Press Release

နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး တယ်လီနောမြန်မာရုံးသို့ လာရောက်လေ့လာ

27 March, 2019 - Yangon

  • ရန်ကုန်မြို့၊ ဆူးလေစကွဲရှိ တယ်လီနောမြန်မာရုံးသို့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးနှင့် အဖွဲ့ လာရောက်လေ့လာခဲ့

နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီး Dag-Inge Ulstein သည် ယမန်နေ့ ၂၀၁၉ ခုနှစ် မတ်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ ဆူးလေစကွဲရှိ တယ်လီနောမြန်မာရုံးခန်းသစ်ကို လာရောက်လေ့လာခဲ့သည်။ ၀န်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ် H.E. Tone Tinnes၊ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နော်ဝေသံရုံးမှ အဖွဲ့များလည်း အတူလိုက်ပါလာခဲ့သည်။

ယင်းသို့ လည်ပတ်လေ့လာရာတွင် ၀န်ကြီးနှင့်အဖွဲ့သည် တယ်လီနောရုံးသစ်ရှိ ၀န်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက်တွင် တယ်လီနောမြန်မာ၏ Mr Shara Mehrotra နှင့် အဖွဲ့က အာရှတလွှား တယ်လီနောလုပ်ငန်းများ၏ တိုးတက်မှုနှင့် မြန်မာနိုင်ငံတွင် လုပ်ငန်းအောင်မြင်စွာ လည်ပတ်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့အပြင် တစ်နှစ်လျှင် ကျောင်းသားလူငယ်ပေါင်း ၁၀၀,၀၀၀ အထိ သင်ကြားလေ့ကျင့်ပေးမည့် ဒစ်ဂျစ်တယ်သင်တန်းများ၊ အင်တာနက်ကို ဘေးကင်းလုံခြုံစွာအသုံးပြုနိုင်ရေး အသိပညာပေးလုပ်ငန်းများနှင့် မွန်ပြည်နယ်တွင် ကနဦးလုပ်ဆောင်လျက်ရှိသော မွေးဖွားခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ မိုဘိုင်းမှတ်ပုံတင်ခြင်းစီမံချက်တို့ အပါအဝင် မြန်မာနိုင်ငံအတွင်း တယ်လီနော ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရေရှည်တည်တံ့ရေး ဆိုင်ရာ လုပ်ငန်းစဉ်များကို အထူးအလေးပေး ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ၀န်ကြီး Dag-Inge Ulstein သည် တယ်လီနော ဒစ်ဂျစ်တယ်သင်တန်းတွင် တက်ရောက် လျက်ရှိသော ထူးချွန်ကျောင်းသား ၂ ဦးနှင့်လည်း တွေ့ဆုံခဲ့ရာ ကျောင်းသားများက သင်တန်း အတွေ့အကြုံများနှင့် အကျိုးကျေးဇူးများကို တင်ပြခဲ့ကြသည်။ ထို့နောက်တွင် ၀န်ကြီးသည် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံကာ လုပ်ငန်းလုပ်ကိုင်နေကြသော ကုမ္ပဏီများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ လူမှု စီးပွားဖွံဖြိုးတိုးတက်မှုနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။

၀န်ကြီး Dag-Inge Ulstein သည် နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးအဖြစ် ယခုနှစ် အစောပိုင်းတွင် ခန့်အပ်ခံခဲ့ရပြီး လက်ရှိတွင် ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OSCE)၊ အရှေ့အလယ်ပိုင်း၊ အာဖရိက မြောက်ပိုင်းနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့၏ ပြင်ပရှိ နိုင်ငံများတွင် ဆောင်ရွက်နေသော အပြည်ပြည်ဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် တာဝန်ယူထားသည်။ ထို့ပြင် Norad၊ Norec နှင့် Norfund သာမက ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်များနှင့် အခြားသော ကမ္ဘာ့အဆင့် ရန်ပုံငွေအဖွဲ့အစည်းများက ကမကထပြုလုပ်သော ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက်လည်း ၎င်းက တာဝန်ယူထားသည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share