Press Release

တယ်လီနော - ၂၀၂၀ ကို ပုံဖော်သွားမည့် နည်းပညာ ရေစီးကြောင်း (၂၀)

16 January, 2020 - Yangon

  • ဆက်သွယ်ရေးနည်းပညာသည် မြန်မာနိုင်ငံ၏ လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများ အပေါ်  ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်လျက်ရှိ
  • "၂၀၂၀ ၏ နည်းပညာရေစီးကြောင်း" သည် ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံတွင်သာမက အခြားဈေးကွက် များတွင်ပါ ပုံဖော်သွားမည့် နည်းပညာသစ်များနှင့် သုံးစွဲသူများ၏ အသုံးပြုမှုပုံစံ ပြောင်းလဲလာမှုများ အကြောင်းကို တယ်လီနောလုပ်ငန်းစု၏ သုတေသနပြုလုပ်ခြင်းဆိုင်ရာဌာနမှ လေ့လာဆန်းစစ်ထား ခြင်းဖြစ်

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း မိုဘိုင်းဝန်ဆောင်မှု အော်ပရေတာများ၊ စက်ပစ္စည်းထုတ်လုပ်သူများနှင့် အင်တာနက်ကုမ္ပဏီများသည် လူသားများ ရှင်သန်၊ အလုပ်လုပ်ကိုင်၊ ပျော်ရွှင်နိုင်သည့် ပုံရိပ်ယောင် ဒုတိယကမ္ဘာတစ်ခုဖြစ်သော ဒစ်ဂျစ်တယ်လောကကို ဖန်တီးလာခဲ့ကြသည်။ လာမည့်ဆယ်စုနှစ်အသစ်တွင် မည်သည့်ဖန်တီးမှုအသစ်များ တွေ့ကြုံရမည်နည်း။ တယ်လီနောလုပ်ငန်းစု၏ သုတေသနပြုလုပ်ခြင်းဆိုင်ရာဌာနသည် “၂၀၂၀ ၏ နည်းပညာရေစီးကြောင်းများ" မြန်မာနှင့် ကမ္ဘာတစ်ဝှန်း ကို  ၂၀၂၀ ခုနှစ်တွင် ပုံဖော်သွားမည့် နည်းပညာသစ်များနှင့် ရေစီးကြောင်းသစ်များအပေါ် ခန့်မှန်း ချက်များကို ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်အရ လူသားများသည် လက်ရှိကမ္ဘာနှင့် ပုံရိပ်ယောင်ဒစ်ဂျစ်တယ်ကမ္ဘာ အကြား လုံခြုံမှုနှင့် အကျိုးဖြစ်ထွန်းမှုရှိစေရန် ပိုမိုစဉ်းစား လုပ်ဆောင်လာကြမည်ဖြစ်သည်။

"လာမယ့်နှစ် နည်းပညာဆိုင်ရာ ခန့်မှန်းချက်တွေအရ ဆန်းသစ်တီထွင်မှုတွေက အမြန်ဆန်ဆုံးနှုန်းနဲ့ ဖြစ်ပေါ် နေပြီး ခေတ်သစ်နည်းပညာပလက်ဖောင်းတွေနဲ့ လူမှုနိုင်ငံရေးဆိုင်ရာ တွန်းအားပေးမှုတွေကြောင့် အသုံးပြု သူတွေ ပိုမိုများပြားလာမှာဖြစ်သလို အသုံးပြုခွင့်တွေလည်း ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။” ဟု တယ်လီနော၏ သုတေသနပြုလုပ်ခြင်းဆိုင်ရာဌာန အကြီးအကဲဖြစ်သူ Bjørn Taale Sandberg က ပြောကြားခဲ့ပါသည်။

"တစ်ချိန်တည်းမှာပဲ တခြားသော နည်းပညာရေစီးကြောင်းတွေအရ ကျွန်တော်တို့ဟာ နည်းပညာလောကရဲ့ အဖွံ့ဖြိုးဆုံး အချိန်တစ်ခုကို ရောက်ရှိနေတာပါ။ ဥပမာ ဒစ်ဂျစ်တယ်သိနားလည်မှု လိုမျိူးပေါ့။ လူတွေဟာ နေ့စဉ်နိုးထလာပြီး မှတ်ဉာဏ်တု၊ စက်ပစ္စည်းများ၏ သင်ယူနိုင်စွမ်း၊ အင်တာနက်အခြေပြု အသုံးအဆောင် ပစ္စည်းကွန်ရက် (IoT) နဲ့ တီထွင်ဆန်းသစ်ထားတဲ့ ကွန်ရက်သစ်တွေအပါအဝင် ဘယ်လိုနည်းပညာအသစ် တွေက သူတို့ရဲ့ နေ့စဉ်ဘဝမှာ အကောင်းမွန်ဆုံးဖြစ်မလဲ၊ သူတို့ရဲ့ ဘဝမှာ အရေးပါဆုံးသူတွေ၊ အရာတွေနဲ့ လုံလုံခြုံခြုံ ဘယ်လို ချိတ်ဆက်ပေးနိုင်မလဲဆိုတာ ဆန်းစစ်လျက်ရှိပါတယ်။ နည်းပညာဆိုတာကို စာလေး တစ်ကြောင်းနဲ့ စာဖွဲ့နေလို့မရတော့ပါဘူး။  ကျွန်တော်တို့ နေထိုင်ရပ်တည်နေတဲ့ ကမ္ဘာနှစ်ခုလုံးမှာ ပိုမိုကျယ် ပြန့်ပြီး တခါတရံ ဝိရောဓိဖြစ်စရာ အကြောင်းအရာတွေကို နားလည်ဖို့ရယ်၊ ကျွန်တော်တို့ ဘဝတွေကို ပြန်လည်ပုံသွင်းပေးနိုင်မယ့် အရေးကြီးဆုံး တိုးတက်ဖွံ့ဖြိုးမှုတွေအပေါ် ရည်ရွယ်ဖန်တီးနိုင်ဖို့က ကျွန်တော် တို့ရဲ့ တာဝန်ဖြစ်ပါတယ်”ဟု Bjørn မှ ထပ်မံပြောကြားခဲ့သည်။

ထုတ်ပြန်ချက်တွင်ပါဝင်သည့် ထိပ်တန်းနည်းပညာရေစီးကြောင်း ၂၀ အနက် ၂၀၂၀ ခုနှစ်အတွင်း မြန်မာ နိုင်ငံ၏ စိတ်လှုပ်ရှားဖွယ် နည်းပညာရေစီးကြောင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. အစိမ်းရောင်အိမ်မက်များ အမှန်တကယ် ဖြစ်တည်လာခြင်း

ပြန်လည်အသုံးပြုနိုင်သော ဈေးဝယ်အိတ်များ၊ ပလတ်စတစ်အအေးပိုက် အသုံးပြုရန် ငြင်းဆိုခြင်း များနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် လေယာဉ်စီးရန် ငြင်းဆိုခြင်းစသည့် အကြောင်းအရာ များသည် လူမှုကွန်ရက်ပေါ်မှ (Instagram) ကျော်ကြားသူများအကြား ရေပန်းစား အကြောင်းအရာ များဖြစ်သော်လည်း ၂၀၂၀ ခုနှစ်တွင်မူ အပေါ်ယံစကားလုံးများ၊ သဘာဝပတ်ဝန်းကျင် အကြောင်းပြ ၍ မိမိအကျိုးစီးပွားအတွက် လုပ်ဆောင်ခြင်းများ၊ အရာမထင်သော အားထုတ်မှုများကို မည်သူ တစ်ဦးတစ်ယောက်မျှ လုပ်ဆောင်ခွင့် အခွင့်အရေးပေးအပ်တော့မည်မဟုတ်ဘဲ လုပ်ဆောင်လာပါ ကလည်း ကျေနပ်နိုင်တော့မည်မဟုတ်ပါ။ ၂၀၂၀ ခုနှစ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင် ရာ လုပ်ဆောင်ချက်များသည် လူကြားကောင်းရုံအတွက်သာ မဟုတ်တော့ပေ။ အင်တာနက် အခြေ ပြု အသုံးအဆောင်ပစ္စည်းကွန်ရက် (IoT)၊          စိစစ်ခွဲခြမ်းစိတ်ဖြာရန် များပြားသောအချက် အလက်အ စုအဖွဲ့နှင့် မှတ်ဉာဏ်တုတို့ကို အသုံးပြု၍ သုံးစွဲမှုနှင့် လိုအပ်ချက် ပမာဏကို တိုင်းတာပြီး ကာဗွန် အသုံးပြုမှုနှုန်း လျှော့ချခြင်းဖြင့် ကုန်ကျစရိတ်များ လျှော့ချနိုင်မည်ဖြစ်သလို ဝင်ငွေများလည်း တိုးပွားလာမည်ဖြစ်သည်။ ဤကဲ့သို့ လုပ်ဆောင်ချက်များသည် ဈေးကွက်ထဲမှ အသုံးပြုသူများ၊ ရင်းနှီးမြှုပ်နှံသူများ၊ ဝယ်ယူသူများနှင့် ဝန်ထမ်းများ၏ အတူတကွ တောင်းဆိုမှုများကြောင့် ရရှိလာ ခြင်းဖြစ်သည်။

တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်းသည် အနာဂတ်စီးပွားရေးအတွက် အခရာအကျဆုံး ဖြစ်လာ မည်ဖြစ်ပြီး ကုန်ပစ္စည်းတင်သွင်းသူများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် အသုံးပြုသူများ ပူးပေါင်း၍ လူမှု ပတ်ဝန်းကျင်ရှိ ကဏ္ဍပေါင်းစုံတွင် သိသာထင်ရှားသော အပြောင်းအလဲများကို ယူဆောင်လာနိုင် မည်ဖြစ်သည်။ တယ်လီကွန်းများသည် အရောင်းဆိုင်များ၊ အင်တာနက်အခြေပြု အသုံးအဆောင် ပစ္စည်းကွန်ရက် (IoT) ဟာ့ဒ်ဝဲနှင့် မိုဘိုင်းဖုန်းထုတ်လုပ်သူများကို ပြန်လည်အသုံးပြုနိုင်သော ကုန်ကြမ်းပစ္စည်းများကို အသုံးပြုရေး၊ တာဝန်ယူမှုရှိသော သတ္ထုတူးဖော်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်၊ ဆက်သွယ်ပို့ဆောင်ရေး နည်းစနစ်အသစ်များနှင့် ရေရှည်တည်တံ့သော ထုတ်ပိုးမှုများကို အသုံးပြုရေး တိုက်တွန်းခြင်းဖြင့် ပိုမိုမြင့်မား‌သော ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များ ထားရှိရန် လှုံ့ဆော်နိုင်မည်ဖြစ်သည်။

ရေရှည်တည်တံ့၊ ကြွယ်ဝပြီး အားလုံးပါဝင်သော ရာသီဥတုအပြောင်းအလဲဒဏ်ခံနိုင်ရည်ရှိပြီး ကာဗွန်အသုံးပြုမှုနှုန်း လျော့နည်းလာစေရန် ရည်မှန်းချက်များနှင့်အညီ မြန်မာနိုင်ငံ၏ ပုဂ္ဂလိက အခန်းကဏ္ဍသည် ရာသီဥတု‌ပြောင်းလဲမှုဖြစ်စဥ်တွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိ သည်။ တာဝန်သိကုမ္ပဏီဖြစ်သည့် တယ်လီနောမြန်မာသည် ၎င်း၏ လုပ်ငန်းခွင်များတွင် ရေရှည် တည်တံ့ရေး အလေ့အကျင့်များကို အားထုတ်လျက်ရှိသည်။ တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်း သည် ကိုယ်ပိုင်ကဏ္ဍတွင် ကာဗွန်ထုတ်လွှင့်မှု လျှော့ချနိုင်မှုနှင့်အတူ အခြားစီးပွားရေးများ၏ ကဏ္ဍ များတွင်ပါ လျှော့ချပေးနိုင်ရန် အခွင့်အလမ်းကောင်းများစွာရှိနေသည်။ မြန်မာနိုင်ငံတွင် ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှင့်မှုသည် မိုဘိုင်းကွန်ရက် ဆက်သွယ်ရေးပစ္စည်းများကို အမြဲတမ်း ဖွင့်ထားရ ခြင်းနှင့်လည်း ဆက်စပ်နေသည်။ တယ်လီနောမြန်မာနှင့် ဆက်သွယ်ရေးကွန်ရက်တည်ဆောက်သည့် မိတ်ဖက်အဖွဲ့အစည်းများသည် တာဝါစခန်းများတွင် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစနစ် များ၊ ပိုမိုတာရှည်ခံသော ဘက်ထရီများကို အစားထိုး အသုံးပြုခြင်းဖြင့် လောင်စာစွမ်းအင်သုံး ဓာတ်အားပေးစက် အသုံးပြုမှုကို လျှော့ချနိုင်ခဲ့သည်။ တယ်လီနောမြန်မာနှင့် မိတ်ဖက်တာဝါကုမ္ပဏီ များသည် ကုန်လွန်ခဲ့သည့် နှစ်နှစ်အတွင်း ရုပ်ကြွင်းလောင်စာ ဓာတ်အားပေးစက်အပေါ် မှီခိုမှုကို လျှော့ချနိုင်ခဲ့သည်။ စုစုပေါင်းအားဖြင့် ဒီဇယ်လောင်စာဆီ ၁၀ သန်းခန့် လျှော့ချနိုင်ခဲ့ပြီး ကာဗွန် ထုတ်လုပ်မှုနှင့် ထိုဓာတ်အားပေးစက်များမှ ဖြစ်ပေါ်စေသော အသံနှင့် လေထုညစ်ညမ်းမှုကိုပါ လျှော့ချနိုင်ခဲ့သည်။

  1. ယုံကြည်မှုတစ်ခု၏ ရလဒ်

အခမဲ့ရှာဖွေမှုများ၊ လူမှုကွန်ရက် ဝန်ဆောင်မှုများသည် အမှန်တကယ် အခမဲ့မဟုတ်‌ကြောင်း သိရှိ လာသည့် လူဦးရေသည် ပိုမိုများပြားလာသည်။ အသုံးပြုသူများသည် ကိုယ်ရေးကိုယ်တာ အချက် အလက်များကို မျှဝေရင်း အသုံးချခံပစ္စည်းများ ဖြစ်မှန်းမသိဖြစ်လာခဲ့သည်။ ထို့ကြောင့် ယုံကြည် စိတ်ချရခြင်းသည် ပိုမိုအရေးပါလာသည်။ ယုံကြည်မှုရယူရန် တည်ဆောက်ခြင်းသည် ၂၀၂၀ ခုနှစ် တွင် ပိုမိုခက်ခဲလာမည်ဖြစ်ပြီး ဥပမာနယ်ပယ်မှာ မိုဘိုင်းဖုန်းဖြစ်သည်။ လိမ်လည်လှည့်ဖြားမှု များစွာ ကြုံခဲ့ပြီးသည့်နောက်  အသုံးပြုသူများအနဖြင့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေသော အင်တာနက်နှင့် လူမှုကွန်ရက်ကုမ္ပဏီများကို မျက်စိမှိတ် ယုံကြည်၍ မ‌ရနိုင်တော့ပေ။ ယုံကြည်မှု သည် အသုံးပြုသူများအပါအဝင် ဆက်ဆံရေးအားလုံးအတွက် အခြေခံအကျဆုံးဖြစ်သော်လည်း ယခုအခါ ကျွန်တော်တို့သည် ကျွန်တော်တို့၏ ကိုယ်ရေးအချက်အလက်များကို ဆရာဝန်တစ်ဦးထံ ထုတ်ဖော်သည်ထက် အွန်လိုင်းပေါ်တွင် ပိုမိုမျှဝေလာသည်ကို တွေ့ရှိရသည်။ နေ့စဉ် လွယ်လင့်တကူ မျှဝေရာမှ အလေ့အကျင့်တစ်ခုအဖြစ် ဖြစ်တည်လာပြီး အွန်လိုင်းကို ကျန်းမာရေးကဏ္ဍမျှပင် ဥပဒေ အရ တင်းကျပ်ထားခြင်း မရှိပေ။

နော်ဝေး၊ မလေးရှားနှင့် ပါကစ္စတန်ကဲ့သို့သော ကြီးမားသည့် ဈေးကွက်များမှ လူအများစုသည် အခမဲ့ ဝန်ဆောင်မှုများကို အမှန်တကယ် အခမဲ့အသုံးပြုခွင့် ရရှိ‌နေသည်ဟု ဆက်လက်ယုံကြည်လျက်ရှိ သည်ဟု စစ်တမ်းတွင် ဖြေဆိုခဲ့ကြသော်လည်း တစ်ဖက်တွင် မိမိတို့၏ ကိုယ်ရေးအချက်အလက် များကို တစ်ဦးတစ်‌ယောက်အတွက် သီးသန့်ပြင်ဆင်ဖန်တီးထားသည့် ကြော်ငြာများထံ ရောင်းချ လျက်ရှိသည်ကို သိနားလည်သည့် လူဦးရေ တိုးများလာလျက်ရှိသည်။ ၂၀၂၀ ခုနှစ်တွင် အသုံးပြုသူ များသည် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာများကို အသုံးချ၍ မဟုတ်ဘဲ သီးသန့်ဝင်ငွေရှာနိုင်သော ကုမ္ပဏီများကို ပိုမိုယုံကြည်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်း လူမှုကွန်ရက်အသုံးပြုသူ ဦးရေသည် ၂၀၁၆ ခုနှစ်မှစ၍ နှစ်ဆခန့် မြင့်တက်လာခဲ့ပြီး အသုံးပြုသူ အများစုသည် ၎င်းတို့ ရွေးချယ်အသုံးပြုသည့် လူမှုကွန်ရက်ဝန်ဆောင်မှုနှင့် အင်တာနက် အကြား တိုက်ရိုက်ဆက်သွယ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြသည်။ အွန်လိုင်းကမ္ဘာတွင် ကိုယ်ရေးကိုယ် တာအချက်အလက်များကို ကာကွယ်နိုင်ရန်မှာ ဒစ်ဂျစ်တယ် ကျွမ်းကျင်မှု၊ ခံနိုင်ရည်ရှိမှုနှင့် နားလည် နိုင်စွမ်းတို့မှာ အရေးပါဆုံးဖြစ်သည်။ ဤပြဿနာများကို ဖြေရှင်းနိုင်ရန် တယ်လီနောသည် Plan International နှင့် UNICEF ကဲ့သို့သော မိတ်ဖက်များနှင့်လည်း တက်ကြွစွာ ပူးပေါင်းလုပ်ဆောင် လျက်ရှိသည်။  တယ်လီနောအနေဖြင့်လည်း အသုံးပြုသူများကို ၎င်းတို့၏ အချက်အလက်များ သိမ်းဆည်း အသုံးပြုပုံကို အမြဲတစေ အကြောင်းကြားလေ့ရှိပြီး သဘောတူညီမှု တောင်းခံခြင်းကို လည်း ဖြစ်နိုင်သည့်အခါတိုင်း တောင်းဆိုလေ့ရှိသည်။

  1. eSIM (ဆင်းကတ်မဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု) နည်းပညာ စတင်လာခြင်း

၂၀၂၀ ခုနှစ်တွင် ဆင်းကတ်မဲ့ဆက်သွယ်ရေး ဝန်ဆောင်မှု နည်းပညာကို  အီလက်ထရောနစ် ပစ္စည်း  အသုံးပြုသူများကြားသာမက အင်တာနက် အခြေပြု အသုံးအဆောင်ပစ္စည်းကွန်ရက် (IoT) ကုမ္ပဏီများကြားတွင်ပါ တွေ့မြင်လာရမည်ဖြစ်သည်။ အသုံးပြုသူများသည် ဆင်းကတ် စတင်အသုံး ပြုရန်၊ ဝန်ဆောင်မှု ပြောင်းလဲရယူရန် လာရောက်ပို့ဆောင်မှုကို စောင့်ဆိုင်းခြင်း၊ စတိုးဆိုင်များသို့ သွားရောက်ခြင်းတို့ကို လိုအပ်တော့မည် မဟုတ်ပေ။ မိုဘိုင်းဝန်ဆောင်မှုများကို ဒစ်ဂျစ်တယ်မှ တဆင့် ရယူနိုင်နေသော ယနေ့ခေတ်တွင်  ဆင်းကတ်မဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု နည်းပညာ ကို  စီးပွားဖြစ်မိတ်ဆက်မှုသည် ပြင်ပလက်လီ ရောင်းချမူမှ ဒစ်ဂျစ်တယ် လက်လီရောင်းချမှုကို အရှိန်အဟုန် မြင့်စေမည်ဖြစ်သည်။  လာမည့်နှစ်အတွင်းတွင် ဆင်းကတ်မဲ့ ဆက်သွယ်ရေး ဝန်ဆောင် မှု နည်းပညာအသစ်များနှင့် အက်ပလီကေးရှင်း မိတ်ဆက်မှုများစွာကို မြင်တွေ့ရန် မျှော်လင့်နိုင်ပါ သည်။

၂၀၂၀ ခုနှစ်အစောပိုင်းတွင် အာရှပစိဖိတ်ဒေသကို ဆင်းကတ်မဲ့ဆက်သွယ်ရေး ဝန်ဆောင်မှုကဏ္ဍ၌ ဒေသတွင်း အကျယ်ပြန့်ဆုံး တိုးတက်မှု ဖော်ဆောင်နိုင်ရန် စီမံကိန်းချမှတ် လုပ်ဆောင်လျက်ရှိ သည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရမှ အသုံးပြုသူများအတွက် ဆင်းကတ်မဲ့ ဆက်သွယ်ရေး ပံ့ပိုးပေးခြင်းနှင့် စက်အချင်းချင်း (M2M/IoT) ဆက်သွယ်ရေးတို့နှင့် စပ်လျဉ်းသည့် ဖြေရှင်းချက်များကို တိုးတက်ပြောင်းလဲလာစေရန် ကမ္ဘာတစ်ဝှန်းမှ တယ်လီကွန်း အော်ပရေတာ များ၊ ဆင်းကတ်ဟာ့ဒ်ဝဲ ထုတ်လုပ်သူများနှင့်အတူတကွ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ဝန်ဆောင်မှုများသည် တယ်လီကွန်းများ၏ ဖြန့်ချိရေးစနစ်များ တည်ဆောက်ပုံအပေါ် သက်ရောက်မှု ရှိလာလိမ့်မည် ဖြစ်သော်လည်း အစိမ်းရောင်နည်းပညာထံ လက်တွေ့အသုံးချ ကူးပြောင်းမှုကိုလည်း အရှိန်မြင့်လာနိုင်စေမည် ဖြစ်သည်။ (ရေစီးကြောင်း ၁၊ အစိမ်းရောင်အိပ်မက်များ အမှန်တကယ် ဖြစ်လာခြင်းကို ပြန်လည်လေ့လာနိုင်ပါသည်။)

  1. အင်အားကြီး ရုပ်သံဝန်ဆောင်မှုများ၏ အားပြိုင်မှု

FRIENDS ကဲ့သို့ ရုပ်သံစီးရီးများသည် တစ်ချိန်တစ်ခါက တမ္ဘာတဝှန်းရှိ  ကျွန်ုပ်တို့၏ နေ့စဉ်ဘဝနှင့် စကားဝိုင်းများကို လွှမ်းမိုးနိုင်ခဲ့သည်။ ထို့နောက် တည်ငြိမ်ကောင်းမွန်သော ထုတ်လွှင့်မှုနှင့် ဝန်ဆောင် မှုပုံစံအသစ်များဖြင့် HBO နှင့် Netflix တို့သည် ကျွန်ုပ်တို့၏ ဧည့်ခန်းများတွင် နေရာယူလာကြ သည်။ ၎င်းတို့နှင့်အတူ AppleTV+ နှင့် Disney+ ကဲ့သို့ ပလက်ဖောင်းအသစ်များ ပါဝင်လာပြီး အခြားပလက်ဖောင်း အသစ်များလည်း မကြာခင်ပါဝင်လာနိုင်သည်။ အားလုံးသော ပလက်ဖောင်း များသည် ရုပ်ရှင်ထုတ်လုပ်မှုဆိုင်ရာ အသုံးစရိတ်ကို အသုံးပြု၍ ကျွန်ုပ်တို့အကြိုက် နာမည်ကြီး အနုပညာရှင်များ ပါဝင်သော ဇာတ်လမ်းများကို ကိုယ်ပိုင်ကြားခံစနစ်ကို အသုံးပြု၍ ကိုယ်ပိုင် အီလက်ထရောနစ်ပစ္စည်းများပေါ်တွင် ကြည့်ရှုနိုင်ရန် တင်ဆက်နေကြခြင်းဖြစ်သည်။ ၂၀၂၀ ခုနှစ် တွင် ရုပ်သံဝန်ဆောင်မှုများအကြား ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာမည်ဖြစ်ပြီး ပိုမိုကောင်းမွန်သော ဇာတ်လမ်း၊ အကြောင်းအရာများကို မြင်တွေ့လာရမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံ အင်တာနက်အသုံးပြုမှုနှုန်း၏ ၅၀ ရာခိုင်နှုန်းမှာ သီချင်းများ၊ ဗီဒီယိုများနှင့် ဂိမ်းများ ‌တိုက်ရိုက်ကြည့်ရှုခြင်းနှင့် ဒေါင်းလုတ်ဆွဲခြင်းတို့ကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံ သားများ၏ အကြောင်းအရာအသစ်များအပေါ် ဆာလောင်မှုကို ထင်ရှားစေသည်။ အသုံးပြုသူများ သည် မိုဘိုင်းဒေတာနှင့် ဖိုင်ဘာအင်တာနက်ကို အသုံးပြုကာ စမတ်ဖုန်းများ၊ တက်ဘလက်များ အသုံးပြု၍ ကြည့်ရှုသလို ဆိုရှယ်မီဒီယာများမှလည်း ကြည့်ရှုလျက်ရှိသည်။ တယ်လီ‌နောမြန်မာ၏ ၂၀၁၉ ခုနှစ် အင်တာနက်အသုံးပြုမှုနှုန်းများအရ လူသုံးအများဆုံး အက်ပလီကေးရှင်းများမှာ Facebook၊ YouTube၊ Tik Tok၊ VIU နှင့် Joox တို့ ဖြစ်ကြသည်။ တယ်လီနောသည် မြန်မာနိုင်ငံမှ အသုံးပြုသူများ အကောင်းဆုံးဖျော်ဖြေမှုဆိုင်ရာ ဝန်ဆောင်မှုများ ရယူနိုင်စေရန် VIU၊ iFlix နှင့် Joox တို့နှင့်ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

  1. ရွှေ‌ရောင်လွှမ်းလာမည့် ဂိမ်းနယ်ပယ်

ဂိမ်းကစားသူများအတွက် ၂၀၂၀ ခုနှစ်သည် ကောင်းမွန်သော နှစ်တစ်နှစ်ဖြစ်လာမည်ဖြစ်သည်။ Apple သည် ၎င်း၏ Arcade ကို မိတ်ဆက်ပေးခဲ့ပြီး Google ၏  Stadia သည်လည်း နောက်ကျကျန် မနေပါ။ ၎င်းကုမ္ပဏီနှစ်ခုလုံးသည် ဂိမ်းလောက၏ အသွင်သစ်ကို မီးမောင်းထိုး ပြနေသည်။ Apple Arcade သည် အသုံးပြုသူများ ဒေါင်းလုတ်ဆွဲရန်နှင့် အင်တာနက် အသုံးမပြုဘဲ ကစားနိုင်ရန် အထူးသီးသန့် ထောက်ပံ့ပေးထားသည်။ Google Stadia သည် ရုပ်သံထုတ်လွှင့်မှု ပုံစံကို အခြေခံပြီး ပုံမှန်လုပ်ဆောင်နိုင်စွမ်းကို Cloud စနစ် အွန်လိုင်းလုပ်ဆောင်နိုင်စွမ်းဖြင့် အစား ထိုးထားသည်။ ၂၀၂၀ ခုနှစ်တွင် ၎င်းတို့နှစ်ခုလုံးသည် ဂိမ်းနှင့်သက်ဆိုင်သောလှုပ်ရှားမူများ ချဲ့ထွင် လာနိုင်ပြီး Microsoft ၏ XBox နှင့် Sony ၏ Play Station တို့ဖြင့် ပြိုင်ဆိုင်လာမည်ဖြစ်သည်။ ဆက်သွယ်ရေးလုပ်ငန်းများအပါအဝင် အခြားလုပ်ငန်းများသည် လာမည့်နှစ်တွင် အကျိုးအမြတ်များ စွာရရှိနိုင်သည့် ဂိမ်းနယ်ပယ်တွင် ပါဝင်နိုင်ရေး အပြင်းအထန် ကြိုးစားလာကြမည်ဖြစ်သည်။

ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာ့ဂိမ်းနယ်ပယ်သည် အပျော်တမ်းကစားမှုများမှ ပြိုင်ဆိုင်မှု ပြင်းထန် သော အီလက်ထရောနစ်အားကစားအဖြစ် လျင်လျင်မြန်မြန် ကူးပြောင်းသွားခဲ့ပြီး ဂိမ်းများကိုလည်း ပုံစံမျိုးစုံအဖြစ် ပုံဖော်ကစားနေကြပြီဖြစ်သည်။ သိသာထင်ရှားလာသော နည်းပညာတိုးတက်မှုများ နှင့်အတူ အွန်လိုင်းဂိမ်းများသည် မိုဘိုင်းဒေတာကွန်ယက်များကို အသုံးပြု၍ ကမ္ဘာအနှံ့မှ ဂိမ်းကစား သူများနှင့် အချိန်‌မရွေး၊ နေရာမရွေး ချိတ်ဆက်ကစားနိုင်မည်ဖြစ်သည်။ ၎င်း၏ ကြာချိန်နည်းပါးသည့် ကွန်ရက်နှင့်အတူ တယ်လီနောမြန်မာသည်  မြန်မာနိုင်ငံ၏ တိုးတက်ကျယ်ပြန့်နေသည့် ဂိမ်းကစား ကြသူများ ရပ်ဝန်းအတွက် အဓိက ပံ့ပိုးပေးနေသူ တစ်ဦးဖြစ်သည်။ ၎င်းပိုင် MyTelenor အက်ပလီ ကေးရှင်းတွင် ဂိမ်းများပါဝင်သည့်အပြင် တယ်လီနောအနေနှင့်လည်း မြန်မာနိုင်ငံအီလက်ထရောနစ် အားကစာပညာရှင်အသိုင်းအ၀ိုင်းနှင့် တက်ကြွစွာပူးပေါင်းပံ့ပိုးလျက်ရှိသည်။

ကျန်ရှိနေသည့်နည်းပညာရေစီးကြောင်းများအကြောင်းပိုမိုသိရှိလိုပါက www.telenor.com/techtrends2020 တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ် ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် လက်ရှိတွင် နိုင်ငံ တွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၂၁ သန်းကျော်ထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm  တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်း အော်ပရေတာများ အနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၃ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတဆင့် လူ့အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၀ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ တယ်လီနော လုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှု နိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

 

မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share