Press Release

ပညာရေးကဏ္ဍတွင် မညီမျှမှုများအား လျော့နည်းစေရေး အတွက်ကျောင်းသား၊ ကျောင်းသူ ၁၀၀,၀၀၀ ကို ဒစ်ဂျစ်တယ်ဆိုင်ရာအသိပညာရပ်သင်တန်းများ သင်ကြားပို့ချပေး

10 February, 2020 - Nay Pyi Taw

  • အွန်လိုင်းလုံခြုံဘေးကင်းစွာ အသုံးပြုနိုင်ရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာ၏ ‌အကောင်းမွန်ဆုံးသော အကျိုးကျေးဇူးများ ခံစားနိုင်ရေးအတွက် တယ်လီနော၏ ဒစ်ဂျစ်တယ်ဆိုင်ရာအသိပညာရပ် သင်တန်း မှ ကျောင်းသား၊ ကျောင်းသူ ၁၀၀,၀၀၀ ကို ဒစ်ဂျစ်တယ်သင်တန်းများ သင်ကြား ပို့ချပေး နိုင်ခဲ့
  • ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှ ချမှတ်ထားသည့် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် ၁ဝ ဖြစ် သည့် မညီမျှမှုများလျှော့ရေးနည်းရေးနှင့်အညီ ယခုစီမံကိန်းအား ပြည်တွင်း၊ ပြည်ပမိတ်ဖက်များနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိ

။ မြန်မာနိုင်ငံအနှံ့မှ ကျောင်းသား၊ ကျောင်းသူ ၁၀၀,၀၀၀ သည် ဒစ်ဂျစ်တယ်ဆိုင်ရာအသိပညာရပ်သင်တန်းများကို တယ်လီနောမြန်မာ၏ ဒစ်ဂျစ်တယ်နည်းပညာသင်တန်းမှ ရရှိခဲ့သည်။ စီမံကိန်းအောင်မြင်စွာ ဖြစ်ပေါ်လာရန်အတွက် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအပြင် မိတ်ဖက်များဖြစ်ကြသော ပလန်အင်တာနေရှင်နယ် (Plan International)၊ KMD၊ Myanmar ICT for Development (MIDO) နှင့် Irrawaddy Green Tower (IGT) တို့မှ တက်ကြွစွာ ဝိုင်းဝန်းပံ့ပိုးကူညီခဲ့ ကြသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် စတင်အကောင်အထည်ဖော်ခဲ့သော တယ်လီနောမြန်မာ၏ ဒစ်ဂျစ်တယ် နည်းပညာသင်တန်း စီမံကိန်းသည် ကွန်ပျူတာအခြေခံအသုံးပြုနိုင်ပြီး အွန်လိုင်းကို ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ခြင်းဖြင့် ခေတ်မီပညာရေးကို လက်လှမ်းရာတွင် မညီမျှမှုများကို လျှော့နည်းနိုင်ရန် ရည်ရွယ်လုပ် ဆောင်ခြင်းဖြစ်ပြီး တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံတဝန်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၀၀,၀၀၀ အား သင်ကြားပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတဝန်းရှိ KMD နှင့် တယ်လီနော အလင်းအိမ်စင်တာများရှိ ကွန်ပျူတာ စာသင်ခန်း ၁၇၀ တွင် ကျွမ်းကျင်သူများမှ Microsoft Word၊ Excel၊ PowerPoint၊ Search Engine၊ အီးမေးလ်အသုံးပြုနည်းနှင့် အင်တာနက်အား ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်မည့် နည်းလမ်းများကို သင်ကြား ပေးခဲ့သည်။

“ကျွန်တောတို့အားလုံးရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ ပညာရေးမှာ မညီမျှမှုတွေ လျှော့နည်းရေးကို ဝိုင်းဝန်းပံ့ပိုး၊ အကောင်အထည်ဖော်ပေးကြတဲ့ ပညာရေးဝန်ကြီးဌာနနဲ့ မိတ်ဖက်တွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါ တယ်။  ပညာရေးဝန်ကြီးဌာန၊ ပလန်အင်တာနေရှင်နယ်နဲ့ ပူးပေါင်းပြီး ဒစ်ဂျစ်တယ်နည်းပညာ၊ ဘေးကင်း သည့် အွန်လိုင်းအသုံးပြုမှုနှင့် ကျင်လည်မှုစီမံကိန်းကို ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားနိုင်တဲ့အတွက် လည်း တကယ့်ကို ကျေနပ်မိပါတယ်။ ကမ္ဘာ့နိုင်ငံအနှံ့မှာရှိတဲ့ လူငယ်တွေဟာ အင်တာနက်နဲ့ တနည်းတဖုံ ထိတွေ့နေရမှာဖြစ်ပြီး သူတို့အတွက် ဒစ်ဂျစ်တယ်နည်းပညာနဲ့ အကျွမ်းတဝင်ရှိဖို့ လိုအပ်တယ်လို့ ယုံကြည် ထားပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာသင်တန်းစီမံကိန်းရဲ့ ရလဒ်ကောင်းတွေကို မျက်ဝါးထင်ထင် မြင်တွေ့နေ ရသလို သိပ်မကြာတော့တဲ့ အနာဂတ်မှာ အမျိုးသားသင်ရိုးညွှန်တမ်းထဲမှာ ထည့်သွင်းသွားနိုင်ဖို့ ပူးပေါင်း လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။" ဟု တယ်လီနောမြန်မာ၏ ယာယီအမှုဆောင် အရာရှိချုပ် ဖြစ်သူ Hans Martin Hoegh Henrichsen မှ ပြောကြားခဲ့သည်။

“ပလန်မြန်မာအနေနဲ့ အခုလို ကလေးတွေနဲ့ လူငယ်တွေကို ဒစ်ဂျစ်တယ်ကမ္ဘာနဲ့ ပေါင်းကူးပေးတဲ့နေရာမှာ  သူတို့ကိုယ် သူတို့ကာကွယ်ဖို့ လိုအပ်တဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာအသိပညာရပ်တွေကို သင်ကြားပေးပြီး ၂၁ ရာစုမှာ သူတို့လေးတွေရဲ့အသိပညာဖွံ့ဖြိုးတိုးတက်ကြီးပွားအောင်စွမ်းဆောင်ပေးနေတဲ့ အဖွဲ့အစည်းနှင့်အတူ ပူးပေါင်း ဆောင်ရွက်နိုင်မှာြဖစ်တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့ဟာအခုဆိုရင် အားလုံးစုပေါင်းပြီး အွန်လိုင်းနှင့် အများပြည်သူဆိုင်ရာနေရာတွေမှာ လူငယ်တွေနဲ့ ကလေးငယ်တွေအတွက် လုံခြုံစိတ်ချရတဲ့ နေရာတွေကို ဖန်တီးပေးနေပါတယ်။” ဟု ပလန်မြန်မာ၏ ဌာနေညွှန်ကြားရေးမှူး Kelland Stevenson မှ ပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် တယ်လီနောမြန်မာနှင့် ပလန်အင်တာနေရှင်နယ်တို့သည် ဒစ်ဂျစ် တယ်နည်းပညာ၊ ဘေးကင်းသည့်အွန်လိုင်းအသုံးပြုမှုနှင့် ကျင်လည်မှုစီမံကိန်းကို ယမန်နှစ်က နေပြည်တော် တွင် စတင်ဆောင်ရွက်ခဲ့သည်။ အဆိုပါစီမံကိန်းသည် တယ်လီနောမြန်မာ၏ ကောင်းမွန်သော ရလဒ်များရရှိ ထားသည့် ဘေးကင်းသည့်အင်တာနက် အသုံးပြုမှုအစီအစဉ်နှင့် ဒစ်ဂျစ်တယ်နည်းပညာ သင်တန်းကဲ့သို့သော အစီအစဉ်များပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ ဒစ်ဂျစ်တယ်မြန်မာခေတ်တွင် မျိုးဆက်သစ်လူငယ်များ အဆင်သင့်ဖြစ်စေရန်အလို့ငှာ အွန်လိုင်းကို အသုံးပြုရာတွင် ဘေးကင်းလုံခြုံစွာ အသုံးပြုရေးဆိုင်ရာ ဒစ်ဂျစ် တယ်သင်ရိုးများကို အမျိုးသားသင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းပေးနိုင်ရန် ပညာရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် တယ်လီနောမြန်မာနှင့် ပလန်အင်တာနေရှင်နယ်တို့သည် အတူတကွ ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်သည်။

Plan International နှင့် တယ်လီနောလုပ်ငန်းစုသည် ၃ နှစ်တာ ကမ္ဘာအဝှန်း မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရန်  သဘောတူညီမှုတွင်  မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံဖြစ်ကြောင်းကို ၂၀၁၈ ခုနှစ် စက်တင်ဘာ လတွင် နယူးယောက်မြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကြေညာခဲ့သည်။ အဆိုပါ သဘောတူညီမှု၏ ပန်းတိုင်မှာ ဒစ်ဂျစ်တယ် နည်းပညာ၊ မိုဘိုင်းဆက်သွယ်ရေးနှင့် အင်တာနက်တို့ကို အသုံးပြုရာတွင်  မညီမျှမှုများ လျှော့နည်းနိုင်ရန်နှင့် လူငယ်များအကြား ဒစ်ဂျစ်တယ်အနာဂတ်အတွက် လိုအပ် သော အခြေခံအုတ်မြစ်များ ဖန်တီးတည်ဆောက်ပေးရာတွင် ပိုမိုအဓိကထား လုပ်ဆောင်ရန်ဖြစ်သည်။

တယ်လီနောမြန်မာသည်လုပ်ငန်းစတင်ဆောင်ရွက်သည့် ၂၀၁၄ ခုနှစ် မှစ၍ လူမှုအကျိုးပြုစီမံကိန်း (၁၁) ခု အားလုပ်ကိုင်ပေးခဲ့ပြီးဖြစ်သည်။ ၎င်းတို့အနက် ဒစ်ဂျစ်တယ်နည်းပညာနှင့် ဘေးကင်းသောအင်တာနက် စီမံကိန်းအပါအဝင် အခြားလူမှုအကျိုးပြုစီမံကိန်းများလည်းပါဝင်ပြီး စီမံကိန်းများမှတဆင့် လူပေါင်း (၁) သန်းကျော်ကို ယနေ့အချိန်တွင် အကျိုးဖြစ်ထွန်းစေခဲ့ပြီးဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိ ကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၂၂ သန်းကျော်ထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာအကြောင်း ပိုမိုသိရှိလိုပါကhttps://www.telenor.com.mm  တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်း အော်ပရေတာများ အနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတဆင့် လူ့အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကြာတယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။ တယ်လီနော လုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက် ကြည့်ရှု နိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေးဌာန
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေးဌာန
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Nay Pyi Taw
My Account
Live Chat
Share Share