09 April, 2018 - Yangon
မြန်မာနှစ်သစ်ကူးကို တယ်လီနောသုံးစွဲသူများနှင့်အတူ ကြိုဆိုသည့် အနေဖြင့် သုံးစွဲသူများ ကိုယ်တိုင် မိမိတို့အသုံးပြုလိုသော ပမာဏအပေါ်မူတည်ပြီး ပက်ကေ့ချ်များကို ဖန်တီးရယူ အသုံးပြုနိုင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော မိုဘိုင်း အပလီကေးရှင်း (app) Telenor FlexiPlan ကို တယ်လီနောက မိတ်ဆက်လိုက်ပြီဖြစ်သည်။
တယ်လီနော ကြိုတင်ငွေဖြည့်စနစ်သုံး ဖုန်းသုံးစွဲသူများအနေဖြင့် မိမိ သုံးစွဲလိုသည့်ပမာဏအတိုင်း ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှု၊ အင်တာနက်အသုံးပြုမှုနှင့် သုံးစွဲနိုင်သော သက်တမ်းတို့ကို ကိုယ်တိုင် ချိန်ဆရွေးချယ်ပြီး မိမိနှင့် အသင့်တော်ဆုံး ပက်ကေ့ချ်ကို ဖန်တီးအသုံးပြုနိုင်ရန်ရည်ရွယ်ပြီး Telenor FlexiPlan အပလီကေးရှင်းကို ရေးဆွဲထားခြင်း ဖြစ်သည်။ ထို့အပြင် အသုံးပြုသူများအနေဖြင့် အခြေခံစျေးနှုန်းများနှင့် ယှဉ်လျှင် လျှော့စျေး ၈၀% ထိ ခံစားခွင့်ရရှိနိုင်ပြီး အခြားအသုံးပြုသူများ ကိုလည်း ဒေတာပက်ကေ့ချ် လက်ဆောင်များ ပေးအပ်နိုင်မည့် လုပ်ဆောင်ချက်အသစ်လည်း ပါဝင်သည်။
“ပျော်စရာကောင်းလှတဲ့ သင်္ကြန်ပွဲတော်လည်း နီးလာတဲ့အလျောက် တယ်လီနောရဲ့ ဝန်ဆောင်မှုတွေ ကို သုံးစွဲသူတွေအားလုံး အကျိုးရှိရှိနဲ့ အားရပါးရ အသုံးပြုနိုင်စေဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ တယ်လီနောသုံးစွဲသူတွေမှာ ဝန်ဆောင်မှုတွေကို သုံးစွဲတဲ့ ပုံစံအမျိုးမျိုးရှိကြတဲ့အတွက် မိမိစိတ်ကြိုက် ပြင်ဆင်ပြောင်းလဲနိုင်မယ့် ဒီမိုဘိုင်း အပလီကေးရှင်းအသစ် Telenor FlexiPlan ကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီ Telenor FlexiPlan ကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့အနေနဲ့ တယ်လီနော သုံးစွဲသူ တွေ အကောင်းဆုံးအတွေ့အကြုံကို ခံစားရရှိနိုင်ဖို့အတွက် ဝန်ဆောင်မှုတွေ တိုးတက်လာအောင် ဘယ်လောက်ဆက်လက်ကြိုးပမ်းနေသလဲဆိုတာ အထင်အရှား သိနိုင်တယ်လို့ ယုံကြည်မိပါတယ်” ဟု တယ်လီနောမြန်မာ၏ စျေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong က ပြောကြားသည်။
ယခုကဲ့သို့သော အပလီကေးရှင်းအမျိုးအစားတွင် မြန်မာ့ပထမဆုံးဖြစ်သည့် Telenor FlexiPlan ကို Google Play Store ၊ App Store နှင့် web-link တို့တွင် ရယူနိုင်မည်ဖြစ်ပြီး အပလီကေးရှင်းကို download ရယူရာတွင် လည်းကောင်း၊ ပက်ကေ့ချ်များကို ဖန်တီးပြုလုပ်နေချိန်တွင်လည်းကောင်း ဒေတာအသုံးပြုမှုမှာ အခမဲ့ဖြစ်သည်။ အပလီကေးရှင်းမှ ဝယ်ယူထားသော စာတိုပို့ အသုုံးပြုမှုသည် တယ်လီနောအချင်းချင်းအတွက်သာဖြစ်ပြီး ပက်ကေ့ချ်သက်တမ်း ကုန်ဆုံးသည့်နောက်တွင်လည်း ထပ်မံသက်တမ်းတိုးရန်လိုအပ်သည်။
ကမ္ဘာ့ထိပ်တန်း အင်တာနက် စမ်းသပ်သည့် Ookla က တယ်လီနောအား ၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ အမြန်ဆုံး 4G မိုဘိုင်းကွန်ရက်အဖြစ် အသိအမှတ်ပြုကာ လွန်ခဲ့သော ရက်သတ္တပတ်က ချီးမြှင့်ခဲ့သည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတဝန်းရှိ အသုံးပြုသူ ၁၉ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပြီး မြို့ကြီး မြို့ငယ် ၁၃၀ ကျော်ကို မြန်မာနိုင်ငံ၏ အမြန်ဆုံး ဆုတံဆိပ်ရ 4G ကွန်ရက် အောင်မြင်စွာ လွှမ်းခြုံထားနိုင်ခဲ့ပြီ ဖြစ်သည်။
မီဒီယာများဆက်သွယ်ရန်
အဲလက်စ် ညီညီအောင်
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm