Press Release

နော် ေတွင် ကျင်းပမည့် တယ်လီနော လူငယ် ဖိုရမ်အတွက် လူငယ် ၁၈ ဦးကို ပဏာမ ရွေးချယ်

24 August, 2017 - Yangon

  • ဆန်ကာတင် လူငယ် ၁၈ ဦးသည် နှစ်ရက်ကြာပြုလုပ်မည့် စွမ်းရည်မြှင့် သင်တန်းသို့ တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းအပြီးတွင် ဆန်ကာတင် ၄ ဦးကို ရွေးချယ်သွားမည
  • ဆန်ကာတင် ၄ ဦးထဲမှ ထပ်မံ၍ နောက်ဆုံး ၂ ဦးကို အပြီးသတ်ရွေးချယ်သွားမည်

တယ်လီနောမြန်မာသည် နေော်၀နိုင်ငံ အော်စလိုမြို့နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တိုတွင် ကျင်းပမည့် တယ်လီနော လူငယ်ဖိုရမ်(TYF) အတွက် ပဏာမအဆင့်အဖြစ် ပါ၀င်သည့် လူငယ် များကို ရွေးချယ်လိုက်ပြီ ဖြစ်ပါသည်။ စုစုပေါင်း လျှောက်ထားသူ ၁၅၀ ဦးခန့်အနက်မှ လူငယ် ၁၈ ဦးကို ပဏာမ စာရင်း၀င် အဖြစ် ရွေးချယ်လိုက်ပြီး ယင်းလူငယ်များသည် သြဂုတ်လ ၂၆ နှင့် ၂၇ ရက်တို့တွင် ပြုလုပ်မည့် စွမ်းရည်မြှင့် သင်တန်းသို့ တက်ရောက်ကြရမည် ဖြစ်ပါသည်။ လူငယ်များ၏ တီထွင် ဆန်းသစ်မှု၊ ပြောင်းလဲမှုများ ပြုလုပ်ရာတွင် နည်းပညာ အသုံးချ နိုင်မှု၊ ပြောဆိုဆက်ဆံမှုနှင့် အင်္ဂလိပ်စာ အရည်အသွေးများ ပိုမိုတောက်ပြောင်လာစေရန် ယင်း ၂ ရက်တာ သင်တန်းက လုပ်ဆောင်ပေးမည် ဖြစ်ပါသည်။ သင်တန်းအပြီးတွင် ဆန်ကာတင် လူငယ် ၄ ဦးကို ရွေးချယ်သွားမည်ဖြစ်ကာ ယင်းတို့ ထဲမှ ထပ်မံ၍ နောက်ဆုံး ၂ ဦးကို အပြီးသတ် ဆက်လက်ရွေးချယ်သွားမည် ဖြစ်ပါသည်။

TFY2017 ကို နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။ အဆိုပါ TYF အစီအစဉ်သည် တစ်နှစ်ကြာမြင့်မည် ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ မေလတွင် ဘန်ကောက်မြို့၌ ဒုတိယ အကြိမ် တွေ့ဆုံရမည့် အစီအစဉ်လည်း ပါဝင်မည် ဖြစ်ပါသည်။ ရွေးချယ်ခံရသော လူငယ်များအနေနှင့် အဆိုပါ TYF အစီ အစဉ် တစ်လျှောက်လုံးတွင် ၎င်းတို့ အတွက် သတ်မှတ်ထားသော အဖွဲ့တွင် ပါဝင်သည့် အခြားရွေးချယ်ခံရသူများနှင့် အတူ ပျှမ်းမျှ သီတင်း တစ်ပတ်လျှင် ၂ နာရီ ဝန်းကျင်ခန့် အွန်လိုင်းမှတစ်ဆင့် စုပေါင်း အလုပ်လုပ်ကိုင်ရမည် ဖြစ်ပါသည်။ အရေးကြီးသည့် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများအား ဖြေရှင်းနိုင်မည့် ဒစ်ဂျစ်တယ် ဖြေရှင်းချက်များအား အဖွဲ့လိုက် ပူးပေါင်း အဖြေရှာ ဖော်ထုတ်ရန် ဒီဇင်ဘာလ အစီအစဉ် တက်ရောက် ချိန်တွင် အဖွဲ့လိုက် ခေါင်းစဉ်များ သတ်မှတ်ပေးထားမည် ဖြစ်ပါသည်။

 

 အဆိုပါ ဖိုရမ်မှာ နိုဗယ်ငြိမ်းချမ်းရေးစင်တာနှင့် ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး တယ်လီနော ဈေးကွက်များရှိသည့် နိုင်ငံပေါင်း (၁၃) နိုင်ငံမှ လူငယ်ခေါင်းဆောင်များကို ဖိတ်ခေါ်ကာ နည်းပညာစွမ်းအားများကို အသုံးပြုပြီး လူမှုဘဝ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ တယ်လီနောမြန်မာသည် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် လူငယ်ဖိုရမ် အတွက် လျှောက်လွှာများကို ဇွန်လတွင် စတင်ခေါ်ယူခဲ့ပြီး မြန်မာတစ်နိုင်လုံးမှ တက်ကြွသော လူငယ်အများအပြား စိတ်၀င်တစားလျှောက်ထားခဲ့ကြပါသည်။

မြန်မာနိုင်ငံမှ လူငယ်ကိုယ်စားလှယ် ၆ ဦးသည် ၂၀၁၄၊ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်များတွင် အော်စလိုမြို့၌ ကျင်းပသည့် TYF အစီအစဉ်များအား အသီးသီး တက်ရောက်ခဲ့ပြီးဖြစ်သည်။ သတင်းအချက်အလက်နည်းပညာဆိုင်ရာ အင်ဂျင်နီယာသိပ္ပံဘွဲ့ (Bachelor of Engineering in Information Technology) ရရှိထားသူ ကိုအာကာမင်းအောင်နှင့် မြန်မာနိုင်ငံအတွင်းမှ ကူးစက်ရောဂါများအကြောင်း အသိပညာပေးမှု မြှင့်တင်သူ ဒေါက်တာ ဝေယံမင်းဌေး တို့ ၂ ဦးသည် TYF အစီအစဉ်၌ ၂၀၁၄ ခုနှစ်တွင် ပါဝင်ခဲ့ကြသည်။ B.Com (Management and Marketing) ဘွဲ့အားကိုင်ဆောင်ထားသူတစ်ဦးဖြစ်သည့် မဆုဝေစိုးနှင့် နည်းပညာ တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ကိုဖြိုးသူရဌေးတို့သည် TYF အစီအစဉ်အား ၂၀၁၅ ခုနှစ်တွင် ပါဝင်ခဲ့သည်။ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ဘွဲ့ရကာစ ကျောင်းသူတစ်ဦးဖြစ်သည့် မနှင်းနှင်းနိုင်နှင့် တရုတ်နိုင်ငံ Zhejiang တက္ကသိုလ်မှ ပြည့်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ ရရှိထားသည့် ကိုဇော်သူးခေါင် တို့သည် ယမန်နှစ်အတွက် မြန်မာနိုင်ငံကို်ယ်စားပြု TYF ကိုယ်စားလှယ်များ ဖြစ်ကြပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor