Article

တယ်လီနော Accelerate အစီအစဉ်၏ အနိုင်ရ အဖွဲ့များ ၄ လကြာ bootcamp တက်ရောက်ပြီးစီး

23 August, 2016 - ရန်ကုန်

သြဂုတ် ၂၃၊ ၂၀၁၆၊ ရန်ကုန် - မြန်မာနိုင်ငံမှ ကနဦး အစပျိုးလုပ်ငန်းသစ်များဖြစ်သော ‘MyanZen’ နှင့် ‘Go P’ တို့သည် တယ်လီနော၏ တွန်းအားပေး Accelerate အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ၄ လကြာ bootcamp ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တက်ရောက်မှုကို လွန်ခဲ့သော ရက်သတ္တပတ်က ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။ တယ်လီနောမြန်မာ၏ တွန်းအားပေး Accelerate အစီအစဉ်မှ အနိုင်ရရှိခဲ့သော အသင်းများအနေဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ အလားတူ အစီအစဉ်မျိုးဖြင့် တက်ရောက်လာသော အသင်းအဖွဲ့များနှင့်အတူ bootcamp သို့ တက်ရောက်ပါဝင်ခဲ့ခြင်းဖြစ်ပါသည်။

Bootcamp တက်ရောက်နေစဉ်တွင် တက်ရောက်ပါဝင်သော အဖွဲ့အားလုံးသည် Silicon Velley နှင့် ကမ္ဘာတစ်ဝန်းမှ ထင်ရှားကျော်ကြားသူ ၂၇ ယောက် ဦးဆောင်ဟောပြောသည့် အလုပ်ရုံဆွေးနွေးပွဲ ၂၄ ခုကို တက်ရောက်ပြီးမြောက်ခဲ့သည်။ သြဂုတ်လ ၁၉ ရက်နေ့တွင် အကဲဖြတ်များ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် အစပျိုးလုပ်ငန်းများတွင် ကျွမ်းကျင်ပြီး နာမည်ကျော်ကြားသူများကို ကနဦးအစပျိုးလုပ်ငန်းသစ်များက စီးပွားရေးလုပ်ငန်းစိတ်ကူးများ တင်ပြသောနေ့ (Demo Day) ကျင်းပခြင်းဖြင့် Bootcamp ကို အဆုံးသတ်ခဲ့ပါသည်။

မြန်မာနိုင်ငံမှ ကနဦးအစပျိုးလုပ်ငန်းသစ် အဖွဲ့ ၂ ခုကို ၎င်းတို့၏ စီးပွားရေးနှင့် စျေးကွက်ထိုးဖောက်ရေး အလားအလာများ နှင့် ကြိုတင်ပြင်ဆင်မှုတို့ အပေါ်မူတည်ပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ လျင်မြန်စွာ တည်ဆောက်နိုင်စေရန် တယ်လီနောက ကြိုတင်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေပေးအပ်သွားမည်ဖြစ်ပြီး တယ်လီနော၏ အခြေခံအဆောက်အအုံများကို အသုံးပြုနိုင်မည့် အခွင်အရေးများကိုလည်း ပေးအပ်သွားမည် ဖြစ်သည်။ ‘MyanZen’ သည် အသုံးပြုသူများအနေဖြင့် ပစ္စည်း မျိုးစုံကို နေရာမရွေး အချိန်တိုင်း ရောင်းဝယ်နိုင်ရန် ရည်ရွယ် ထားသည့့် လုပ်ငန်းတစ်ခုဖြစ်ပြီး ‘Go P’ မှာ ခရီးသွားများနှင့် ခရီးသွားလုပ်ငန်းများအကြား ပေါင်းကူးပေးရန် ရည်မှန်းထားသည့် ၀န်ဆောင်မှုတစ်ခုဖြစ်သည်။ ‘Go P’ သည် ၎င်း၏ အပ်ပလီကေးရှင်းကို စမ်းသပ်ဗားရှင်းအနေဖြင့် အများပြည်သူများအတွက် ချပြပေးနိုင်ခဲ့ပြီး ‘MyanZen’ အနေဖြင့်လည်း မကြာမီတွင် ၎င်း၏ အပ်ပလီကေးရှင်းကို မိတ်ဆက်ပေးရန် စီစဉ်လျက်ရှိပါသည်။

ပြည်တွင်းအစပျိုးလုပ်ငန်းများအနေဖြင့် ၎င်းတို့၏ အလားအလာကို အကောင်အထည်ဖော်ထုတ်နိုင်ပြီး တိုးတက်လာနိုင်ကြ စေရန် ရည်မှန်းကာ တယ်လီနောသည် တွန်းအားပေး Accelerate အစီအစဉ်ကို ယခုနှစ်ဧပြီလတည်းက မြန်မာနိုင်ငံတွင် မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ “ဒီအစီအစဉ်ကနေပြီး မြန်မာနိုင်ငံက အစပျိုးလုပ်ငန်းသစ်တွေအတွက် ဒေသတွင်းနဲ့ ကမ္ဘာ့စျေးကွက်မှာပါ နောက်ပိုင်းယှဉ်ပြိုင်လာနိုင်ပြီး လျင်မြန်စွာတိုးတက်လာနိုင်စေဖို့ သူတို့တွေရဲ့ တီထွင်ဖန်တီးမှုတွေ ကျွမ်းကျင်မှုတွေ ပိုမိုမြင့်မားလာအောင် တွန်းအားပေးမယ့် ပတ်ဝန်းကျင် အခြေအနေတစ်ခုကို ပြုစုပျိုးထောင်ပေးတာ ဖြစ်ပါတယ်။ တယ်လီနောအနေနဲ့ အစပျိုးလုပ်ငန်းသစ်တွေအတွက် အခွင့်အလမ်းတွေ ပိုမိုရရှိနိုင်စေဖို့ လိုအပ်မယ့် အကူအညီတွေကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ Head of Fixed Services ဖြစ်သူ Tan Sian Taung မှ ပြောကြားခဲ့သည်။

Startup Accelerator အကြောင်း

Seed Accelerator ဟု၍လည်းသိကြသော Startup Accelerator သည် ကနဦးအစပျိုးအဆင့်တွင်ရှိသော လုပ်ငန်းများအား ထောက်ပံမှုပေးနေသည့် အစီအစဉ်များဖြစ်ပါသည်။ ၎င်းအစီအစဉ်များသည် ၃ လ မှ ၄ လ အထိ ကြာမြင့်ပြီး ပညာပေး အလုပ်ရုံဆွေးနွေးပွဲများနှင့် networking ပွဲများ ပါဝင်ပါသည်။ Accelerator အစီအစဉ်တွင် ပါဝင်တက်ရောက်နေသော လုပ်ငန်းသစ်များသည် ရုံးနေရာတစ်ခုတွင် ဝင်ရောက်ပြီး စီးပွားရေး လုပ်ဆောင်မှုများ၊ အကောင်အထည်ဖော် လုပ်ကိုင်မှု များနှင့် ဘဏ္ဍာရေးအစရှိသည်တို့ကို အတွေ့အကြုံရှိ လမ်းညွှန်သင်ကြားသူများနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များထံမှ သင်ယူကြပါသည်။ အစီအစဉ်အပြီးတွင်‘demo day’ ၌ လုပ်ငန်းသစ်များသည် ရင်နှီးမြုပ်နှံသူများ၏ ရှေ့တွင် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သည့် တင်ပြမှုများကို ပြုလုပ်ပြီး ၎င်းတို့၏ လုပ်ငန်းများအတွက် ရင်းနှီး မတည်ငွေများ ရရှိရန် အခွင့်အရေးများ ရရှိမည် ဖြစ်ပါသည်။

မီဒီယာများ ဆက်သွယ်နိုင်ရန်

အဲလက်စ် ညီညီအောင်
Corporate Communications,
nyinyi.aung@telenor.com.mm
(၉၅) ၉ ရ၉ ၁၀၀၀၀၀၆

www.telenor.com.mm
www.facebook.com/TelenorMyanmar

ရန်ကုန်
My Telenor