Press Release

တယ်လီနော သုံးစွဲသူများ နိုင်ငံပေါင်း ၁၆ နိုင်ငံသို့ တစ်မိနစ် ၂၇ ကျပ်နှုန်းဖြင့် တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်ပြီ

12 July, 2018 - Yangon

  • တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်သည့် နိုင်ငံများစာရင်းတွင် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ မက္ကဆီကို၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သြစတေးလျ၊ နယူးဇီလန်၊ နော်ဝေ၊ ဂျာမနီနှင့် အစ္စရေးနိုင်ငံများ ပါဝင်
  • ယခုပရိုမိုးရှင်းသည် ပုံမှန်နှုန်းထားထက် ၉၇% အထိ ကုန်ကျစရိတ် သက်သာစေမည်ဖြစ်

တယ်လီနောမြန်မာသည် ၎င်း၏ နိုင်ငံရပ်ခြား တိုက်ရိုက်ဖုန်းခေါ်ဆိုမှု (IDD) ပရိုမိုးရှင်း အစီအစဉ် ‘Call Like Home’ ဖြင့် ဖုန်းခေါ်ဆိုနိုင်မည့် နိုင်ငံများစာရင်းအား ထပ်မံတိုးမြှင့်လိုက်ပြီ ဖြစ်ရာ တယ်လီနောသုံးစွဲသူများအနေဖြင့် နိုင်ငံပေါင်း ၁၆ နိုင်ငံရှိ ၎င်းတို့၏ စီးပွားရေးမိတ်ဖက်များ၊ မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများအား ဖုန်းခေါ်ဆိုရာတွင် အသက်သာဆုံးသောနှုန်းထားဖြစ်သည့် တစ်မိနစ်လျှင် ၂၇ ကျပ်ဖြင့် ခေါ်ဆိုနိုင်ပြီဖြစ်သည်။ 

 

တယ်လီနော၏ prepaid နှင့် star postpaid အသုံးပြုသူများအားလုံးသည် ဇူလိုင်လမှ စတင်ကာ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ မက္ကဆီကို၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သြစတြေးလျ၊ နယူးဇီလန်၊ နော်ဝေ၊ ဂျာမနီနှင့် အစ္စရေးနိုင်ငံများရှိ မည်သည့် မိုဘိုင်းဖုန်းနှင့် လိုင်း ဖုန်းနံပါတ်များသို့မဆို (ဂြိုဟ်တုဖုန်းနှင့် ပရီမီယမ်နံပါတ်များမပါဝင်ဘဲ) တစ်မိနစ်လျှင် ၂၇ ကျပ်နှုန်းထားဖြင့် တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်သည်။ အဆိုပါနိုင်ငံများသို့ တိုက်ရိုက်ဖုန်းခေါ်ဆိုမှု ပုံမှန်နှုန်းထားများသည် နိုင်ငံအပေါ်မူတည်၍ ၂၀၀ ကျပ်မှ ၈၀၀ ကျပ် အထိကျသင့်လေ့ရှိသည့်အတွက် ဤ ‘Call Like Home’ ပရိုမိုးရှင်း အစီအစဉ်အား အသုံးပြု ခြင်းဖြင့် တယ်လီနောအသုံးပြုသူများ အနေနှင့် အဆိုပါ ၁၆ နိုင်ငံသို့ ဖုန်းခေါ်ဆိုရာတွင် ၉၇% အထိ သက်သာနိုင်မည် ဖြစ်သည်။

 

“ဒီ Call Like Home အထူး နိုင်ငံရပ်ခြား ဖုန်းခေါ်ဆိုမှု ပရိုမိုးရှင်းအစီအစဉ်ကို တယ်လီနော အသုံးပြုသူတွေဆီ ၂၀၁၈ ခုနှစ်၊ မေလမှာ စတင်မိတ်ဆက်ခဲ့ပြီး အာရှနိုင်ငံ ၃ နိုင်ငံဖြစ်တဲ့ ထိုင်း၊ တရုတ်နဲ့ မလေးရှားနိုင်ငံတွေကို အသက်သာဆုံးနှုန်းထားနဲ့ ဖုန်းခေါ်ဆိုနိုင်ဖို့ ဆောင်ရွက်ပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ ဖုန်းခေါ်ဆိုနိုင်တဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံအထိ ရှိလာခဲ့ပါပြီ။ ဒီပမာဏဟာ အရင်ကဖုန်းခေါ်ဆိုနိုင်တဲ့ နိုင်ငံအရေအတွက်ထက် ၅ ဆကျော် ပိုမိုများပြား ပြီး ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအနေနဲ့လည်း အမေရိကန်ပြည်ထောင်စု၊ သြစတေးလျနဲ့ နယူးဇီလန်တို့လို အခြား ကမ္ဘာ့တိုက်ကြီးတွေက ဝေးကွာလှတဲ့နိုင်ငံတွေအထိ ပြည်တွင်းနှုန်းထားအတိုင်း ဆက်သွယ်ပြောဆိုနိုင်တော့မှာ ဖြစ်ပါ တယ်။ တယ်လီနောအနေနဲ့ မြန်မာနိုင်ငံကို ကမ္ဘာပေါ်က အခြားသောနေရာဒေသတွေကို ကုန်ကျစရိတ်သက်သက် သာသာနဲ့ ချိတ်ဆက်ပေးနိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ ဒီ ‘Call Like Home’ အစီအစဉ်ဟာ လည်း တယ်လီနောသုံးစွဲသူတွေ ကမ္ဘာတစ်ဝန်းက သူတို့ရဲ့ စီးပွားရေးမိတ်ဖက်တွေ၊ မိသားစုတွေနဲ့ သူငယ်ချင်းတွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်စေမှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ စျေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် ဖြစ်သူ Amaresh Kumar က ပြောကြားသည်။ 

 

တယ်လီနော၏ prepaid နှင့် star postpaid အသုံးပြုသူများ အနေနှင့် ‘Call Like Home’ အစီအစဉ်များအား My Telenor App မှတဆင့် စာရင်းသွင်း ရယူနိုင်မည်ဖြစ်သည်။ ထို့အပြင် အသုံးပြုသူများအနေနှင့် အပတ်စဉ်သုံး ဖုန်း ခေါ်ဆိုမှု အစီအစဉ်အား ရယူလိုပါက 500 သို့ IW27 ဟု စာတိုပေးပို့ခြင်းဖြင့်ဖြစ်စေ၊ *979*2*5*1# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေလည်း ရယူနိုင်သည်။ အလားတူပင် လစဉ်သုံး ဖုန်းခေါ်ဆိုမှုအစီအစဉ်အား 500 သို့ IM27 ဟု စာတို ပေးပို့ခြင်း ဖြင့်ဖြစ်စေ၊ *979*2*5*2# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ ရယူနိုင်သည်။ အပတ်စဉ်သုံး ဖုန်းခေါ်ဆိုမှု အစီအစဉ်အား တစ်ကြိမ်စာရင်းသွင်းယူရန် ကုန်သွယ်လုပ်ငန်းခွန် အပါအဝင် ၄၅၀ ကျပ် ကျသင့်မည် ဖြစ်ပြီး လစဉ်သုံး ဖုန်းခေါ်ဆိုမှု အစီအစဉ်အား တစ်ခါ စာရင်းသွင်းရယူပါက ကုန်သွယ်လုပ်ငန်းခွန် အပါအဝင် ၁၅၀၀ ကျပ် ကျသင့်မည် ဖြစ်သည်။ 

 

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor