နည်းပညာတက္ကသိုလ်ကျောင်းသူ/သားများအတွက် အလုပ်ခွင်လေ့လာမှု အစီအစဉ် တယ်လီနောဆောင်ရွက်

21 October, 2017 - Yangon

မြန်မာနိုင်ငံရှိလူငယ်များနှင့် တက္ကသိုလ် ကျောင်းသူ/သားများ၏ တွေးခေါ်လုပ်ကိုင်နိုင်စွမ်း မြင့်မားစေရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာဗဟုသုတများတိုးတက်ပွားများစေရေးအထောက်အကူပြု စေရန် ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် နည်းပညာတက္ကသိုလ်ကျောင်းသူ/သားများအတွက်အလုပ်ခွင်လေ့လာမှုအစီအစဉ်ကိုတယ်လီနောကလက်ခံဆောင်ရွက်ပေးလျက် ရှိနေပြီ ဖြစ်ပါသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ နှင့် ၁၇ ရက်များတွင် ရန်ကုန် အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှ တတိယနှစ် ကျောင်းသူကျောင်းသား ၁၄၀ ဦးသည် အလုပ်ခွင် လေ့လာမှု အစီအစဉ်တစ်ရပ် အဖြစ် တယ်လီနောမြန်မာ၏ ရန်ကုန် ရုံးချုပ်သို့လာရောက်လေ့လာခဲ့ကြပါသည်။ ကျောင်းသူ/သားများသည် တယ်လီနော၏ မြန်မာနိုင်ငံတွင်းလုပ်ငန်းဆောင် ရွက်နေမှု များနှင့် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ပုံနည်းနာများ၊ လူငယ်နှင့် တက္ကသိုလ်ကျောင်းသားများအတွက် တယ်လီနောက ဆောင်ရွက်ပေးနေသော လေ့လာပညာရယူနိုင်မည့် အခွင့်အလမ်းများနှင့် အိုင်တီ၀န်ဆောင်မှုများကို စီမံခန့်ခွဲခြင်းနှင့် တယ်လီဖုန်းဆက်သွယ်ရေးကွန်ရက် ဆိုင်ရာအကြောင်းအရာများကိုလေ့လာခဲ့ကြပါသည်။

“လုပ်ငန်းခွင် လေ့လာရေးအစီအစဉ်တွေဟာလက်တွေ့လုပ်ငန်းခွင်တွေမှာအမှန်တကယ် လက်ရှိအသုံးချနေကြတဲ့ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ မိတ်ဆက်ပေးနိုင်သလိုလူငယ်တွေအတွက် အနာဂတ်မှာရရှိနိုင်မယ့် လေ့လာသင်ယူမှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ပါ ထိတွေ့မှု ရှိစေမှာ ဖြစ်တဲ့အတွက် တယ်လီနောအနေနဲ့ အခုလိုလုပ်ငန်းခွင် လေ့လာရေးအစီအစဉ်တွေကိုလက်ခံဆောင်ရွက်ပေးနိုင်တဲ့အပေါ် ၀မ်းမြောက်မိပါတယ်။ အခုလိုအလုပ်ခွင် လေ့လာရေးအစီအစဉ်တွေကို တယ်လီနောနဲ့ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ချုပ်ဆိုထားရှိတဲ့ တက္ကသိုလ်/ ကောလိပ်တွေကကျောင်းသူ/ သားတွေအတွက်ကိုလည်း စီစဉ် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ တယ်လီနောအနေနဲ့ အနာဂတ်မှာ လူငယ်တွေ ကျောင်းသူကျောင်းသားတွေတွေးခေါ်လုပ်ကို င်နိုင်စွမ်း မြင့်မားလာအောင် ကူညီဆောင်ရွက်မှု တွေကို ဆက်လက်ပြုလုပ်နေမှာ ဖြစ်ပါတယ်” ဟုတယ်လီနောမြန်မာ၏ Chief People Officer ဖြစ်သူRonny Bakke-Naevdal က ပြောကြားသည်။

တယ်လီနောသည် လူငယ်လူရွယ် ကျောင်းသူကျောင်းသားများအနေနှင့် သက်ဆိုင်ရာပညာသင်ကြားမှု နယ်ပယ်များမှ ဗဟုသုတများပိုမိုအားကောင်းလာစေရန်နှင့် လုပ်ငန်းခွင်ဝင်ရောက်ရာတွင် အသင့်အနေအထား ဖြစ်နေစေရေးအထောက်အကူ ဖြစ်စေရန် ပညာရေးပူးပေါင်းဆောင်ရွက်မှုများကိုတိုးမြှင့်ဆောက်ရွက်လျက်လည်းရှိပါသည်။ တယ်လီနောသည် ပညာရေးပူးပေါင်းဆောင်ရွက်မှုကတိက၀တ်များကို တက္ကသိုလ်နှင့်ကောလိပ် ၃ ခုဖြင့် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါသည်။ယင်းတို့မှာသန်လျင် နည်းပညာတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်နှင့် မှော်ဘီနည်းပညာတက္ကသိုလ် တို့ ဖြစ်ပါသည်။

ကတိက၀တ် သဘောတူညီမှုအရတယ်လီနောသည် တက္ကသို်လ်/ ကောလိပ်ကျောင်း သူကျောင်းသားများ အတွက် အသက်မွေးဝမ်းကျောင်းနှင့် ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးဟောပြောပွဲများ၊ အလုပ်ခွင် လေ့လာရေးသွားရောက်မှုများနှင့် အလုပ်သင်အစီအစဉ်များအား ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဆွေးနွေးဟောပြောပွဲ များတွင်အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့် တယ်လီနောရှိလေ့လာသင်ယူမှုနှင့် အရည်အသွေး တိုးတက်မှုဆိုင်ရာ အခွင့်အလမ်းများနှင့် ပတ်သက်၍ အဓိကဟောပြောသွားမည် ဖြစ်ပါသည်။ အလုပ်ခွင်လေ့လာရေး သွားရောက်မှုများတွင် ကျောင်းသူကျောင်းသားများအနေနှင့် ပညာရပ်ပိုင်းဆိုင်ရာ လုပ်ငန်းခွင်များဖြင့့်ကို ယ်တိုင်ကို ယ်ကျထိတွေ့လေ့လာခွင့် ရရှိမည် ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor