Press Release

နိုင်ငံတဝန်း 4G/LTE တာဝါတိုင်ပေါင်း ၆,၁၀၀ ကျော်ဖြင့် မြန်မာ့အကြီးမားဆုံး 4GSuperLTE+ ကွန်ရက်အဖြစ် တယ်လီနောရပ်တည်

25 April, 2019 - Yangon

  • တယ်လီနောသည် လက်ရှိတွင် ၎င်း၏ 4GSuperLTE+ ကွန်ရက်ကို LTE တာဝါတိုင်ပေါင်း ၆,၁၀၀ ကျော်မှတဆင့် မြို့နယ်ပေါင်း ၃၀၇ ခုအား လွှမ်းခြုံထားနိုင်ပြီးဖြစ်
  • ၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း တယ်လီနော 4G/LTE ကွန်ရက်အား မင်းလှ၊ လေးမျက်နှာ၊ ဇလွန်၊ ကျောင်းကုန်း၊ နမ္မတူ၊ မိုင်းပန်နှင့် ပုဏ္ဏားကျွန်း မြို့နယ်များသို့ ထပ်မံဖြန့်ကြက်နိုင်ခဲ့

တယ်လီနောမြန်မာသည် လက်ရှိတွင် နိုင်ငံတဝန်း၌ LTE တာဝါတိုင်ပေါင်း ၆,၁၀၀ ကျော်အားပိုင်ဆိုင်ထားပြီး မြို့နယ်ပေါင်း ၃၀၀ ကျော်ကို 4G/LTE ကွန်ရက်ဖြင့် လွှမ်းခြုံထားနိုင်ခဲ့ပြီ ဖြစ်သည့် အတွက် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော 4G/LTE ကွန်ရက်အား ပိုင်ဆိုင်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ ၂၀၁၉ ခုနှစ်၏ ပထမ ၃ လပတ်အပြီးတွင် တယ်လီနောမြန်မာသည် ၎င်း၏ ကွန်ရက်အတွင်း LTE တာဝါတိုင်ပေါင်း ၈၅၆ ခုကို ထပ်မံ တည်ဆောက်နိုင်ခဲ့သည့်အပြင် ဧပြီလအကုန်တွင် LTE တာဝါတိုင်အသစ်ပေါင်း ၁,၁၀၀ ကျော်အထိ တည်ဆောက် သွားနိုင်ရန် ရည်ရွယ်ထားသည်။ ယခုအချိန်တွင် မင်းလှ၊ လေးမျက်နှာ၊ ဇလွန်၊ ကျောင်းကုန်း၊ နမ္မတူ၊ မိုင်းပန်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များသည် တယ်လီနောမြန်မာ၏ အရည်အသွေးမြင့် 4G/LTE ဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်နေပြီ ဖြစ်သည်။

အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များအား အသုံးပြုသူများထံပေးအပ်သွားနိုင်ရန် ရည်ရွယ်ပြီး တယ်လီနောမြန်မာသည် ၎င်း၏ 4G/LTE ကွန်ရက်အား မနားမနေ ဆက်လက် အဆင့်မြှင့်တင်လျက်ရှိသည်။ ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက်မှုများ၏ ရလဒ်အနေဖြင့် ယခုလက်ရှိတွင် တယ်လီနောမြန်မာ၏ ကွန်ရက်အတွင်းရှိ မြို့နယ်များ၏ ၁၀၀% နီးပါး (မြို့နယ်ပေါင်း ၃၀၇ ခု) အား မြန်နှုန်းမြင့် 4G/LTE ဖြင့် လွှမ်းခြုံထားနိုင်ပြီ ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့အကောင်းဆုံးဒေတာကွန်ရက် 4GSuperLTE+ အဖြစ်နဲ့ တယ်လီနောက ၁၀၀% နီးပါးအထိကို ကွန်ရက်ဖြန့်ကြက်လွှမ်းခြုံထားနိုင်ပြီး ဖြစ်တယ်ဆိုတာကို ဂုဏ်ယူစွာနဲ့ ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံကို စတင် ဝင်ရောက်လာတဲ့ အချိန်ကစပြီး တယ်လီနောအနေနဲ့ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေမှာ တစ်ထောင့်တစ်နေရာကနေ ပါ၀င်ပြီး အတတ်နိုင်ဆုံးပံ့ပိုးကူညီခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အသုံးပြုသူတွေအတွက် အကောင်းမွန်ဆုံးအရာ တွေကို သယ်ဆောင်လာပေးနိုင်ဖို့ဆိုတဲ့ ရည်သန်ချက်နဲ့အညီ LTE တာဝါတိုင်ပေါင်း ၆,၁၀၀ ကျော်ကို တည်ဆောက် သွားမယ့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကိုလည်း ၂၀၁၉ ခုနှစ်မှာ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ အသုံးပြုသူတွေအတွက် တယ်လီနောကွန်ရက်ကို ဆက်လက်အဆင့်မြှင့်တင်သွားဦးမှာဖြစ်တဲ့အပြင် တယ်လီနောရဲ့ ဝန်ဆောင်မှုတွေကို ဘယ်လိုမျိုး အကျိုးရှိရှိ၊ ထိထိရောက်ရောက် အသုံးပြုနိုင်မလဲဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး တော့လည်း အသိပညာပေးမှုတွေ ဆက်လက်ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ နည်းပညာ ဆိုင်ရာ အရာရှိချုပ် Jai Prakash က ပြောကြားသည်။

တယ်လီနောသည် မြန်မာနိုင်ငံအတွင်း၌ ပိုမိုကောင်းမွန်ကျယ်ပြန့်သော ကွန်ရက်လွှမ်းခြုံမှုများအား ရရှိစေနိုင်ရန်အပြင် အရည်အသွေး အကောင်းမွန်ဆုံးသော 4G/LTE ကွန်ရက်အား ပေးအပ်နိုင်ရန်အတွက်လည်း အထူးအလေးထား လုပ်ဆောင်လျက်ရှိသည်။ တယ်လီနောသည် နိုင်ငံတဝန်းရှိ ကွန်ရက်အခြေအနေကို တိုင်းတာစစ်ဆေးရန်အတွက် ၎င်း၏ ကွန်ရက်ဆိုင်ရာ ကိုယ်စားလှယ် 4GLeo ကိုလည်း ၂၀၁၈ ခုနှစ် အစောပိုင်းတွင် စတင်မိတ်ဆက်ခဲ့သည်။ ၎င်း၏ ပထမတစ်နှစ်တာကာလအတွင်း 4GLeo သည် ခရီးစဉ်အကွာအဝေး စုစုပေါင်း ၂၀,၁၀၂ ကီလိုမီတာအထိ ခရီးနှင်ခဲ့ပြီး မြို့နယ်ပေါင်း ၅၄ မြို့နယ်သို့ သွားရောက်ကာ ကွန်ရက်အရည်အသွေး တိုင်းတာစစ်ဆေးခြင်း၊ အသုံးပြုသူများနှင့် တွေ့ဆုံခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

“နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးအနေနဲ့သာမက တယ်လီနောမြန်မာရဲ့ ကွန်ရက်ဆိုင်ရာကိုယ်စားလှယ် တစ်ဦးအနေနဲ့ နေရာဒေသပေါင်းများစွာကို ကျွန်တော်သွားလာခဲ့ပြီး နိုင်ငံတဝန်းမှာရှိတဲ့ အသုံးပြုသူတွေ အကောင်းမွန်ဆုံး ကွန်ရက်အရည်အသွေးတွေ သုံးစွဲနိုင်ဖို့ ကူညီနိုင်ခဲ့ပါတယ်။ ကျေးလက်ဒေသဖြစ်ဖြစ်၊ မြို့ပြပဲဖြစ်ဖြစ် မြန်မာနိုင်ငံတဝန်းက တယ်လီနောအသုံးပြုသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ အရည်အသွေးမြင့် ဒေတာဝန်ဆောင်မှုတွေ ကနေ အကျိုးကျေးဇူးများစွာကို ရရှိနေကြတာကို တွေ့ရှိရတဲ့အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်။ ဒီလိုမျိုး ဆက်လက်ပေးအပ်နိုင်စေဖို့အတွက် တယ်လီိနောကွန်ရက်လွှမ်းခြုံထားတဲ့ နေရာဒေသအားလုံးက အသုံးပြုသူတွေကို ကွန်ရက်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာ ကူညီဆောင်ရွက်ပေးသွားဖို့ ကျွန်တော့်အနေနဲ့ အကောင်းဆုံး ဆက်လက် ကြိုးစားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု 4G Leo က ပြောကြားသည်။

မြန်မာနို်င်ငံ၏ ဦးဆောင်အော်ပရေတာတစ်ခုဖြစ်သည်နှင့်အညီ တယ်လီနောသည် Ericsson နှင့် ပူးပေါင်း၍ ၎င်း၏ 4G/LTE ကွန်ရက်ပေါ်တွင် အင်တာနက်မြန်နှုန်း စမ်းသပ်မှုတစ်ရပ်အား ယမန်နှစ်က အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် အမြင့်ဆုံး မြန်နှုန်းစံချိန်သစ်တစ်ရပ်အဖြစ် တစ်စက္ကန့်လျှင် ၁ Gbps အထိ ရရှိခဲ့သည်။ အလားတူပင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလနှောင်းပိုင်းတွင်လည်း တယ်လီနောမြန်မာသည် Ericsson နှင့်ပင် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် IoT နည်းပညာစမ်းသပ်မှုအား မန္တလေးမြို့တွင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် 5G နည်းပညာ အသုံးပြုနိုင်ရန် ကူညီဆောင်ရွက်ပေးသွားမည် ဟူသော ၎င်း၏ ရည်သန်ချက်အား သိသာစွာ ပြသနိုင်ခဲ့ သည်။

တယ်လီနောမြန်မာသည် ၎င်း၏ 4G/LTE ဝန်ဆောင်မှုများအား ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် တရားဝင် စတင် ပေးအပ်ခဲ့ပြီး ယခုလက်ရှိတွင် နိုင်ငံတဝန်း၌ ဆက်သွယ်ရေးတာဝါတိုင်စုစုပေါင်း ၈,၆၀၀ ကျော်နှင့် အရောင်းဆိုင်ပေါင်း ၁၀၀,၀၀၀ ကျော်အား ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အကောင်းမွန်ဆုံးသော 2G/3G/4G မိုဘိုင်းကွန်ရက်များဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၈ သန်းကို ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share