Press Release

တယ်လီနော သုံးနှစ်ပြည့် အထိမ်းအမှတ် အဖြစ် အသက်သာဆုံးသော ဈေးနှုန်းနှင့် ဖုန်းခေါ် ဆိုနိုင်မည့် အစီအစဉ် မိတ်ဆက်မှုဖြင့် ဆင်နွှဲ

27 September, 2017 - Yangon

တယ်လီနောမြန်မာသည် ယနေ့တွင် ကုမ္ပဏီ၏ သုံးနှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ ဈေးကွက်သို့ စတင်ဝင်ရောက်စဉ် ကတည်း ကပင် ကုမ္ပဏီသည် အသုံးပြုသူများ အားလုံးအတွက် ဈေးနှုန်းသက်သာစေမည့် မိုဘိုင်းဝန်ဆောင်မှုများအား ပေးအပ် နိုင်ရန် ဦးတည် အလေးထားဆောင်ရွက်လျက်ရှိပါသည်။ သုံးနှစ်ပြည့် အထိမ်းအမှတ်အား အသုံးပြုသူများနှင့် အတူတကွ ဆင်နွှဲနိုင်ရန်အတွက် တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတွင် ဈေးနှုန်းအသက်သာဆုံး တယ်လီနော အချင်းအချင်း ဖုန်းခေါ်ဆိုမှု ဝန်ဆောင်မှု တစ်ရပ် ဖြစ်သည့် “တယ်လီနော သာသာယာယာ” အား နောက်ထပ်အဓိက ခြေလှမ်းတစ်ရပ်အဖြစ် မိတ်ဆက် လိုက်ပြီ ဖြစ်ပါသည်။

“တယ်လီနော သာသာယာယာ” အစီအစဉ်အား သုံးစွဲခြင်းဖြင့် အသုံးပြုသူများအနေနှင့် တယ်လီနောအချင်းချင်း ဖုန်းခေါ်ဆို ခ တစ်မိနစ်လျှင် ၁၀ ကျပ်သာ ကျသင့်မည် ဖြစ်ပြီး အဆိုပါ အစီအစဉ်သစ်အား လွယ်ကူစွာ ရယူ အသုံးပြု နိုင်မည် ဖြစ်သည်။ တယ်လီနော အသုံးပြုသူများသည် အဆိုပါ အစီအစဉ်အား အသုံးပြုရန်အတွက် *979*10# ကိုသာ ခေါ်ဆိုရန်လိုအပ်ပြီး ယင်းသို့ ခေါ်ဆိုပြီးသည်နှင့် တစ်ပြိုင်နက်ချက်ချင်း စတင်အသုံးပြုနိုင်မည် ဖြစ်သည်။ တယ်လီနော ဆင်းကတ် မပိုင်ဆိုင်ထားသော သူများအနေနှင့်မူ အဆိုပါ အစီအစဉ်သစ်အား ရယူနိုင်ရန်အတွက် နိုင်ငံတစ်ဝန်းမှ လက်လီရောင်းချသူ ပေါင်း ၁၀ဝ,ဝ၀ဝ ထံတွင် တယ်လီနောဆင်းကတ်များအား ဝယ်ယူအသုံးပြုနိုင်မည် ဖြစ်ပါသည်။

“မြန်မာနိုင်ငံက အသုံးပြုသူ အားလုံးအနေနဲ့ သူတို့ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှု ဘဝတွေကို စီမံခန့်ခွဲဖို့နဲ့ သူတို့ရဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ နီးနီးကပ်ကပ်ရှိနေစေဖို့အတွက် ဖုန်းခေါ်ဆိုမှုတွေ အပေါ် အားထားနေရ သေးတယ် ဆိုတာ ကျွန်တော်တို့ အနေနဲ့ သိရှိထားပါတယ်။ တစ်မိနစ်ကို ၁၀ ကျပ်သာကျသင့်မယ့် ဒီအစီအစဉ်အသစ်နဲ့အတူ အသုံးပြုသူတွေ အနေနဲ့ သူတို့ပေးချေရတဲ့ ကျသင့်ငွေတွေအတွက် အချိန်ပိုမို ကြာမြင့်စွာ ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Lars Erik Tellmann က ပြောကြားသည်။

 ဒေတာအသုံးပြုသူများအနေနှင့် ၁ မဂ္ဂါဘိုက်လျှင် အနည်းဆုံး ၁.၂၅ ကျပ်အထိသာ ကျသင့်မည့် “ဒေတာစုဘူး” အစီ အစဉ်အား အသုံးပြုနိုင်မည် ဖြစ်ပြီး ပေးချေရသည့် ကျသင့်ငွေနှင့် ထိုက်တန်သည့် ဝန်ဆောင်မှုအား ပြန်လည် ရရှိလိုသော၊ ကိ်ုယ်ပိုင် ငွေကြေးသုံးစွဲမှုများအား အလုံးစုံ စီမံခန့်ခွဲလိုသော အသုံးပြုသူများ၏ စိတ်ကြိုက် အစီအစဉ် တစ်ရပ် အဖြစ် ဆက်လက် တည်ရှိ သွားမည် ဖြစ်သည်။ အဆိုပါ ဒေတာနှင့် ဖုန်းခေါ်ဆိုမှု အစီအစဉ် ၂ ရပ်သည် တယ်လီနော အသုံးပြု သူများ အတွက် ဆွဲဆောင်မှု အရှိဆုံး ဝန်ဆောင်မှုများ အဖြစ် ရပ်တည်သွားမည် ဖြစ်ပါသည်။

“အကောင်းမွန်ဆုံး သုံးစွဲမှု အတွေ့အကြုံတွေကို ပေးအပ်နိုင်ဖို့အတွက် နောက်ထပ် အဆင့်တစ်ဆင့်ကို ကျွန်တော်တို့ မြှင့်တင်နေခြင်း ဖြစ်ပြီး ‘အသုံးပြုသူတွေ အားလုံးနဲ့ အတူ အမြဲရှိနေမယ်’လို့ ကျွန်တော်တို့ ကတိပေးလိုပါတယ်။ နောက် လာမယ့် အနာဂတ်မှာ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေဟာ ရိုးရှင်းပြီး အသုံးပြုရ လွယ်ကူတယ် ဆိုတာတွေ၊ ကျွန်တော်တို့ရဲ့ တီထွင်ဆန်းသစ်မှုတွေဟာ ထပ်ဆောင်းတန်ဖိုးတွေ ပေးအပ်နိုင်တယ် ဆိုတာတွေနဲ့ ဝန်ဆောင်မှု တွေအားလုံးဟာ ဈေးနှုန်းသက်သာပြီး အသင့်တော်ဆုံး ဖြစ်တယ်ဆိုတာတွေကို တယ်လီနော အသုံးပြုသူတွေအနေနဲ့ သိရှိလာမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု Tellmann ကဆက်လက် ပြောကြားသည်။

တယ်လီနောသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးသော မိုဘိုင်းကွန်ရက်အား ပိုင်ဆိုင်ထားပြီး လူဦးရေ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းအား လွှမ်းခြုံထားသည်။ ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၈,ဝ၀ဝ နှင့်အတူ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတစ်ဝန်းရှိ ပြည်နယ်အားလုံးနှင့် မြို့နယ်အများစုအား ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။ ကုမ္ပဏီ၏ ကွန်ရက်သည် ကျေးလက်ဒေသများသို့ ဆက်လက်ကျယ်ပြန့်လာသည်နှင့် အမျှ ဖုန်းခေါ်ဆိုမှုများမှာလည်း ဆက်လက် မြင့်တက်နေမည်ဟု မျှော်မှန်းထားသည်။ မြန်မာနိုင်ငံ၏ မိုဘိုင်းဒေတာ သုံးစွဲမှု ပမာဏသည် သိသိသာသာ မြင့်တက်လာသော်လည်း နိုင်ငံတွင်း၌ ဖုန်းခေါ်ဆိုခြင်း ဝန်ဆောင်မှု သီးသန့်၊ သို့မဟုတ် ဒေတာဝန်ဆောင်မှု အနည်း ငယ်သာ အသုံးပြုသော လူဦးရေ အများအပြား လည်း ရှိနေသေးသည် ဖြစ်သည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor