွယ်ချက်ဖြင့် အခြားသော ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ပြီးပြည့်စုံ အောင် အသုံးပြုနိုင်သည့် MyTelenor အက်ပလီကေးရှင်းမှတစ်ဆင့် ဖြည့်စွမ်းပေးလျက်ရှိပါသည်။ ထို့အပြင်   မကြာသေးမီကလည်း တယ်လီနောမြန်မာသည် သုံးစွဲသူများနှင့် မိတ်ဖက်များကို ကျေးဇူးတုံ့ပြန်နိုင်ရန် ကျပ်သန်း ပေါင်းများစွာ တန်ဖိုးရှိ KIA Picanto ကားအသစ်၊ Honda Scoopy မော်တော်ဆိုင်ကယ်များ၊ iPhone 11 များ၊ iPad များ၊ ဒေတာနှင့် အပိုဆောင်းဖုန်းဘေလ်များစသည့် ဆုမဲများကို အပတ်စဉ်၊ လစဉ် ကံထူးခွင့်ပေးအပ်သွား မည့် တုံ့ပြန်ကျေးဇူး ဆုတွေမြူး အစီအစဉ်ကို မိတ်ဆက်ခဲ့သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင် မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတစ်ဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူများထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများ အနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတစ်ဆင့် လူ့ အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှုပေး လျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှု နိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share