Press Release

ဒစ်ဂျစ်တယ် နည်းပညာ သင်တန်းများ အခမဲ့ ပေးအပ်သွားမည့် အလင်းအိမ် စင်တာများ ကရင်ပြည်နယ်တွင် ဖွင့်လှစ်

16 February, 2019 - Yangon

  • သံတောင်ကြီးမြို့နယ်ရှိ ယာဒိုနှင့် ကျေးကတော့ကျေးရွာများရှိ တယ်လီနော၏ အလင်းအိမ်စင်တာများတွင် အခမဲ့ အင်တာနက်နှင့် ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှု သင်တန်းများကို လူငယ်များ တက်ရောက်သင်ကြားနိုင်ပြီ ဖြစ်
  • စတင်ဆောင်ရွက်သည့် အချိန်မှစ၍ တယ်လီနော၏ အလင်းအိမ်စင်တာများမှ လူငယ် စုစုပေါင်း ၁၅၀,၀၀၀ ခန့်ကို ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုသင်တန်းများ ပေးအပ်နိုင်ခဲ့ပြီး ဖြစ်

နိုင်ငံ၏ အနာဂတ် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား အထောက် အကူပေးနိုင်မည့် ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှု မြှင့်တင်ရန်နှင့် ကောင်းမွန်သော ဒစ်ဂျစ်တယ် လုပ်သားအင်အား တစ်ရပ် တည်ဆောက်ရာတွင် ပံ့ပိုးပေးရန် ရည်သန်ချက်ဖြင့် တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိ တိုင်းနှင့် ပြည်နယ်အသီးသီးတွင် အလင်းအိမ်စင်တာများကို ဖွင့်လှစ်ပေးလျက်ရှိရာ ယခုနှစ်ဖေဖော်ဝါရီလ အစောပိုင်းတွင် လည်း အလင်းအိမ်စင်တာသစ် နှစ်ခုကို ကရင်ပြည်နယ်အတွင်း ဖွင့်လှစ်ပေးခဲ့သည်။

လူငယ်များနှင့် ကလေးငယ်များအတွက် ဒစ်ဂျစ်တယ်နည်းပညာ တတ်မြောက်မှု သင်တန်းများနှင့် အင်တာနက်တို့ကို အခမဲ့တက်ရောက်သုံးစွဲနိုင်မည့် တယ်လီစင်တာဝန်ဆောင်မှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ အလင်းအိမ် စင်တာများနှင့် KMD စင်တာ ၁၃၆ ခုမှတဆင့် ပေးအပ်လျက်ရှိသည်။ ယာဒိုနှင့် ကျေးကတော့ ကျေးရွာများတွင် အလင်းအိမ်စင်တာသစ်များဖွင့်လှစ်လိုက်ခြင်းကြောင့် တယ်လီနောအနေဖြင့် နိုင်ငံတလွှားတွင် တယ်လီစင်တာပေါင်း ၂၂၆ ခု ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ရာ မြန်မာနိုင်ငံအစိုးရကို လိုင်စင်ကတိကဝတ်ပြုထားသည့်ထက် ကျော်လွန်ခဲ့ပြီဖြစ်သည်။

မကြာသေးမီက စတင်ဖွင့်လှစ်ခဲ့သည့် သံတောင်ကြီးမြို့နယ်ရှိ ယာဒိုနှင့် ကျေးကတော့ကျေးရွာတို့ရှိ အလင်းအိမ် စင်တာသစ်များ အပါအဝင် နိုင်ငံတဝန်းတွင် အခမဲ့ဒစ်ဂျစ်တယ် နည်းပညာတတ်ကျွမ်းမှု သင်တန်းများကို ပေးအပ်နေ သည့် တယ်လီနောအလင်းအိမ်စင်တာ စုစုပေါင်း ၆၂ ခု ရှိပြီဖြစ်သည်။ တယ်လီနော၏ အလင်းအိမ်စင်တာ အစီအစဉ် သည် မိုဘိုင်းဖုန်းကို ထိရောက်စွာ အသုံးပြုနည်း၊ မိုဘိုင်းအင်တာနက် အသုံးပြုနည်း၊ Viber၊ အီးမေးလ်နှင့် Facebook ဖေ့ဘွတ် အသုံးပြုနည်း၊ အင်တာနက်တွင် မိမိလိုအပ်သည့် အချက်အလက်များကို ရှာဖွေနည်း၊ အင်တာနက်မှတဆင့် အင်္ဂလိပ်စာ ဘာသာရပ်အား ကိုယ်တိုင်သင်ယူလေ့လာနည်း စသည်တို့ ပါဝင်သည့် ဒစ်ဂျစ်တယ် နည်းပညာ ကျွမ်းကျင်မှု သင်တန်းများအား လူငယ်ပေါင်း ၁၅၀,၀၀၀ ခန့်ကို ပေးအပ်နိုင်ခဲ့ပြီး ဖြစ်သည်။

“အခု ကျေးရွာနှစ်ရွာလုံးဟာ အရမ်းကို ဝေးလံတဲ့ဒေသတွေမှာ တည်ရှိပါတယ်။ ယာဒိုကျေးရွာဟာဆိုရင် အနီးဆုံး မြို့ကြီးဖြစ်တဲ့ လွိုင်ကော်ကနေ ၃ နာရီကြာ မောင်းရတဲ့နေရာမှာတည်ရှိပြီး ကျေးကတော့ကျေးရွာကို ရောက်ဖို့ဆိုရင် လည်း ၈ နာရီကြာ မောင်းရပါတယ်။ ဒီကျေးရွာနှစ်ရွာလုံးဟာ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့ ထိစပ်နေတဲ့နယ်စပ်နားမှာ တည်ရှိတဲ့အတွက် ဒီဒေသတွင်းမှာရှိတဲ့ ပြည်သူလူထုတွေအနေနဲ့ ယာဒိုနဲ့ ကျေးကတော့မှာ အခုအသစ်ဖွင့်လှစ်လိုက်တဲ့ အလင်းအိမ်စင်တာတွေက ပေးအပ်သွားမယ့် အခမဲ့ဒစ်ဂျစ်တယ် နည်းပညာကျွမ်းကျင်မှု သင်တန်းတွေကနေတဆင့် သူတို့ရဲ့ လူနေထိုင်မှုဘဝတွေကို မြှင့်တင်သွားနိုင်မယ့်အပြင် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေကိုလည်း ရယူပိုင်ဆိုင်သွားနိုင်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အလင်းအိမ်စင်တာတွေဟာ ဝေးလံလှတဲ့ ကျေးလက်ဒေသတွေအထိ ရောက်ရှိနေပြီး ဒေသခံပြည်သူလူထုတွေရဲ့ ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုတွေကို ကူညီမြှင့်တင်ပေးနေတာကို တွေ့ရတဲ့အတွက် အရမ်းကိုဝမ်းမြောက်မိပြီး အနာဂတ်မှာလည်း ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု တယ်လီနောမြန်မာ၏ ရေရှည်တည်တံ့သော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍ တာဝန်ခံ ဦးမင်းသူက ပြောကြားသည်။

နိုင်ငံတဝန်းရှိ လူငယ်များအား အခမဲ့ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှု သင်တန်းများ ပေးအပ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ မြို့ပြနှင့်ကျေးလက်ဒေသအကြား ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှု ကွာဟချက်အား လျှော့ချပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွံ့ဖြိုးမှုအတွက် မြန်အိုင်စီတီအဖွဲ့ (MIDO) ၏ ပူးပေါင်းမှုဖြင့် တယ်လီနောက အလင်းအိမ်စင်တာအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ တယ်လီနော၏ အလင်းအိမ်စင်တာများအား ဒေသခံ လူမှုစွန့်ဦး တီထွင်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ကာ သတင်းအချက်အလက်ပိုင်း ဆိုင်ရာနှင့် ဒစ်ဂျစ်တယ်နည်းပညာပိုင်း ဆိုင်ရာ သင်တန်းများအား ပေးအပ်နေသည့် လူမှုစီးပွားရေးလုပ်ငန်းများအဖြစ် အများလက်လှမ်းမီနိုင်ပြီး စီးပွားရေးအရလည်း ရေရှည်တည်တံ့နိုင်စေရန် စီမံလည်ပတ်နေခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ကျေးရွာဟာ အထင်ကရ မြို့ကြီးတွေနဲ့ အလွန်အလှမ်းဝေးတဲ့ နေရာဒေသမှာ တည်ရှိနေပေမယ့် နည်းပညာရဲ့ အကျိုးကျေးဇူးတွေနဲ့ဆိုရင်တော့ နိုင်ငံတွင်းက အခြားနေရာဒေသတွေနဲ့တင်မကပဲ ကမ္ဘာတဝန်းနဲ့ပါ ဆက်သွယ်ချိတ်ဆက်သွားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီလို ဆက်သွယ်ချိတ်ဆက်နိုင်စွမ်းတွေ ရရှိလာ နိုင်ဖို့အပြင် အခုလို လျင်လျင်မြန်မြန် တိုးတက်ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်မှာ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ကို ရယူသွားနိုင်ဖို့ အဓိကသော့ချက်တစ်ခုဖြစ်တဲ့ ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတတွေ၊ ကျွမ်းကျင်မှုတွေ ကို လေ့လာနိုင်မယ့် အခွင့်အလမ်းတွေ ရရှိဖို့ဆိုတာကလည်း ကျွန်တော်တို့အတွက် အလွန်အရေးပါလှပါတယ်။ ဒါကြောင့်မို့လို့ အခုလို အလင်းအိမ်စင်တာကို တည်ဆောက်ပေးခဲ့တဲ့အတွက် တယ်လီနောမြန်မာကို ရာဒိုကျေးရွာမှာ နေထိုင်သူတွေရဲ့ ကိုယ်စားအထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ အလင်းအိမ်စင်တာကနေ ပေးအပ်သွား မယ့်သင်တန်းတွေကနေတဆင့် ဒေသခံလူငယ်တွေအနေနဲ့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဗဟုသုတတွေ၊ ကျွမ်းကျင်မှုတွေ ကို ရယူပိုင်ဆိုင်နိုင်သွားမယ်လို့ ကျွန်တော်ယုံကြည်မျှော်လင့်မိပါတယ်” ဟု ယာဒိုကျေးရွာရှိ အလင်းအိမ်စင်တာအား ဦးဆောင်လုပ်ကိုင်သွားမည့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ စောဂေဘရီရယ်လ်ထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏အနာဂတ်အတွက် လိုအပ်သည့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများနှင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ လုပ်သား အင်အား ပိုမိုမြင့်တက်လာစေရန်အတွက် တယ်လီနောမြန်မာသည် တယ်လီနော အမ်ဘီအေပညာသင်ဆုများ၊ ဒစ်ဂျစ်တယ်နည်းပညာသင်တန်းများနှင့် နော်ဝေနိုင်ငံ၊ အော်စလိုရှိ နိုဘယ်ငြိမ်းချမ်းရေးစင်တာနှင့် ပူးပေါင်းလုပ်ဆောင် လျက်ရှိသည့် တယ်လီနော လူငယ်ဖိုရမ်အပါအဝင် အစီအစဉ်ပေါင်းများစွာကိုလည်း လုပ်ဆောင်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အကောင်းမွန်ဆုံးသော 2G/3G/4G ကွန်ရက်အား ပိုင်ဆိုင်ထား ကာ နိုင်ငံတဝန်းတွင် ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၃၀၀ ကျော်၊ အရောင်းဆိုင်ပေါင်း ၁၀၀,၀၀၀ ကျော်မှတဆင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးမှ အသုံးပြုသူပေါင်း ၁၈ သန်းကျော်အား ဝန်ဆောင်မှု များ ပေးအပ်လျက် ရှိသည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share