နေ့စဉ်လူမှုဘ၀အတွက် WowBox app သုံးစွဲသူ ၂ သန်းကျော် ပြည့်မြောက်

28 December, 2017 - Yangon

စဉ်လူမှုဘ၀အတွက် ရည်ရွယ် ထုတ်လုပ်ထားသော တယ်လီနော မြန်မာ၏ WowBox app ကို စတင်မိတ်ဆက်ချိန်မှ ၉ လအတွင်း အသုံးပြုသူ အရေအတွက် ၂ သန်းကျော်သွားပြီ ဖြစ်ကာ ယင်း အပလီကေးရှင်းမှာ ဂူဂဲပလေးစတိုး၏ နံပါတ် ၁ နေ့စဉ်လူမှုဘ၀အတွက် အပလီကေးရှင်း ဖြစ်လာခဲ့ပြီ ဖြစ်ပါသည်။

“မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် ခေတ်သစ်က လျှင်လျှင်မြန်မြန်နဲ့ ဖွံ့ဖြိုးလာနေပြီး သုံးစွဲသူတွေရဲ့ နေ့စဉ် ဒစ်ဂျစ်တယ် လူနေမှု ဘ၀ကို ပိုမိုကောင်းမွန်စေမဲ့ WowBox က ပေးအပ်နေတဲ့ ၀န်ဆောင်မှုတွေလိုမျိုးကို လိုအပ်မှုတွေ ပိုမိုများပြားလာနေတာ ဖြစ်ပါတယ်။ WowBox ဟာ ယခုနှစ် အစောပိုင်း အကြိုမိတ်ဆက်စဉ်ကာလကတည်းက လူကြိုက်များခဲ့တာဖြစ်ပြီး တစ်နှစ် တောင် မပြည့်သေးတဲ့အချိန်မှာ အခုလို အသုံးပြုသူ အရေအတွက်ကို ရရှိလာခဲ့တဲ့အတွက် ၀မ်းမြောက်မိပါတယ်။ မြန်မာဘာသာနဲ့ ရေးသားထားပြီး ပြည်တွင်းနဲဲဲ့ အထူးသီးသန့် ကိုက်ညီမဲ့ နေ့စဉ်လူမှုဘ၀ဆိုင်ရာ အကြောင်းအရာတွေကို မိတ်ဆက် တင်ပြနိုင်ခြင်းက သုံးစွဲသူ တွေနဲ့ ပိုမိုထိတွေ့မှု ရှိစေသလို မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံး Lifestyle app တစ်ခု ဖြစ်လာစေခဲ့တာပါ။ သုံးစွဲသူ တွေ အကောင်းဆုံး အင်တာနက် အသုံးပြုမှု အတွေ့အကြုံတွေရရှိအောင် တယ်လီနောရဲ့ ကွန်ရက်ကို ဆက်လက် မွမ်းမံ လျက် ရှိနေတာမို့ အသုံးပြုသူအရေအတွက် ခိုင်ခိုင်မာမာ တိုးပွားမှုနဲ့အတူ လက်ရှိ ဦးဆောင်မှုအနေအထားကိုပါ ဆက် လက် ထိန်းသိမ်းထားနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်” ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong က ပြောကြားသည်။

တယ်လီနောသည် WowBox ကို မြန်မာနိုင်ငံတွင် ယခုနှစ် မတ်လက တရား၀င် မိတ်ဆက်ခဲ့ပါသည်။ အဆိုပါ app အသုံး ပြုရန်မှာ အခမဲ့ဖြစ်ပြီး ပြည်တွင်းမှအကြောင်းအရာများ၊ ပြိုင်ပွဲ အစီ အစဉ်များနှင့် အနုပညာသတင်းများကို တစ်နေရာ တည်းတွင် ရယူကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ အသုံးပြုသူများသည် ယခု app မှတစ်ဆင့် ပြည်တွင်း သတင်းများ၊ ဖျော်ဖြေမှုအစီအစဉ်များကို အချိန်နှင့် တစ်ပြေးညီ သိရှိဖတ်ရှုနိုင်ပါမည်။ ထို့ပြင် 90 Minutes၊ Mobile Guide၊ Net Guide နှင့် Doctor Myanmar အပါအ၀င် ပြည်တွင်း ထိပ်တန်း သတင်း မီဒီယာများဖြင့် ပူးပေါင်းပြီး နေ့စဉ် သတင်းဦး များကို ဖော်ပြလျက် ရှိပါသည်။ ယခု အပလီကေးရှင်းတွင် ပါရှိသည့် လူကြိုက်များသော အခြားအကြောင်းအရာများမှာ ဗေဒင်၊ လူမှုရေးရာနှင့် ဗဟုသုတ ဆောင်းပါးများ၊ အလှအပနှင့် ဖက်ရှင်အတွက် အကြံပြုချက်များ၊ ခရီးသွားနေရာ သုံးသပ် ချက်များ၊ ကျန်းမာရေးရာ အကြံပေးချက်များ၊ ဂီတနှင့် ရုပ်ရှင် သုံးသပ်ချက်များ၊ ပဟေဌိနှင့် ဟာသတို့ ပါ၀င်ပါသည်။

“ခရီးသွားလာရေးဆိုင်ရာ သုံးသပ်မှုတွေ၊ အလှအပနဲ့ ဖက်ရှင်ဆိုင်ရာ အကြံပြုချက် စတာတွေအတွက်ကိုလည်း ပြည်တွင်း က သုံးသပ် အကြံပြုဆောင်းပါးတွေရေးတဲ့ ကျော်ကြားတဲ့ဘလော့ဂါတွေနဲ့ ပူးပေါင်း တင်ဆက် ပေးထား တာ ဖြစ်ပါတယ်။ ဒီထဲမှာ Joosk Studio နဲ့ ပူးပေါင်းတင်ဆက်ထားတဲ့ ကာတွန်းအစီအစဉ်ကလည်း လူကြည့် အများဆုံး၊ အကြိုက် နှစ်သက် ဆုံး အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စာတွေချည်းပဲ ဖတ်ရတာ ငြီးငွေ့တတ်တယ်ဆိုတဲ့ အသုံးပြုသူတွေ အတွက် ဂိမ်း ၂၀ ခုနီးပါးခန့် ထည့်သွင်းပေးထားပါသေးတယ်။ ဂိမ်းဝါသနာရှင်တွေအတွက်လည်း ဒီဂိမ်းတွေနဲ့ပဲ ပြိုင်ပွဲတွေ မကြာခဏ ကျင်းပပေးနေပြီး စမတ်ဖုန်း၊ ကင်မရာ စတဲ့ စိတ်လှုပ်ရှားစရာ ဆုကြီးတွေကိုလည်း ချီးမြှင့် ပေးလျက် ရှိပါတယ်။ WowBox ထဲက ဂိမ်းတွေကို ကျွမ်းကျင်နေမယ်ဆိုရင် ပြိုင်ပွဲကျင်းပတဲ့အခါ ဝင်ပြိုင်ပြီး ဆုလက်ဆောင်တွေ ရယူပိုင်ဆိုင်နိုင် ကြပါတယ်။ ဒီ အပလီကေးရှင်းရဲ့ အကောင်းဆုံးထဲက တစ်ခုက နောက်ဆုံးရ အားကစားသတင်းတွေကို ဖတ်ရှုနိုင်တာပဲ ဖြစ်ပြီး ဘောလုံး ၀ါသနာအိုုးတွေအနေနဲ့ဆိုရင်လည်း မိမိဖုန်းမှာ ဖုန်းဘေလ်တစ်ပြားမှ မရှိတော့ရင်တောင်မှ ပွဲစဉ် အချိန် ဇယားတွေ၊ ပွဲရလဒ်တွေ ကို အချိန်နဲ့ တစ်ပြေးညီ ဖတ်ရှုနိုင်မှာပါ” ဟု Joslin က ပြောကြားသည်။

WowBox တွင် ဂိမ်းပြိုင်ပွဲ အစီအစဉ်များအပြင် သင်္ကြန်၊ မြန်မာ နှစ်သစ်ကူး၊ သီတင်းကျွတ် စသည့်ပွဲတော်များ အပြင် လွတ်လပ်ရေးနေ့၊ အမေများနေ့၊ ခရစ်စမတ် စသည့် အထိမ်းအမှတ်နေ့များတွင်လည်း အထူးအစီအစဉ်များ ပုံမှန် ပြုလုပ် ပေးလျက် ရှိပါသည်။ WowBox App တွင်သာမက WowBox Myanmar Facebook Page တွင်လည်း ဆုလက်ဆောင် များ ပေးသည့် အစီအစဉ်များကို အလျဉ်းသင့်သလိုကျင်းပပေး လျက် ရှိပါသည်။

ထို့အပြင် ခလုတ်တစ်ချက်နှိပ်ယုံဖြင့် လူကြိုက်များသည့် ဒေတာစုဘူးကဲ့သို့ အင်တာနက်ဒေတာ ၀န်ဆောင်မှုများကို လွယ်ကူစွာ ဝယ်ယူရရှိနိုင်မည် ဖြစ်သလို တယ်လီနောက ပေးအပ်လျက်ရှိသော ၀န်ဆောင်မှုများကို တစ်နေရာတည်းတွင် ရယူနိုင်စေမည် ဖြစ်သည်။ ၀န်ဆောင်မှုများကို ယခု အပလီကေးရှင်းမှ တစ်ဆင့် ဝယ်ယူမှု ပိုမို များပြား လာသည်နှင့်အမျှ အသုံးပြုသူများအနေနှင့် ရမှတ်များ စုဆောင်းနိုင်မည် ဖြစ်ပြီး အဆိုပါ ရမှတ်များဖြင့် ထပ်ဆောင်း packs များ ရရှိနိုင်မည် ဖြစ်သည်။ အသုံးပြုလိုသူများအနေဖြင့် app ကို Google Playstore သို့မဟုတ် တိုက်ရိုက်လင့်ခ် တွင် ရယူနိုင်ပါသည်။ WowBox Facebook page Customers may also visit and Like the WowBox Facebook page ကို သွားရောက်ကြည့်ရှုပြီး Like လုပ်ထားခြင်း ဖြင့်လည်း စဉ်ဆက်မပြတ် အဆက်အသွယ်ပြုထားနိုင်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor