Press Release

တယ်လီနော Net Monday မှ အင်တာနက်အသုံးပြုရာတွင်တာဝန်ယူမှုပိုမိုရှိကြစေရန် သုံးစွဲသူများအား တိုက်တွန်း

30 November, 2015 - Yangon

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) သည် ၎င်း၏ ၂၁ ကြိမ် မြောက် Net Monday ကို မန္တလေးမြို့၊ Oriental House တွင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရှိ တိုးပွားလာသော မိုဘိုင်း အသုံးပြုသူများအား အင်တာနက် အသုံးပြုရာတွင် တာဝန်ယူမှုပိုမိုရှိကြစေရန် တိုက်တွန်းခဲ့သည်။

Net Monday သည်တယ်လီနောမြန်မာမှ ‘အားလုံးအတွက်အင်တာနက်’ဟူသောခံယူချက်ဖြင့်လစဉ်ကျင်းပသောအစီအစဉ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်လျက်ရှိသောဒစ်ဂျစ်တယ်နှင့်အွန်လိုင်းလူထုအသိုင်းအဝိုင်းနှင့်သက်ဆိုင်သောအကြောင်းအရာများကိုတင်ပြဆွေးနွေးနိုင်စေရန်ရည်ရွယ်ပြီးကျင်းပခြင်းဖြစ်သည်။အင်တာနက်နှင့်ပတ်သက်သောအကြောင်းအရာများကိုနိုင်ငံတကာနှင့် ပြည်တွင်းမှကျွမ်းကျင်ပညာရှင်များနှင့်ဖိတ်ကြားထားသော မြန်မာနိုင်ငံ၏ဒစ်ဂျစ်တယ်လူထုအသိုင်းအဝိုင်းတို့ကိုပွဲစဉ်တိုင်းတွင်ဆွေးနွေးခြင်းဖြစ်သည်။ပါဝင်ဆွေးနွေးမည့်သူများတွင်ပရိုဂရမ်မာများ၊ web ဒီဇိုင်နာများ၊ Blogger များ၊ developer များ၊နည်းပညာကျွမ်းကျင်သူများနှင့် ပြည်တွင်း၊ပြည်ရှိနည်းပညာကုမ္ပဏီများမှတာဝန်ရှိသူများပါဝင်သည်။

“မြန်မာနိုင်ငံလို စျေးကွက်စီးပွားရေး ပေါ်ထွန်းကာစတိုင်းပြည်မှာစီးပွားရေးနဲ့မှုဘဝတိုးတက်ရေးအတွက် အရေးပါဆုံးအချက်တွေထဲအင်တာနက်ကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံကအခြားနိုင်ငံတွေမှာမရှိခဲ့ ဘူးတဲ့ နူန်းထားနဲ့ ဒီဂျစ်တယ်ခေတ်ကို လျှင်လျှင်မြန်မြန်ကူးပြောင်းနေပါတယ်။ ကျွန်တော်တို့ရဲ့ခန့်မှန်းတွေ့ရှိချက်အရ မြန်မာနိုင်ငံမှာရှိတဲ့မိုဘိုင်းအသုံးပြုသူအားလုံးရဲ့ ၆၅%က စမတ်ဖုန်းများကိုအသုံးပြုနေကြပါတယ်။ကျွန်တော်တို့ရဲ့တယ်လီနောအသုံးပြုသူ၁၂သန်းကျော်ရဲ့၅၇%ကလည်း အင်တာနက်ဒေတာကို အသုံးပြုနေပြီဖြစ်ပါတယ်။ဒါဟာ ဖွံဖြိုးပြီး အင်တာနက်ကမ္ဘာကြီးထဲကို ခြေလှမ်းအစပြုနေတဲ့ လူ့အဖွဲ့အစည်းအတွက်ဆိုရင် အရမ်းကိုမြန်ဆန်တဲ့နှုန်းဖြစ်ပါတယ်” ဟု တယ်လီနော၏ Chief Marketing officerဖြစ်သူ Joslin E. Myrthong မှပြောသည်။

“ဒါပေမယ့်လည်း သိလိုသမျှအရာအားလုံးကို အင်တာနက်ကတဆင့် အတိုင်းအဆ မရှိ သိနေနိုင်တဲ့ခေတ်ထဲမှာ ဒီလို ခေတ်ထဲကိုဖြတ်သန်းဖို့ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များ လမ်းခရီးမှားရောက်မသွားအောင် လမ်းပြပေးဖို့လိုပါတယ်။ကျွန်တော်တို့ရဲ့မျှော်မှန်းချက်ကတော့ ဒီဂျစ်တယ်ခေတ်ထဲရောက်နေတဲ့မျိုးဆက်သစ် တွေ အင်တာနက်ကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ရုံသာမက ဘေးကင်းလုုံုခြံုစေတဲ့ နည်းလမ်းနဲ့သုံးတတ်စေဖို့ ပဲဖြစ်ပါတယ်။ တိုတိုပြောရရင် အင်တာနက်သုံးတဲ့အခါမှာ ကြုံတွေ့လာရမယ့် အန္တရယ်ရှိနိုင်တဲ့ အပြုအမှုတွေကို တိတိကျကျ ရှောင်ရှားနိုင်ပြီး တာဝန်ယူမှုပိုရှိလာစေဖို့ ရည်ရွယ်ထားပါတယ်” ဟု Joslin မှ ဆက်လက်ပြောကြားခဲ့သည်။

Net Monday ပွဲတွင် တာဝန်သိမှုမရှိဘဲ အင်တာနက် အသုံးပြုမှုကြောင့် လူမှုပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ တာဝန်သိစွာ အသုံးပြုသူသော အွန်လိုင်း အသိုင်းအဝိုင်းများရှိ အလေ့အထများ၊ တာဝန်သိ အင်တာနက် အသုံးပြုမှု အကြောင်း နှင့် အင်တာနက် အလေ့အထများ ပိုမိုကောင်းမွန်လာစေရန် မီဒီယာများအနေဖြင့် မည်သို့ ပါဝင်ဆောင်ရွက်နိုင်မည့် အချက်များကို တယ်လီနောနှင့်အတူMyanmar Blogger Society (MBS) ၊ Myanmar Information Development Organization (MIDO) ၊ မြန်မာတိုင်းမ် မှ တက်ရောက်ဟောပြောသူများက ဆွေးနွေးခဲ့ကြသည်။

တယ်လီနော၏ Net Monday အစီအစဉ်များကို မြန်မာနိုင်ငံတဝန်းရှိ ရန်ကုန်၊ မန္တလေး၊ မကွေး၊ မော်လမြိုင်၊ မှော်ဘီနှင့် ပဲခူးမြို့များ အပါအဝင် အခြားမြို့ပေါင်းများစွာတွင် ကျင်းပခဲ့သည်။

မီဒီယာများဆက်သွယ်ရန်

မနီနီမြင်
Corporate Communications,
NiNi.Myint2@telenor.com.mm
(95) 9 79 100 0004

ကိုစိုးသူထွန်း
Mango Media for Telenor Myanmar
soethu@mangomyanmargroup.com
(95) 1 512 884 ,(95) 9 450 001 087

www.telenor.com.mm
www.facebook.com/TelenorMyanmar

Yangon
My Telenor