Press Release

ဒေတာပမာဏကို သုံးစွဲသူများ စိတ်တိုင်းကျ ထိန်းချုပ်နိုင်ရန် တယ်လီနော စီစဉ်

22 February, 2018 - Yangon

  • ဒေတာတန်တန် ဖြင့် ဒေတာကို ပိုမိုကြာမြင့်စွာ အသုံးပြုနိုင်မည် ဖြစ်ပြီး ဒေတာမြန်မြန် ဖြင့် တယ်လီနော ကွန်ရက်တွင် ရရှိနိုင်မည့် အလျင်မြန်ဆုံးသော ဒေတာအမြန်နှုန်းကို ရရှိ သုံးစွဲနိုင်မည် 
  • အဆိုပါ ပုံစံ၂ မျိုးကို Prepaid နှင့် postpaid အသုံးပြုသူများအားလုံး ကြိုက်နှစ်သက်ရာ အခမဲ့ ရွေးချယ် သုံးစွဲနိုင်မည် ဖြစ်ပြီး အချိန်မရွေး အခမဲ့ ပြောင်းလဲအသုံးပြုနိုင်မည် 

 နို်င်ငံတစ်ဝန်းရှိ တယ်လီနောအသုံးပြုသူများ ဒေတာသုံးစွဲမှုပမာဏကို ကိုယ်တိုင် စိတ်တိုင်းကျ ထိန်းချုပ်နိုင်ပြီး ကုန်ကျမှုလည်း ၂၀% အထိ သက်သာစေမည့် ‘ဒေတာတန်တန်’ နှင့် ‘ဒေတာမြန်မြန်’ အမည်ရှိ ဆန်းသစ်မှု အရှိဆုံး ဝန်ဆောင်မှုပုံစံသစ် ၂ မျိုးကို တယ်လီနောက ယနေ့ စတင် မိတ်ဆက် လိုက်ပါသည်။ prepaid နှင့် postpaid အသုံးပြုသူ နှစ်မျိုးလုံး အင်တာနက်အသုံးပြုရာတွင် ၎င်းတို့ ကြိုက်နှစ်သက်ရာ ဒေတာသုံးစွဲမှုပုံစံကို လိုအပ်သလို ပြောင်းလဲရွေးချယ်ခြင်းဖြင် အင်တာနက်အသုံးပြုခြင်းအတွက် ဖုန်းဘီလ်ကုန်ကျ စရိတ် ပမာဏအား ပိုမိုထိ်န်းချုပ်နိုင်ကာ အသုံးပြုမည့်နည်းလမ်းအပေါ် မူတည်၍ ကြိုက်နှစ်သက်ရာ အရည်အသွေးကို ရယူနိုင်မည် ဖြစ်သည်။
“မြန်မာနိုင်ငံက တယ်လီနောသုံးစွဲသူအားလုံး အင်တာနက်ကို ပိုပြီးတော့ကောင်းကောင်း အသုံးပြုနိုင်ဖို့အတွက် ဆန်းသစ်မှု အရှိဆုံး ဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို့ ကျွန်တော်တို့ အမြဲရည်မှန်းထားပါတယ်။ အခုဆိုရင် ကျွန်တော်တို့အနေနဲ့ ‘ဒေတာတန်တန်’ နဲ့ ‘ဒေတာမြန်မြန်’ လို့ ခေါ်တဲ့ ဆန်းသစ်တဲ့ ဒေတာဝန်ဆောင်မှုပုံစံ ၂ မျိုးကို ဝမ်းမြောက်စွာနဲ့ မိတ်ဆက်လိုက်ပါပြီ။ တယ်လီနောသုံးစွဲသူတွေထဲမှာ အင်တာနက်သုံးစွဲရတာကို ကြိုက်နှစ်သက်ပုံ အမျိုးမျိုး ရှိပါတယ်။ ဒီ ဒေတာဝန်ဆောင်မှု ပုံစံနည်းလမ်း ၂ မျိုးနဲ့ ကျွန်တော်တို့ရဲ့ကွန်ရက်ကို သုံးစွဲနေကြသူတွေ အနေနဲ့ ဒေတာအသုံးပြုမှုပမာဏ၊ ကုန်ကျစရိတ်နဲ့ အရည်အသွေးတွေကို အပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်လို့ အားလုံး အတွက် ထိရောက်တဲ့ အကောင်းမွန်ဆုံး ဖြေရှင်းချက်တွေထဲကတစ်ခု ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ စျေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Joslin Myrthong က ပြောကြားသည်။

Joslin က ဆက်လက်၍ “ဒေတာတန်တန်နဲ့ ဒေတာမြန်မြန် ပုံစံ ၂ မျိုးစလုံးမှာ မတူညီတဲ့ အားသာချက်တွေ ကိုယ်စီ ရှိကြပါတယ်။ ဒေတာတန်တန်ကို သုံးတဲ့အခါ ဒေတာအမြန်နှုန်း သတ်မှတ်ချက်ရှိသွားတာကြောင့် လူကြိုက်များတဲ့ အက်ပလီကေးရှင်းတွေကို အသုံးပြုတဲ့နေရာမှာ ပုံရိပ်အရည်အသွေးကို ထိန်းညှိနိုင်တဲ့အတွက် ကုန်ကျငွေ ၂၀ ရာခိ်ုင်နှုန်း အထိ သက်သာသွားမှာဖြစ်ပြီးတော့ ဒေတာအများကြီး သုံးမိမလားဆိုတာကိုလည်း ပူပန်နေစရာ မလိုတော့ ပါဘူး။ အသုံးပြုသူတွေအနေနဲ့ ဒီဝန်ဆောင်မှုကို အသုံးပြုခြင်းအားဖြင့် သူတို့ရဲ့ မိုဘိုင်းဖုန်းနဲ့ သင့်တော်တဲ့ အရည်အသွေးရှိတဲ့ အွန်လိုင်းဗီဒီယိုတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ‘ဒေတာမြန်မြန်’ ကတော့ တယ်လီနော 4G ကွန်ရက်ပေါ်မှာ ရရှိနို်င်တဲ့ အမြင့်ဆုံး အမြန်နှုန်းနဲ့ အင်တာနက်ကို သုံးစွဲနိုင်မှာ ဖြစ်လို့ ဗီဒီယိုကြည့်တာနဲ့ ဂိမ်းကစားရတာတွေကို ကြိုက်နှစ်သက်တဲ့သုံးစွဲသူတွေအကြား ရေပန်းစားလာမယ့် ပုံစံပါပဲ။ ကျွန်တော်တို့ အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် အခုလိုမျိုး ကောင်းမွန်လှတဲ့ ဆန်းသစ်တီထွင်မှုတွေကို ပေးအပ်နိုင်ခဲ့တဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားမိပြီး အနာဂတ်မှာလည်း ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ဆက်လက်ပေးအပ်နိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ငွေကြေးကို စေ့စေ့စပ်စပ် အသုံးပြုလိုသူများအတွက် ‘ဒေတာတန်တန်’ ပုံစံတွင် ဒေတာကို ပုံမှန်အမြန်နှုန်းအတိုင်း ဆက်လက်ထိန်းညှိကာ မိမိဖုန်းလက်ကျန်ငွေနှင့် လက်ကျန်ဒေတာပမာဏကို အချိန်ကာလကြာမြင့်စွာ သုံးစွဲနိုင် မည်ဖြစ်သည်။ 

ထို့အပြင် ဒေတာအများအပြား အသုံးပြုသူများအနေဖြင့် ‘ဒေတာမြန်မြန်’ အား ရွေးချယ်ကာ တယ်လီနောကွန်ရက်၏ အမြင့်ဆုံးအမြန်နှုန်းဖြင့် အရည်အသွေးမြင့် HD ပုံရိပ်များကို ခံစားကြည့်ရှုနိုင်မည်ဖြစ်သည်။ ဤအစီအစဉ်သည် အရည် အသွေးမြင့် HD ဗီဒီယိုများနှင့် မိုဘိုင်းဂိမ်းများကို အသုံးပြုလေ့ရှိသူများအတွက် အသင့်တော်ဆုံးဖြစ်သည်။ သုံးစွဲသူများ အနေဖြင့် ဤအစီအစဉ် ၂ ခုကို လိုအပ်သလို စိတ်တိုင်းကျ အချိန်မရွေး အခမဲ့ ပြောင်းလဲအသုံးပြုနိုင်မည် ဖြစ်သည်။
‘ဒေတာတန်တန်’ ပုံစံကို အသုံးပြုလိုသူများသည် *979*11*1# ကို ဖုန်းခေါ်ဆို၍ဖြစ်စေ၊  ‘TAN’ ဟု ရိုက်နှိပ်ကာ 500 သို့ စာတိုပေးပို့၍ဖြစ်စေ အချိန်မရွေးအသုံးပြုနိုင်သည်။ ‘ဒေတာမြန်မြန်’ ကို ပြောင်းလဲအသုံးပြုလိုပါက *979*11*2# ကို ခေါ်ဆို၍ဖြစ်စေ၊ 500 သို့ ‘MYAN’ ဟု စာတိုပေးပို့ခြင်းဖြင့်ဖြစ်စေ ပြန်လည်ပြောင်းလဲနိုင်သည်။ အသုံးပြုသူများ အနေဖြင့် ဤအစီအစဉ် ၂ ခုကို ပြောင်းလဲအသုံးပြုရာတွင် မည်သည့်အခကြေးငွေကိုမှ ထပ်မံပေးချေစရာမလိုဘဲ မိမိအသုံးပြုသော ဒေတာပမာဏအတွက် ပုံမှန်နှုန်းထားအတိုင်းသာ ပေးချေရမည် ဖြစ်သည်။
တယ်လီနောမြန်မာသည် လက်ရှိတွင် အကြီးမားဆုံးနှင့် အလျင်မြန်ဆုံး ကျယ်ပြန့်လာနေသည့် ဒေတာကွန်ရက်မှ တဆင့် မြန်မာနိုင်ငံတစ်ဝန်းရှိ သုံးစွဲသူပေါင်း ၁၉ သန်းကျော်ကို ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။ ထို့အပြင် သွားလာရခက်ခဲသည့် ကျေးလက်ဒေသများအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးကို ကွန်ရက်ဖြန့်ကျက်ထား ကာ လက်ရှိတွင် မြန်မာနိုင်ငံအတွင်း အကြီးမားဆုံးသော ကွန်ရက်ပိုင်ဆိုင်သည့် အော်ပရေတာတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေသည်။ မကြာသေးမီက ချင်းပြည်နယ်တွင် တယ်လီနော၏ 4G ကွန်ရက် ဝန်ဆောင်မှုများအား စတင်ပေးအပ်နိုင်ခဲ့သည့်အတွက် တယ်လီနောသည် နိုင်ငံအတွင်း အကောင်းမွန်ဆုံးသော 4G ကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားပြီး နိုင်ငံတစ်ဝန်းရှိ မြို့ကြီးနှင့် မြို့နယ်ပေါင်း ၁၃၀ နီးပါးကို လွှမ်းခြုံထားပြီး ဖြစ်သည်။TELENOR MYANMAR MEDIA CONTACTS

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

Yangon
My Telenor