နိုင်ငံ ၉ နိုင်ငံတွင် ပြည်တွင်းနှုန်းထားဖြင့် အင်တာနက်သုံးစွဲနိုင်သည့်အစီအစဉ်အား တယ်လီနော မိတ်ဆက်

11 September, 2018 - Yangon

  • ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ ကမ္ဗောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှားတို့တွင် (ကုန်သွယ် လုပ်ငန်းခွန် အပါအဝင်) အပတ်စဉ် ၉၀၀ ကျပ် ကျသင့်မည့် အစီအစဉ်အသစ်အား ရယူ၍ အင်တာနက် အသုံးပြုခ ၁ မဂ္ဂါဘိုက်လျှင် ၉ ကျပ်ဖြင့် အသုံးပြုနိုင်မည်ဖြစ်
  • ပရိုမိုးရှင်း အစီအစဉ်အရ အသုံးပြုသူများ အနေနှင့် အဆိုပါ ၉ နိုင်ငံတွင် သုံးသလောက်ပေး အင်တာနက်ဖြင့် အသုံးပြုမည် ဆိုပါကလည်း ၁ မဂ္ဂါဘိုက်လျှင် ၁၄ ကျပ်သာ ကျသင့်မည်ဖြစ်

အာရှနိုင်ငံ ၉ နိုင်ငံတွင် ပြည်တွင်းနှုန်းထားဖြင့် အင်တာနက် အသုံးပြု နိုင်မည့် ‘ASIA 9’ အမည်ရ ပရိုမိုးရှင်းအစီအစဉ်သစ်ကို တယ်လီနောက မိတ်ဆက်လိုက်ပြီဖြစ်ရာ တယ်လီနော၏ prepaid နှင့် star post-paid အသုံးပြုသူများအနေဖြင့် အာရှနိုင်ငံပေါင်း ၉ နိုင်ငံတွင် roaming အင်တာနက်ဝန်ဆောင်မှုများအား စျေးနှုန်းသက်သာစွာ ဖြင့် ရယူ အသုံးပြုနိုင်မည် ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်မှစတင်၍ ရယူအသုံးပြုနိုင်သည့် အဆိုပါ အစီအစဉ်သစ်အရ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ ကမ္ဗောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှားတို့ရှိ တယ်လီနော၏ prepaid နှင့် star post-paid အသုံးပြုသူများအနေဖြင့် ၎င်းတို့၏ သူငယ်ချင်းများ၊ မိသားစုများ၊ စီးပွားရေးမိတ်ဖက်များနှင့် ဆက်သွယ် ရာတွင် ပြည်တွင်းနှုန်းထားအတိုင်း ၁ မဂ္ဂါဘိုက်လျှင် ၉ ကျပ် (ကုန်သွယ်လုပ်ငန်းခွန်မပါ) ဖြင့် အသက်သာဆုံး အသုံးပြုနိုင် မည်ဖြစ်ကာ အပတ်စဉ်စာရင်းပေးသွင်းခ ၉၀၀ ကျပ်ကျသင့်မည် ဖြစ်သည်။ ထို့အပြင် အပတ်စဉ် စာရင်းပေးသွင်းမှု မပြုလုပ်လိုသော အသုံးပြုသူများ အနေနှင့်လည်း သုံးသလောက် ပေး အင်တာနက် အစီအစဉ်ကို ၁ မဂ္ဂါဘိုက်လျှင် ၁၄ ကျပ် နှုန်းထားမျှဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

အထက်ပါ အာရှနိုင်ငံပေါင်း ၉ နိုင်ငံတွင် အင်တာနက် အသုံးပြုမည်ဆိုပါက ယခင် ပုံမှန်နှုန်းထားများမှာ နိုင်ငံပေါ်မူတည်၍ ၁ မဂ္ဂါဘိုက်လျှင် အနည်းဆုံး ၅၀၀ ကျပ် ကျသင့်မည် ဖြစ်သည့်အတွက် ဤပရိုးမိုးရှင်း ကာလအတွင်းတွင် တယ်လီနော အသုံးပြုသူများ အနေနှင့် ၉၉.၉၄ ရာခိုင်နှုန်းအထိ စျေးနှုန်း ပိုမိုသက်သာစွာ အသုံးပြုနိုင်မည် ဖြစ်သည်။ တယ်လီနော အသုံးပြုသူများသည် တစ်ခါစာရင်းပေးသွင်းပါက ၇ ရက်ကြာ သက်တမ်းရှိသည့် အဆိုပါ ‘ASIA 9’ roaming အင်တာနက် အစီအစဉ်အား ရယူလိုပါက ‘500’ သို့ ‘A9’ စာတိုပေးပို့ခြင်းဖြင့် ဖြစ်စေ၊ MyTelenor app မှ ဖြစ်စေ စာရင်းပေးသွင်း နိုင်မည် ဖြစ်သည်။ ထို့အပြင် prepaid အသုံးပြုသူများ အနေဖြင့် *979*2*5*2# သို့လည်းကောင်း၊ post-paid အသုံးပြု သူများအနေနှင့် *999*1*9# သို့လည်းကောင်း အသီးသီး တိုက်ရိုက်ဖုန်းခေါ်ဆို၍လည်းစာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။

“တယ်လီနောဟာ ဒေသတွင်းမှာ အကောင်းမွန်ဆုံး အင်တာနက်ကွန်ရက်တစ်ခုကို ပိုင်ဆိုင်ထားပြီးဖြစ်တာကြောင့် ကွန်ရက်ကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေ အပြည့်အဝ ရရှိခံစားစေလိုတဲ့အတွက် ဒီ ‘ASIA 9’ ပရိုမိုးရှင်း အစီအစဉ်အသစ်ကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက တယ်လီနော အသုံးပြုသူတွေ အနေနဲ့ ဒီအာရှနိုင်ငံ ၉ နိုင်ငံကို သွားရောက်လည်ပတ်တာပဲ ဖြစ်ဖြစ်၊ အလုပ်သွားရောက် လုပ်ကိုင်တာပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံတွင်းမှာလိုပဲ အင်တာနက်ကို သက်သက်သာသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီအခွင့်အလမ်းကနေတဆင့် သူတို့ရဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ပိုမိုလွယ်ကူစွာ ဆက်သွယ်နိုင်မှာဖြစ်တဲ့အပြင် အွန်လိုင်းကနေ လုပ်ငန်းခွင်ကို ဆက်သွယ်စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေကို အသက်သာဆုံးနှုန်းထားနဲ့ ပေးအပ်နိုင်ဖို့ တယ်လီနော အနေနဲ့ ဦးစားပေး လုပ်ဆောင်နေပြီး အနာဂတ်မှာလည်း ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်သွားဖို့ ဆက်လက်ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ စျေးကွက်ဖော်ဆောင်ရေးဆိုင်ရာ အရာရှိချုပ် Amaresh Kumar က ပြောကြားသည်။

ပိုမိုကျယ်ပြန့်လာသည့် တယ်လီနော၏ နိုင်ငံတကာ roaming ကွန်ရက်

တယ်လီနောဆင်းကတ်အသုံးပြုနိုင်သော နိုင်ငံများ၊ roaming မိတ်ဖက် မိုဘိုင်းအော်ပရေတာများ ပိုမိုတိုးပွားလာသည်နှင့် အတူ အသုံးပြုသူများ ခရီးသွားလာနေစဉ်သော်လည်းကောင်း၊ နိုင်ငံတွင်းမှတဆင့် နိုင်ငံပြင်ပရှိ မိသားစုများ၊ မိတ်ဆွေ သူငယ်ချင်းများနှင့့် ဆက်သွယ်နိုင်ရန် ရည်ရွယ်၍ လွယ်ကူသက်သာသောဝန်ဆောင်မှုများကို တယ်လီနောက ပေးအပ် လျက်ရှိသည်။ တယ်လီနော၏ 4G roaming ဝန်ဆောင်မှုအား လက်ရှိတွင် တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ယူအေအီး၊ ကနေဒါ၊ မကာအို၊ ထိုင်ဝမ်၊ နယူးဇီလန်၊ ဆွီဒင်၊ ဘယ်လ်ဂျီယမ်နှင့် နော်ဝေတို့တွင် သုံးစွဲနိုင်နေပြီဖြစ်ပြီး အခြား ဒေသများတွင်ပါ သုံးစွဲနိုင်စေရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ ယခုလက်ရှိတွင် နိုင်ငံပေါင်း ၁၁၈ နိုင်ငံတွင် ရောက်ရှိလာသူ တယ်လီနောသုံးစွဲသူများသည် ယင်းနိုင်ငံများရှိ မိတ်ဖက်အော်ပရေတာပေါင်း ၁၅၉ ခု၏ ကွန်ရက်ကို ချိတ်ဆက် အသုံးပြုနိုင်နေပြီဖြစ်ပြီး ပြည်ပနိုင်ငံပေါင်း ၁၃၁ နိုင်ငံမှ မိတ်ဖက်အော်ပရေတာပေါင်း ၂၁၆ ခု၏ သုံးစွဲသူများ သည် မြန်မာနိုင်ငံ အတွင်း တယ်လီနော ကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်နေပြီ ဖြစ်ပါသည်။ 

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor