Press Release

နယ်စပ်မြို့အပါအဝင် ရှမ်းပြည်နယ်အရှေပိုင်း သို့ တယ်လီနော ကွန်ရက်ဖြန့်ကျက်

30 November, 2016 - Yangon

  • ဝေးလံ ခေါင်သီသော ဒေသများနှင့် နယ်စပ်ဒေသများကို ကွန်ရက် ဖြန့်ကျက်ခြင်းဖြင့် မြန်မာပြည်သူများ မည်သည့် နေရာ တွင် နေထိုင်သည်ဖြစ်စေ ကုမ္ပဏီမှ ဝန်ဆောင်မှုပေးနိုင်ရန် ရည်သန်ထားချက်ကို လေးနက်စေသည်
  • ယခုအခါတွင် အသုံးပြုသူများကို တာဝါတိုင်ပေါင်း ၆၉၀၀ ကျော်ဖြင့် တိုင်းနှင့်ပြည်နယ်၊ ဒေသအားလုံးတွင် ဝန်ဆောင်မှု ပေးနေပြီ ဖြစ်သည်
  • တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့သည့် ဆင်းကတ်မှတ်ပုံတင်နေ့သည်လည်း အသုံးပြုသူများ လွယ်ကူလျင်မြန်စွာ မှတ်ပုံတင်နိုင်ရန် ကူညီပေးလျက်ရှိသည် 

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) သည် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသနှင့် ထိုင်းနိုင်ငံနယ်စပ်ဖြစ်သော တာချီလိတ်မြို့တို့တွင် ကွန်ရက်ဖွင့်လှစ်ဖြန့်ကျက်လိုက်ပြီ ဖြစ်သည်။ တိုင်းရင်းသား ဒေသ များနှင့် နယ်စပ်ဒေသများသို့ ကွန်ရက် ဖြန့်ကျက်လိုက်ခြင်းသည် မြန်မာပြည်သူ အားလုံးကို ဝန်ဆောင်မှုပေးနိုင်ရန် ရည်သန် ထားချက်ကို အလေးအနက်ပြုခြင်းဖြစ်ပါသည်။ တာဝါတိုင် ၆၉၀၀ ကျော်ဖြင့် တယ်လီနောသည်မြန်မာနိုင်ငံတွင် အကြီးမား ဆုံးနှင့် အလျင်မြန်ဆုံး ကျယ်ပြန့်လာနေသည့် အင်တာနက် ကွန်ရက်ဖြင့် လုပ်ငန်း လည်ပတ်နေပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် အသုံးပြုသူ ၁၈ သန်းကို ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။

“အခုလိုကွန်ရက် တိုးချဲ့တာဟာ ကျွန်တော်တို့ရဲ့ ကတိကဝတ်တစ်ခု ဖြစ်တဲ့မြန်မာနိုင်ငံအတွင်းက နိုင်ငံသားအားလုံးကို သူတို့ ဘယ်နေရာမှာနေထိုင်သည်ဖြစ်စေ ဝန်ဆောင်မှု ရရှိစေရမည်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်သန်ထားချက်ကို ဖြည့်ဆည်း ပေးခြင်းပဲဖြစ်ပါတယ်။ တယ်လီနော သုံးစွဲသူတွေရဲ့ ၃၀ ရာခိုင်နှုန်းကျော်က တိုင်းရင်းသားများ နေထိုင်ရာ ပြည်နယ် ဒေသ တွေက ဖြစ်ပြီး ဒီလို ကျေးလက်ဒေသတွေနဲ့ တိုင်းရင်းသားတွေ နေထိုင်ရာ ပြည်နယ်ဒေသတွေမှာ ကျွန်တော်တို့ရဲ့ ကွန်ရက် ချဲ့ထွင်နေတဲ့ အချိန်မှာပဲ တယ်လီနော သုံးစွဲသူတွေ အားလုံးကို အရည်အသွေးကောင်းမွန်တဲ့ အင်တာနက်သုံးစွဲမှု အတွေ့ အကြုံ တွေကို ပေးအပ်ဖို့ကိုလည်း ဦးစားပေး ဆောင်ရွက်နေပါတယ်” ဟု တယ်လီနောမြန်မာ၏ Chief Executive Officer ဖြစ်သူ Lars Tellmann ကပြောကြားခဲ့ပါသည်။ "ဆက်သွယ်ချိတ်ဆက်နိုင်မှုဟာ တိုင်းရင်းသားဒေသတွေအတွက် အဓိကစိန်ခေါ်မှု ဖြစ်နေဆဲဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ဆက်သွယ်ရေးကွန်ရက် တိုးချဲ့ဖို့အတွက် မြန်မာနိုင်ငံ အနှံ့အပြားကနေ စိတ်ကျေနပ်စရာ ထောက်ခံမှုတွေရရှိနေပေမဲ့ ဝန် ဆောင်မှုပိုင်းဆိုင်ရာ အလျင်အမြန် တိုးတက်လာစေဖို့ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တဲ့ အခြေခံ အဆောက်အအုံ မျှဝေမှု ပိုင်းဆိုင်ရာမှာ တိုးတက်ဖို့ လိုအပ်နေပါသေးတယ် " ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တယ်လီနောသည် ၅ နှစ်အတွင်း မြန်မာနိုင်ငံ၏ လူဦးရေ ၉၀% အထိ မိုဘိုင်းချိတ်ဆက်မှုကို ပေးအပ်သွားမည် ဟု ရည်သန် ထားသည်။ လက်ရှိအချိန်တွင် တယ်လီနော၏ ကွန်ရက်သည် မြန်မာနိုင်ငံရှိ လူဦးရေ၏ ၈၆% ကို လွှမ်းခြံုထားသည်။ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် တာဝါတိုင် ရ၀၀၀ ထိ တည်ဆောက်သွားရန် မျှော်မှန်းထားပြီး ဝန်ဆောင်မှု အရည်အသွေး မြင့်မားလာစေရန်အတွက် ဆက်သွယ်မှုရရှိပြီး ဒေသများတွင် ကွန်ရက်၏ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာရန် ဆက်လက်၍ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ‘Blue Wave’ နှင့် ‘ဆင်းကတ်မှတ်ပုံတင်နေ့’

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တယ်လီနောအနေနှင့် ဆင်းကတ်လက်လီအရောင်းဆိုင်ပေါင်း ၈၀၀ ကျော် ဖွင့်လှစ်ပေးထားပြီး ဖြစ်သည်။ ယခုလက်ရှိတွင် တယ်လီနောအနေနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် အဓိက ဖြန့်ချိရောင်းချသူ ၂ ဦးနှင့် အလုပ်လုပ်ကိုင်နေပြီး တာချီလိတ်တွင်လည်း တယ်လီနောအရောင်းပြခန်း ၁ ခုတည်ရှိသည်။ တယ်လီနောအနေနှင့် အလျင်အမြန်ကွန်ရက်တိုးချဲ့လာခြင်း ကို ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် တိုးများလာသော ဆင်းကတ်လက်လီအရောင်းဆိုင် များ၊ ဖြန့်ချိရောင်းချသူများ နှင့် အရောင်းပြခန်းများ၏ အရေအတွက်က ဖော်ပြနေပါသည်။

ကွန်ရက်ချဲ့ထွင်မှုတစ်စိတ်တစ်ပိုင်းအနေနှင့် တယ်လီနောဝန်ထမ်း ၅၀ ကျော်သည် တာချီလိတ် နှင့် ကျိုင်းတုံတွင် ကျင်းပ ပြုလုပ်ခဲ့သော “Blue Wave” လှုပ်ရှားမှုများတွင်ပါဝင်ခဲ့ကြပြီး ဝန်ထမ်းများအနေနှင့် အဆိုပါ မြို့များတွင် တယ်လီနော ဝန်ထမ်းများက သုံးစွဲသူများ၊ ရောင်းချသူများနှင့် တိုက်ရိုက်လိုက်လံတွေ့ဆုံပြီး ဝန်ဆောင်မှုများကို ရှင်းပြခြင်းနှင့့် သုံးစွဲသူ များ၏ အတွေ့အကြံုများအား မေးမြန်းခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် နိုင်ငံတစ်ဝန်း ပြုလုပ်နေသည့် ‘ဆင်းကတ်မှတ်ပုံတင်နေ့များ’ ၏ တစ်စိတ်တစ်ပိုင်းအဖြစ်လည်း တယ်လီနောဝန်ထမ်းများအနေနှင့် ဆင်းကတ်မှတ်ပုံတင် ခြင်း နည်းလမ်းများနှင့် အကျိုးကျေးဇူးများကို လိုက်လံရှင်းပြခဲ့ပြီး လက်တွေ့ချက်ခြင်း မှတ်ပုံတင်နိုင်ရန် ကူညီပေးခဲ့ ကြပါသည်။ အာဇာနည်၊ ဘိုဖြူ၊ ပိုပို၊ ဇေယျ နှင့် တယ်လီနော ကာရာအိုကေ ချန်ပီယံ အောင်ထက်ခိုင်အပါအဝင် နာမည် ကျော်တေးသံရှင်များမှလည်း Blue Wave လှုပ်ရှားမှုများ၏ တစ်စိတ်တစ်ပိုင်းအနေနှင့် ကျင်းပသော ဖျော်ဖြေရေး အစီအစဉ်များတွင်ပါဝင်ခဲ့ကြပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ 
တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor