09 October, 2017 - Yangon
ယခုနှစ် ဒီဇင်ဘာလတွင် နော်ဝေနိုင်ငံအော်စလိုမြို့၌ ကျင်းပပြုလုပ်မည့် နှစ်စဉ် တယ်လီနောလူငယ်ဖိုရမ် (TYF) ကိုနန်းကံ့ကော်ယွက်ဆိုင်နှင့် ရာသူ(လ်) ပရာဆတ်တို့က မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်တက်ရောက်ကြမည် ဖြစ်ပါသည်။ တယ်လီနောလူငယ်ဖိုရမ်အား နို်ဘယ်ငြိမ်းချမ်းရေးစင်တာနှင့် ပူးပေါင်းကျင်းပခြင်း ဖြစ်ပါသည်။ ဖိုရမ်ကိုတယ်လီနောဈေးကွက်များရှိသည့် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ အရည်အချင်းရှိလူငယ် ကိုယ်စားလှယ် တက်ရောက်ခွင့် ရကြပြီးအဆိုပါ လူငယ်များအနေနှင့် လူမှုဝန်းကျင် ကောင်းကျိုးများအားဖန်တီးပေးအပ်ရာတွင် ဒစ်ဂျစ်တယ် နည်းပညာများအားပေါင်းစည်းအသုံးပြုနိုင်ရန် နည်းလမ်းများကို ကြံဆကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ပါသည်။
အော်စလိုသို့ရောက်ရှိနေချိန်တွင် တယ်လီနောလူငယ်ဖိုရမ် တက်ရောက်သူများသည် တစ်ကမ္ဘာလုံးဆိုင်ရာ၊ လူမှုရေးဆိုင်ရာစိန်ခေါ်မှုများကိုဖြေရှင်းပေးသည့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုကိုဖန်တီးနိုင်ရန် ဝန်ဆောင်မှု ဒီဇိုင်းရေးဆွဲမှု အစီအစဉ်တွင် ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ဒစ်ဂျစ်တယ် နည်းပညာနှင့် ငြိမ်းချမ်းရေးတို့၏ ဆက်စပ်မှုများကိုလေ့လာခွင့်ရမည် ဖြစ်ပြီး နိုဘယ်ဆုပေးပွဲအစီအစဉ်များတွင်လည်းပါဝင် ဆင်နွှဲခွင့်ရရှိမည် ဖြစ်ပါသည်။ တယ်လီနောလူငယ်ဖိုရမ် တက်ရောက်သူများသည် ၎င်းတို့နှင့် သက်ဆိုင်ရာဒစ်ဂျစ်တယ် ၀န်ဆောင်မှုများကို ကြံဆဖော်ဆောင်ခြင်းနှင့် ၎င်းတို့ ရွေးချယ်ထားသည့် လူမှုရေးဆိုင်ရာစိန်ခေါ်မှုအတွက် ဖြေရှင်းချက်အားရှင်းလင်းပြသခြင်းတို့အတွက် ၂၀၁၈ ခုနှစ် တစ်လျှောက်လုံးတွင် နိုဘယ်ငြိမ်းချမ်းရေးစင်တာ နှင့် ပူးပေါင်းဆောင်ရွက်နေကြမည် ဖြစ်ပါသည်။
“ကျွန်တော်တို့ ဝန်ဆောင်မှုပေးနေတဲ့ ဈေးကွက်တွေမှာအတော်ဆုံးထဲကအတော်ဆုံးလူငယ်တွေကိုတယ်လီနောလူငယ်ဖိုရမ်ကိုတက်ရောက်ခွင့်ပေးတာ ဖြစ်ပါတယ်။ သူတို့တွေကခေါင်းဆောင်တွေ ဖြစ်သလို၊ လူမှုရေးရာမှာလည်းတက်ကြွစွာပါဝင်ကြပါတယ်။ ဒစ်ဂျစ်တယ် နည်းပညာကိုလည်း နှံ့နှံ့စပ်စပ် သိရှိပြီးနည်းပညာကိုအသုံးချပြီး ငြိမ်းချမ်းမှုကိုတည်ဆောက်လို့ရတယ်လို့ ယုံကြည်ကြသူတွေ ဖြစ်ကြပါတယ်။ လာမယ့် တစ်နှစ်တာအတွင်းမှာလူမှုဘဝတိုးတက်ရေး၊ မညီမျှမှုတွေ လျော့ချရေးတို့ကိုဒစ်ဂျစ်တယ် ဖြေရှင်းနည်းတွေနဲ့ဆောင်ရွက်သွားကြဖို့ ဒီလူငယ်တွေကိုအော်စလိုကိုဖိတ်ခေါ်နိုင်တဲ့ အတွက်လည်း ၀မ်းမြောက်မိပါတယ်” ဟုတယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Lars Erik Tellmann က ပြောကြားသည်။
နန်းကံ့ကော် ယွက်ဆိုင်၊ ၂၅ နှစ်သည် Webster University မှ နိုင်ငံတကာဆက်ဆံရေးရာဘွဲ့ကိုရရှိထားသူ ဖြစ်သည်။ နန်းကံ့ကော်သည် ကော်တိုင်းအဖွဲ့အစည်းတွင် တာ၀န်ထမ်းဆောင်လျက်ရှိပြီး လက်နက်ကိုင် ပဋိပက္ခများကြောင့် ထိခိုက်သူများကိုကူညီရန် စိတ်အားထက်သန်သူတစ်ဦး ဖြစ်သည်။
အသက် ၂၁ နှစ် အရွယ်ရှိရာသူ(လ်) ပရာဆတ်သည် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်တွင် ပညာသင်ကြားနေသူဖြစ်ပြီးကျန်းမာရေးဆိုင်ရာပြဿနာများ အပါအ၀င် လူမှု၀န်းကျင်ဆိုင်ရာ စိန်ခေါ်မှုများအတွက်ဖြေရှင်းမှုများတွင် ပါ၀င် ကူညီရန် စိတ်အားထက်သန်သူတစ်ဦး ဖြစ်သည်။
တယ်လီနောလူငယ်ဖိုရမ် အကြောင်းကိုပိုမိုသိရှိလိုပါကhttp://www.telenor.com/youthforumတွင်လေ့လာ ကြည့်ရှုနိုင်ပါသည်။.
မီဒီယာများဆက်သွယ်ရန်
အဲလက်စ် ညီညီအောင်
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm