Press Release

တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၂ ခုရှိ တယ်လီနော၏အလင်းအိမ် စင်တာများတွင် ဆင်းကတ် မှတ်ပုံတင်ခြင်းများ စတင်ဆောင်ရွက်နိုင်

16 December, 2016 - Yangon

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) ၏ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင်ရှိသော အလင်းအိမ်စင်တာများ တွင် ဆင်းကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ပေးနေပြီဖြစ်သည်။ အလင်းအိမ် စင်တာများသည် ပြည်တွင်းစွန့်ဦးတီထွင် လုပ်ငန်းရှင်များမှနေ၍ ၎င်းတို့ နေထိုင်ရာ လူ့အဖွဲ့အစည်းများကြား ဒစ်ဂျစ်တယ်ပညာရေးစနစ် တိုးမြင့်လာစေရန် ရည်ရွယ်ချက်ဖြင့် ဦးစီးဆောင်ရွက်ပေးနေသော လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းများဖြစ်သည်။ တယ်လီနောသည် ဆင်းကတ်များအား မှတ်ပုံတင်ခြင်းဖြင့် အသုံးပြုသူများ ရရှိလာမည့် အကျိုးကျေးဇူးများကို ပိုမိုပြည့်ဝစွာ ခံစားနိုင်စေရန် အားပေးကူညီမှု တစ်ရပ်အဖြစ် ဆင်းကတ်မှတ်ပုံတင်ခြင်း လုပ်ငန်းများအား ပြုလုပ်ရန် အလင်းအိမ် စွန့်ဦးတီထွင်သူများနှင့် ထပ်မံ ပူးပေါင်းလိုက်ခြင်းဖြစ်သည်။

အလားတူပင် တယ်လီနော သည် ဒီဇင်ဘာလအတွင်းတွင် တိုင်းဒေသကြီး ၆ ခု၊ ပြည်နယ် ၄ ခုနှင့် နေပြည်တော်တို့၌ ‘ဆင်းကတ် မှတ်ပုံတင်နေ့များ’ ကို ဆက်တိုက် ပြုလုပ်ပေးလျက် ရှိပါသည်။ ဆင်းကတ် မှတ်ပုံတင်ခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြော ကြားခြင်း၊ ချက်ခြင်းလက်ငင်း မှတ်ပုံတင် နိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးသည့် ‘ဆင်းကတ် မှတ်ပုံတင်နေ့များ’ကို တယ်လီနောက နိုင်ငံ အနှံ့ အပတ်စဉ်နှင့် လစဉ် အင်တိုက်အားတိုက် ပြုလုပ်လျက် ရှိပါသည်။ တယ်လီနော ၀န်ထမ်းများ နှင့် တယ်လီနော၏ ဖြန့်ချိရေးကိုယ်စားလှယ် ၀န်ထမ်းများသည် နေပြည်တော်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ဧရာဝတီ၊ မကွေး၊ စစ်ကိုင်း၊ကချင်၊ရခိုင်၊မွန်နှင့်ကရင်တို့ရှိ မြို့နှင့် ကျေးရွာပေါင်း ၈၀၀ ခန့်တွင် ဆင်းကတ်မှတ်ပုံတင် နေ့များကို ကျင်းပပြီး သုံးစွဲသူများ အလွယ်တကူ မှတ်ပုံတင် နိုင်ရန် ကူညီ ဆောင်ရွက်ကြမည် ဖြစ်ပါသည်။

လစဉ်ကျင်းပသော ဆင်းကတ်မှတ်ပုံတင်နေ့ကို ရန်ကုန်မြို့တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဆင်းကတ်မှတ်ပုံတင်နေ့၏ တစ်စိတ်တစ်ပိုင်းအဖြစ် နာမည်ကျော် တေးသံရှင်များဖြစ်သည့် ဇော်ပိုင်၊ ဟဲလေး၊ ဖိုးသောကြာ၊ စစ်သွေး၊ ဖြူဖြူကျော်သိန်း၊ အိမ့်ချစ်၊ အိုင်းရင်းဇင်မာမြင့် တို့အပြင် အောင်သော်နှင့် လူရွှင်တော်အဖွဲ့မှနေ၍ ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်ခဲ့ကြသည်။

သုံးစွဲသူများ အနေဖြင့် မိမိအဆင်ပြေသည့် အချိန်တွင် ဆင်းကတ်များကို အလွယ်တကူ မှတ်ပုံတင်နိုင်ရန် အွန်လိုင်းချန်နယ် များအပြင် လူကိုယ်တိုင်သွား၍ မှတ်ပုံတင်နိုင်မည့် ဆိုင်များကိုလည်း နိုင်ငံတစ်ဝှမ်းတွင် ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။ အွန်လိုင်းမှ တစ်ဆင့်မှတ်ပုံတင်ရန် သုံးစွဲသူများအနေနှင့် မည်သည့် မိုဘိုင်းလ် (သို့) ဝိုင်ဖိုင်အင်တာနက် ကွန်ရက်မှ မဆို http://ecaf.telenor.com.mm သို့ ဝင်ရောက်ပြီး မှတ်ပုံတင်နိုင်မည် ဖြစ်သည်။ မိုဘိုင်းလ် အက်ပလီကေးရှင်းမှ တဆင့် မှတ်ပုံတင်ရန်အတွက် အန်းဒရိုက်ဖုန်းဖြစ်စေ အိုင်ဖုန်းဖြစ်စေ ‘My Telenor’ app ကို http://bit.ly/mytelenor24 တွင် ဒေါင်းလုဒ်ရယူနိုင်မည် ဖြစ်သည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ 
တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor