ဒီဇင်ဘာလအတွင်း "ဆင်းကတ်မှတ်ပုံတင်နေ့များ"ကို နိုင်ငံတစ်ဝှမ်းရှိ မြို့နှင့် ကျေးရွာ ၈၀၀ ခန့်တွင် ကျင်းပ သွားမည်

09 December, 2016 - Yangon

  • ဒီဇင်ဘာလအတွင်းတွင် ‘ဆင်းကတ်မှတ်ပုံတင်နေ့များ’ကို တိုင်းဒေသကြီး ၆ ခု၊ ပြည်နယ် ၄ ခုနှင့် နေပြည်တော် တွင် ပြုလုပ်လျက်ရှိ
  • မြို့ကြီး၊ မြို့ငယ်နှင့် ကျေးရွာများတွင်ပါ ‘ဆင်းကတ်မှတ်ပုံတင်နေ့များ’ကို အပတ်စဉ်နှင့် လစဉ် ကျင်းပလျက်ရှိ

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) သည် ဒီဇင်ဘာလအတွင်းတွင် တိုင်းဒေသကြီး ၆ ခု၊ ပြည်နယ် ၄ ခုနှင့် နေပြည်တော်တို့၌ ‘ဆင်းကတ် မှတ်ပုံတင်နေ့များ’ ကို ဆက်တိုက် ပြုလုပ်ပေးလျက် ရှိပါသည်။ ဆင်းကတ် မှတ်ပုံတင်ခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြော ကြားခြင်း၊ ချက်ခြင်းလက်ငင်း မှတ်ပုံတင် နိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးသည့် ‘ဆင်းကတ် မှတ်ပုံတင်နေ့များ’ကို တယ်လီနောက နိုင်ငံ အနှံ့ အပတ်စဉ်နှင့် လစဉ် အင်တိုက်အားတိုက် ပြုလုပ်လျက် ရှိပါသည်။

ယင်းနေ့ကို ရန်ကုန်တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး ဆင်းကတ်မှတ်ပုံတင်သူများကို လက်ဆောင်များ ပေးအပ်မည် ဖြစ်ပါသည်။ ဒီဇင်ဘာလ အတွင်းတွင် တယ်လီနော ၀န်ထမ်းများ နှင့် တယ်လီနော၏ ဖြန့်ချီရေးကိုယ်စားလှယ် ၀န်ထမ်းများသည် နေပြည်တော်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ဧရာဝတီ၊ မကွေး၊ စစ်ကိုင်း၊ကချင်၊ရခိုင်၊မွန်နှင့်ကရင်တို့ရှိ မြို့နှင့် ကျေးရွာပေါင်း ၈၀၀ ခန့်တွင် ဆင်းကတ်မှတ်ပုံတင် နေ့များကို ကျင်းပပြီး သုံးစွဲသူများ အလွယ်တကူ မှတ်ပုံတင် နိုင်ရန် ကူညီ ဆောင်ရွက်ကြမည် ဖြစ်ပါသည်။

ယင်းနေ့များတွင် တယ်လီနော ဝန်ထမ်းများက သုံးစွဲသူများနှင့် တိုက်ရိုက် လိုက်လံတွေ့ဆုံပြီး ဆင်းကတ်ကို လွယ်ကူစွာ မှတ်ပုံတင်ရန် နည်းလမ်းများနှင့် မှတ်ပုံတင်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းပြကြပြီး လက်တွေ့ ချက်ခြင်း မှတ်ပုံတင်နိုင်ရန် ကူညီပေးကြ မည်ဖြစ်ပါသည်။ ဆင်းကတ်ကို မှတ်ပုံတင်ထားခြင်းဖြင့် သုံးစွဲသူများအနေနှင့် မိုဘိုင်းမှတစ်ဆင့် ဆောင်ရွက် နိုင်သော ငွေရေး ကြေးရေး ဝန်ဆောင်မှုများကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မည် ဖြစ်ပြီး ဆင်းကတ်ပျောက်ဆုံးခြင်း သို့မဟုတ် ဝန်ဆောင်မှု ဆိုင်ရာ ပြဿနာများ ရှိလာပါက ဖြေရှင်းနိုင်သည့် အကျိုးကျေးဇူးများကို ရရှိကြမည် ဖြစ်ပါသည်။

သုံးစွဲသူများ အနေဖြင့် မိမိအဆင်ပြေသည့် အချိန်တွင် ဆင်းကတ်များကို အလွယ်တကူ မှတ်ပုံတင်နိုင်ရန် အွန်လိုင်းချန်နယ် များအပြင် လူကိုယ်တိုင်သွား၍ မှတ်ပုံတင်နိုင်မည့် ဆိုင်များကိုလည်း နိုင်ငံတစ်ဝှမ်းတွင် ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။ ယင်း ချန်နယ်များမှ တစ်ဆင့် သုံးစွဲသူများသည် ၎င်းတို့၏ ဆင်းကတ်များကို လွယ်ကူစွာ မှတ်ပုံတင်နိုင်ပါသည်။ ထို့အပြင် လိုအပ်သော အထောက်အထားများနှင့် verification ကုတ်နံပါတ် လက်ခံနိုင်သည့် အသုံးပြုဆဲ ဆင်းကတ်တို့ ရှိပါက မိသားစုဝင်များ၊ မိတ်ဆွေများအတွက်ပါ ကိုယ်စား မှတ်ပုံတင်ပေးနိုင်မည် ဖြစ်သည်။

အွန်လိုင်းမှ တစ်ဆင့်မှတ်ပုံတင်ရန် သုံးစွဲသူများအနေနှင့် မည်သည့် မိုဘိုင်းလ် (သို့) ဝိုင်ဖိုင်အင်တာနက် ကွန်ရက်မှ မဆို http://ecaf.telenor.com.mm သို့ ဝင်ရောက်ပြီး မှတ်ပုံတင်နိုင်မည် ဖြစ်သည်။ မိုဘိုင်းလ် အက်ပလီကေးရှင်းမှ တဆင့် မှတ်ပုံတင်ရန်အတွက် အန်းဒရိုက်ဖုန်းဖြစ်စေ အိုင်ဖုန်းဖြစ်စေ ‘My Telenor’ app ကို http://bit.ly/mytelenor24 တွင် ဒေါင်းလုဒ်ရယူနိုင်မည် ဖြစ်သည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ 
တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor