Press Release

တယ်လီနော Home Wireless Broadband ၀န်ဆောင်မှုနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြချက်

16 January, 2019 - Yangon

တယ်လီနောမြန်မာအနေဖြင့် မြန်မာနိုင်ငံရှိ အင်တာနက်သုံးစွဲသူများ Broadband ၀န်ဆောင်မှုကို အဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး Home Wireless Broadband ၀န်ဆောင်မှုကို ၂၀၁၈ ခုနှစ် ဇူလိုင်လ တွင် စတင် မိတ်ဆက်ခဲ့ပါသည်။ စတင်မိတ်ဆက်စဉ်က သတ်မှတ်နေရာဒေသတွင်သာ ၀န်ဆောင်မှုကို ပေးအပ် ခဲ့ပြီး အကန့်အသတ်မဲ့ ဒေတာအစီအစဉ်အနေဖြင့် ရောင်းချခဲ့ခြင်း ဖြစ်ပါသည်။

အခြားဝန်ဆောင်မှုအသစ်များကဲ့သို့ပင် ဤဝန်ဆောင်မှုမှတဆင့် သုံးစွဲသူများ၏ ဒေတာသုံးစွဲပုံအမူအကျင့်များ ကို ပိုမိုနားလည်သဘောပေါက်ကာ အတွေ့အကြုံများ ရရှိခဲ့သည့်အပေါ်မူတည်ပြီး ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့ပါသည်။

Home Wireless Broadband ၀န်ဆောင်မှုနှင့် ပတ်သက်ပြီး အပြောင်းအလဲများ ပြုလုပ်ရသည့် အဓိက အကြောင်းရင်းမှာ ၀န်ဆောင်မှုသုံးစွဲသူများအားလုံးကို အကောင်းဆုံး အရည်အသွေးနှင့် ၀န်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ တယ်လီနောအနေဖြင့် အပြောင်းအလဲပြုလုပ်သည့်အခါတိုင်း လေးစားတန်ဖိုးထားရ သော သုံးစွဲသူများအား ကြိုတင်ဆက်သွယ်အကြောင်းကြားလေ့ရှိပါသည်။ သို့သော် ပြောင်းလဲမှုနှင့် ပတ်သက်၍ သုံးစွဲသူများအားလုံး အပြည့်အဝ မသိရှိခဲ့ခြင်းအပေါ် တယ်လီနောအနေဖြင့် အနူးအညွတ် တောင်းပန်လိုပါသည်။ နောင်တွင် ယခုထက်ပိုကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Telenor Wireless မှ ပြောင်းလဲမှုနှင့်အတူ ဝန်ဆောင်မှု ပုံစံသစ်ကိုစတင်မိတ်ဆက်ခဲ့ပါသည်။ ထိုဝန်ဆောင်မှုပုံစံသစ်နှင့် ပတ်သက်ပြီး လက်ရှိ သုံးစွဲနေသူအားလုံးကိုလည်း SMS မှတဆင့် ဆက်သွယ်အကြောင်းကြားခဲ့ပြီးဖြစ်ပါသည်။ လက်ရှိ သုံးစွဲနေသူများအနေဖြင့် မူလငွေပေးချေထားပြီး ဖြစ်သည့် plan အတိုင်း အကျိုးခံစားခွင့် အပြောင်းအလဲမရှိ ဆက်လက်သုံးစွဲနိုင်မည်ဖြစ်ပါသည်။ သက်တမ်းတိုး ရန် အချိန် ကျရောက်မှသာ ၀န်ဆောင်မှုအသစ်ပုံစံကို ဆက်လက်သုံးစွဲရန် ဆုံးဖြတ်ရမည် ဖြစ်ပါသည်။

တယ်လီနော အနေ ဖြင့် Home Wireless Broadband ၀န်ဆောင်မှုကို ကနဦးစတင်စဉ်ကတည်းက သုံးစွဲခဲ့ ကြသူများအား အမြဲပင် လေးစားတန်ဖိုးထားပြီး ကျေးဇူးတုံ့ပြန်သောအားဖြင့်လည်း ၀န်ဆောင်မှုကို သက်တမ်း တိုးသည့်အခါ၌ အခမဲ့ ဒေတာ 50GB ကို လက်ဆောင်အနေဖြင့် တစ်ကြိမ်ပေးအပ်သွားမည် ဖြစ်ပါသည်။

မကြာခင်က အသစ်မိတ်ဆက်လိုက်သည့် မျှတစွာသုံးစွဲရေးမူဝါဒနှင့် ပတ်သက်ပြီး သုံးစွဲသူများ၏ စိုးရိမ်မှုများကို လည်း နားလည်သဘောပေါက်ပြီးဖြစ်ပါသည်။ ပြောင်းလဲထားသောဝန်ဆောင်မှုပုံစံအသစ်မှာ သုံးစွဲသူအများစုနှင့် ကိုက်ညီအောင် ပြောင်းလဲထားပြီး အဆင်မပြေမှုများရှိသော သုံးစွဲသူများအတွက်လည်း ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုရန် ဆုံးဖြတ်ရာတွင်ရွေးချယ်နိုင်ရန် အစီအစဉ်များ ရှိကြောင်းပြောကြားလိုပါသည်။

တယ်လီနော မြန်မာ
Yangon
My Telenor
Share Share