Press Release

တယ်လီနော သုံးစွဲသူများ အာရှနိုင်ငံပေါင်း ၈ နိုင်ငံတွင် ပြည်တွင်းနှုန်းထားဖြင့် အင်တာနက် အသုံးပြုနိုင်

03 April, 2018 - Yangon

  • တယ်လီနော၏ prepaid နှင့် postpaid အသုံးပြုသူ အားလုံး ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှားနှင့် ထိုင်ဝမ် နိုင်ငံတို့တွင် ဒေတာ အသုံးပြုခ အထူးနှုန်းထားသစ် ၁ မဂ္ဂါဘိုက်လျှင် ၈ ကျပ်ဖြင့် အသုံးပြုနိုင်
  • မည်သည့် စာရင်းပေးသွင်းမှုမှ ထပ်မံ မလိုအပ်ဘဲ အထူးနှုန်းထားအသစ်ဖြင့် အသုံးပြုနိုင် 

တယ်လီနောမြန်မာ၏ prepaid နှင့် post-paid အသုံးပြုသူများ အတွက် ‘ASIA 8’ ဟု အမည်ရသည့် အင်တာနက် ပရိုမိုးရှင်း အသစ်အား ယနေ့ မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ယခု ပရိုမိုးရှင်း အသစ်အရ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှားနှင့် ထိုင်ဝမ် တို့သို့ သွားရောက်လည်ပတ်သည့် သို့မဟုတ် အဆိုပါ ဒေသများတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် တယ်လီနော အသုံးပြုသူများသည် ၎င်းတို့၏ မိတ်ဆွေများ၊ မိသားစုများနှင့် ဆက်သွယ်ရာတွင် ဖြစ်စေ၊ စီးပွားရေး လုပ်ငန်း ကိစ္စရပ်များအား လုပ်ဆောင်ရာတွင် ဖြစ်စေ အင်တာနက်အား အသက်သာဆုံး နှုန်းထား တစ်ရပ်ဖြစ်သည့် ၁ မဂ္ဂါဘိုက် လျှင် ၈ ကျပ် (ကုန်သွယ်လုပ်ငန်းခွန် မပါ) ဖြင့် အသုံးပြုနိုင်ပြီ ဖြစ်သည်။
တယ်လီနော အသုံးပြုသူများ အနေနှင့် အထက်တွင် ဖော်ပြထားသည့် နိုင်ငံများတွင် အင်တာနက် အသုံးပြုမည် ဆိုပါက မည်သည့် အခကြေးငွေ၊ စာရင်းပေးသွင်းမှုမှ ထပ်မံမလိုအပ်ဘဲ ပြည်တွင်းနှုန်းထားအတိုင်း ၁ မဂ္ဂါဘိုက်လျှင် ၈ ကျပ်ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ ပရိုမိုးရှင်း အစီအစဉ်အား ၂၀၁၈ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှ စတင် အသုံးပြုနိုင်မည် ဖြစ်သည်။

 

 

အထက်ပါ အာရှဒေသပေါင်း ၈ နိုင်ငံတွင် ယခင် ပုံမှန် အင်တာနက် နှုန်းထားများမှာ နိုင်ငံပေါ်မူတည်၍ ၁ မဂ္ဂါဘိုက်လျှင် အနည်းဆုံး ၅၀၀ ကျပ် ကျသင့်သော်လည်း ဤပရိုးမိုးရှင်း ကာလအတွင်းတွင် တယ်လီနော အသုံးပြုသူများ အနေနှင့် ၉၉.၉၅ ရာခိုင်နှုန်းအထိ သက်သာစွာ အသုံးပြုနိုင်မည် ဖြစ်သည်။
“မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ကာလကလည်း နီးကပ်လာပြီး ဒီ အာရှနိုင်ငံတွေကလည်း အားလပ်ရက်တွေမှာ မြန်မာလူမျိုးတွေ သွားရောက်လည်ပတ်မှု များပြားတဲ့ နာမည်ကျော် နေရာဒေသတွေထဲမှာ ပါဝင်ပါတယ်။ ကျွန်တော် တို့ရဲ့ ASIA 8 ပရိုမိုးရှင်း အစီအစဉ်အရ အသုံးပြုသူတွေ အနေနဲ့ သူတို့ရဲ့ ခရီးသွား အတွေ့အကြုံတွေကို Facebook နဲ့ အခြားသော လူမှုကွန်ရက် စာမျက်နှာတွေမှာ အချိန်နဲ့ တပြေးညီ ဖော်ပြသွားနိုင်မှာ ဖြစ်ပြီး ကျသင့်ငွေကလည်း မြန်မာနိုင်ငံမှာ အသုံးပြုတဲ့နှုန်းထားနဲ့ အတူ သတ်မှတ်ပေးထားတဲ့အတွက် အသုံးပြုသူတွေ အနေနဲ့ ပူပန်စရာ မလိုဘဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တယ်လီနော အနေနဲ့ အသုံးပြုသူတွေကို အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေ ပေးအပ် သွားဖို့ အမြဲ ရည်သန်ထားပြီး အနာဂတ်မှာလည်း ဒီထက်ပိုပြီး ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေ နဲ့ ပရိုမိုးရှင်း အစီအစဉ် တွေကို ပေးအပ်သွားနိုင်ဖို့ မျှော်မှန်းဆောင်ရွက်နေပါတယ်” ဟု တယ်လီိနော မြန်မာ၏ စျေးကွက် ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Joslin Myrthong က ပြောကြားသည်။

ပိုမိုကျယ်ပြန့်လာသည့် တယ်လီနော၏ နိုင်ငံတကာ roaming ကွန်ရက်

တယ်လီနော ဆင်းကတ်အသုံးပြုနိုင်သော နိုင်ငံများ၊ roaming မိတ်ဖက် မိုဘိုင်းအော်ပရေတာများ ပိုမိုတိုးပွားလာ သည်နှင့် အတူ အသုံးပြုသူများ ခရီးသွားလာနေစဉ်သော်လည်းကောင်း၊ နိုင်ငံတွင်းမှတဆင့် နိုင်ငံပြင်ပရှိ မိသားစုများ၊ မိတ်ဆွေ သူငယ်ချင်းများနှင့့် ဆက်သွယ်နိုင်ရန်ရည်ရွယ်၍ လွယ်ကူသက်သာသော ဝန်ဆောင်မှုများကို တယ်လီနော က ပေးအပ်လျက်ရှိသည်။ တယ်လီနော၏ 4G roaming ဝန်ဆောင်မှုအား လက်ရှိတွင် တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ယူအေအီး၊ ကနေဒါ၊ မကာအို၊ ထိုင်ဝမ်နှင့် နော်ဝေတို့တွင် သုံးစွဲနိုင်နေပြီဖြစ်ပြီး အခြားနိုင်ငံများ တွင်ပါ သုံးစွဲနိုင်စေရန် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။ ယခုလက်ရှိတွင် နိုင်ငံပေါင်း ၁၁၇ နိုင်ငံတွင် ရောက်ရှိ လာသူ တယ်လီနောသုံးစွဲသူများသည် ယင်းနို်င်ငံများရှိ မိတ်ဖက်အော်ပရေတာပေါင်း ၁၅၂ ခု၏ ကွန်ရက်ကို ချိတ်ဆက် အသုံးပြု နိုင်နေပြီဖြစ်ပြီး ပြည်ပ နိုင်ငံပေါင်း ၁၂၄ နိုင်ငံမှ မိတ်ဖက်အော်ပရေတာပေါင်း ၁၉၃ ခု၏ သုံးစွဲသူ များသည် မြန်မာနိုင်ငံ အတွင်း တယ်လီနော ကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်နေပြီ ဖြစ်ပါသည်။ 

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

Yangon
My Telenor