Press Release

ထိုင်းနိုင်ငံသို့မကြာခဏသွားရောက်သူများ စျေးနှုန်းအသက်သာဆုံးဖြင့်အင်တာနက် သုံးနိုင်မည့် အစီအစဉ်သစ် တယ်လီနော မိတ်ဆက်

21 February, 2019 - Yangon

  • တယ်လီနော၏ prepaid နှင့် star postpaid အသုံးပြုသူများ ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ် စာရင်းပေးသွင်းခ ၉၉၉ ကျပ်မျှဖြင့် ၃ ရက်ကြာ အင်တာနက်အသုံးပြုသွားနိုင်မည် ဖြစ်

ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်နေကြသော သို့မဟုတ် သွားရောက်လည်ပတ်ကြသော တယ်လီနော prepaid နှင့် star postpaid အသုံးပြုသူများ အားလုံးအတွက် နိုင်ငံရပ်ခြား အင်တာနက်အသုံးပြုနိုင်မည့် အထူးအစီအစဉ်တစ်ရပ်အား တယ်လီနောမြန်မာက စတင်မိတ်ဆက် လိုက်ပြီဖြစ်သည်။ တယ်လီနောအသုံးပြုသူများအနေဖြင့် ဤပရိုမိုးရှင်းအစီအစဉ်ကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ် တွင် စာရင်းပေးသွင်းခ ၉၉၉ ကျပ်မျှဖြင့် အင်တာနက်ကို အပူအပင်မရှိ လွယ်ကူစွာ အသုံးပြုနိုင်တော့မည် ဖြစ်သည်။

အဆိုပါ ပရိုမိုးရှင်းအား တစ်ကြိမ်စာရင်းပေးသွင်းလိုက်သည်နှင့် တပြိုင်နက် ၃ ရက်ကြာ (၇၂ နာရီ) အင်တာနက် အသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး သုံးစွဲသူများအနေနှင့် တစ်ရက်တာလျှင် ဒေတာပမာဏ 1 GB အား အမြင့်ဆုံးရရှိ နိုင်မည့် အင်တာနက်အမြန်နှုန်းဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး သတ်မှတ်ထားသော ဒေတာပမာဏ (1 GB) ကုန်ဆုံးသွား ပါကလည်း သတ်မှတ်အမြန်နှုန်း တစ်စက္ကန့်လျှင် 256 ကီလိုဘိုက်ဖြင့် ဆက်လက်အသုံးပြုသွားနိုင်မည် ဖြစ်သည့် အတွက် အီးမေးလ်စစ်ခြင်း၊ လူမှုကွန်ရက်များ အသုံးပြုခြင်း အစရှိသည်တို့အား အပူအပင်မရှိ ဆက်လက် လုပ်ဆောင် နိုင်မည်ဖြစ်သည်။

“ထိုင်းနိုင်ငံဟာ မြန်မာလူမျိုးတွေအတွက် အပန်းဖြေခရီးထွက်ဖို့ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စအတွက်ပဲဖြစ်ဖြစ် အသွားအလာ အများဆုံးနိုင်ငံတစ်ခု ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိရှိထားပါတယ်။ အခုနောက်ဆုံးမိတ်ဆက်လိုက်တဲ့ နိုင်ငံရပ်ခြား အင်တာနက် အသုံးပြုမှုအစီအစဉ်နဲ့အတူ ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်သူတွေအနေနဲ့ အင်တာနက်ကို အပူအပင်မရှိဘဲ အသက်သာဆုံးနှုန်းထားနဲ့ အသုံးပြုသွားနိုင်တော့မှာ ဖြစ်ပါတယ်။ အသုံးပြုသူတွေဟာ မြန်မာငွေ ၉၉၉ ကျပ် အသုံးပြုရုံမျှနဲ့ ထိုင်းနိုင်ငံမှာရှိနေစဉ် သူတို့ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မပြတ် နေနိုင်မှာဖြစ်ပြီး ရုံးလုပ်ငန်းကိစ္စတွေကိုလည်း အလွယ်တကူလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ ထိုင်းနိုင်ငံကို ရောက်ရှိနေစဉ် ကာလတစ်လျှောက်လုံးမှာ အင်တာနက်ကုန်ကျစားရိတ်အတွက် တစ်စုံတစ်ရာ ပူပင်စရာ မလိုတော့သလို ဆင်းမ်ကတ်ပြောင်းသုံးစရာလည်း မလိုတော့ဘဲ သူတို့ရဲ့ နေ့စဉ်ဘဝအတွက် အရေးပါတဲ့ အရာတွေနဲ့ ဆက်လက် အဆက်အသွယ်မပြတ်ရှိနေနိုင်မှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ စျေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Amaresh Kumar က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် အင်တာနက်သုံးစွဲရသည့် ယခင်ပုံမှန်နှုန်းထားမှာ ၁ မဂ္ဂါဘိုက်လျှင် ၁၅ ကျပ်မျှ ကျသင့်သော်လည်း ယခု ပရိုမိုးရှင်းကာလအတွင်း တယ်လီနောအသုံးပြုသူများသည် ၉၉၉ ကျပ် ပေးသွင်းရုံမျှဖြင့် ၃ ရက်ကြာ အင်တာနက် အား အပူအပင်မရှိ အသုံးပြုသွားနိုင်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ စတင်၍ ထပ်မံမကြေညာမီအချိန် အထိ တယ်လီနော၏ prepaid နှင့် star postpaid အသုံးပြုသူများသည် အဆိုပါ ပရိုမိုးရှင်းအား MyTelenor app မှ တဆင့် ဖြစ်စေ၊ သို့မဟုတ် 500 သို့ ‘Thai3’ သို့ စာတိုပေးပို့ခြင်းဖြင့် ဖြစ်စေ ရယူသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် တယ်လီနော၏ prepaid အသုံးပြုသူများသည် *979*2*5*6# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ၊ Star Postpaid အသုံးပြုသူ များသည် *999*1*1*12# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ အဆိုပါ ပရိုမိုးရှင်းအစီအစဉ်အား အလွယ်တကူ ရယူသွားနိုင် မည် ဖြစ်သည်။

ပိုမိုကျယ်ပြန့်နေသည့် တယ်လီနော၏ နိုင်ငံတကာ roaming ကွန်ရက်

တယ်လီနော ဆင်းမ်ကတ်အသုံးပြုနိုင်သော နိုင်ငံများ၊ roaming မိတ်ဖက် မိုဘိုင်းအော်ပရေတာများ ပိုမိုတိုးပွားလာ သည်နှင့်အမျှ အသုံးပြုသူများ ခရီးသွားလာနေစဉ်သော်လည်းကောင်း၊ နိုင်ငံတွင်းမှတဆင့် နိုင်ငံပြင်ပရှိ မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများနှင့့် ဆက်သွယ်နိုင်ရန်သော်လည်းကောင်း ရည်ရွယ်၍ လွယ်ကူသက်သာသော ဝန်ဆောင်မှု များကို တယ်လီနောက ပေးအပ်လျက်ရှိသည်။ ယခုလက်ရှိတွင် တယ်လီနောအသုံးပြုသူများသည် ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၁၂၅ နိုင်ငံသို့ရောက်ရှိနေစဉ်တွင် မိတ်ဖက်အော်ပရေတာပေါင်း ၁၇၁ ခု၏ကွန်ရက်ကို ချိတ်ဆက် အသုံးပြု နိုင်နေပြီဖြစ်သည်။ တယ်လီနော၏ 4G roaming ၀န်ဆောင်မှုအား လက်ရှိတွင် တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ယူအေအီး၊ ကနေဒါ၊ မကာအို၊ ထိုင်ဝမ်၊ နယူးဇီလန်၊ ဆွီဒင်၊ ဘယ်လ်ဂျီယံနှင့် နော်ဝေနိုင်ငံများတွင် သုံးစွဲနိုင်ပြီ ဖြစ်ပြီး အခြားသောနိုင်ငံများတွင်ပါ သုံးစွဲနိုင်စေရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ အလားတူပင် ပြည်ပ နိုင်ငံ ပေါင်း ၁၃၄ နိုင်ငံမှ မိတ်ဖက်အော်ပရေတာပေါင်း ၂၂၇ ခု၏ သုံးစွဲသူများအနေဖြင့်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိ နေစဉ်အတွင်း တယ်လီနောကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်နေပြီ ဖြစ်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Telenor
Share Share