တယ်လီနော သုံးစွဲသူများအတွက် ကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ ဆုပစ္စည်းများ ပေးအပ်မည့် အစီအစဉ် စတင်

18 November, 2017 - Yangon

  • နို၀င်ဘာလ ၂၀ ရက်မှ ဒီဇင်ဘာ ၁၉ ရက်အတွင်း ဇိမ်ခံမော်တော်ယာဉ် ၄ စီးနှင့် နောက်ဆုံးပေါ် စမတ်ဖုန်း ၃၀ လုံး ပေးအပ်သွားမည်။
  • ကြိုတင်ငွေဖြည့်ကတ်သုံး တယ်လီနောသုံးစွဲသူတိုင်း ယခုအစီအစဉ်တွင် ပါ၀င်ဆင်နွှဲပြီး ဆုများ ရခွင့်ရှိ။

မကြာမီ ကုန်ဆုံးတော့မည့် နှစ်သက္ကရာဇ်အကြို အဖြစ်ဆောင်ရွက်သည့် အစီအစဉ်အရ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ ကြိုတင်ငွေဖြည့်ကတ်သုံး တယ်လီနောသုံးစွဲသူများ အနေဖြင့် ဆုပစ္စည်းများစွာကို ပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်းများ ရရှိကြမည် ဖြစ်ပါသည်။ တယ်လီနောသည် ဆမ်ဆောင်း ဂလက်ဆီ Note 8 အမျိုး အစား မိုဘိုင်းဖုန်းများ ကို ကံထူးပိုင်ဆိုင်ခွင့်ရသူ တယ်လီနောသုံးစွဲသူများ၏ အမည်များကို နို၀င်ဘာလ ၂၀ ရက်မှ စတင် ကာ ဒီဇင်ဘာ ၁၉ ရက်အထိ ကာလအတောအတွင်း နေ့စဉ် ရွေးချယ်ကြေငြာ ပေးအပ်သွားမည်ဖြစ်ပြီး KIA Optima 2018 အမျိုးအစား ဇိမ်ခံမော်တော်ယာဉ် ပိုင်ဆိုင်ခွင့်ရရှိသူ တယ်လီနောသုံးစွဲသူများ၏ အမည်များကိုလည်း ယင်းကာလ အတွင်း အပတ်စဉ် ကြေငြာပေးသွားမည် ဖြစ်ပါသည်။

“ကျနော်တို့အနေနဲ့ တယ်လီနောသုံးစွဲသူတွေကို ပြန်လည်တုံ့ပြန်ကျေးဇူးတင်တဲ့အနေနဲ့ အခုလို အစီအစဉ်လေးကို ဆောင်ရွက် လိုက်တာဖြစ်ပါတယ်။ လက်ရှိမှာ တယ်လီနော သုံးစွဲသူ သန်း ၂၀ နီးပါးရှိနေတာဖြစ်ပြီး အခုလို အထူး စိတ်၀င် စားစရာ ကောင်းသလို ပျော်ရွင်စရာလည်း ကောင်းတဲ့ အစီအစဉ်လေးတစ်ခုနဲ့ ကျနော်တို့ရဲ့ ကျေးဇူးတုံ့ပြန်မှုလေးကို ပြသလိုရင်း ဖြစ်ပါတယ်။ လူတိုင်း လူတိုင်း ကားကောင်းကောင်း အသစ်စက်စက်တစ်စီးလောက် ပိုင်ဆိုင်ဖို့ အိမ်မက် ကိုယ်စီ ရှိကြတာဖြစ်လို့ တယ်လီနောသုံးစွဲသူတွေ အားလုံးအနေနဲ့ ကျနော်တို့ရဲ့ အစီအစဉ်မှာ ပါ၀င်ဆင်နွှဲကြပြီး ကိုယ့်ရဲ့ အိမ်မက်ကို အကောင်အထည် ဖော်နိုင်ကြပါပြီ” ဟု တယ်လီနော၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် ဖြစ်သူ Joslin Myrsthong ကပြောကြားသည်။

 “အခုအစီအစဉ်မှာ ပါ၀င်ဖို့အတွက်ရာလည်း ရိုးရှင်းပြီးလွယ်ကူအောင် ကျနော်တို့ စီစဉ်ထားတာဖြစ်ပါတယ်။ တယ်လီနော သုံးစွဲသူအယောက်တိုင်းအနေနဲ့ ပြီးခဲ့တဲ့လက စုစုပေါင်းသုံးစွဲခဲ့တာထက် ငွေကျပ် တစ်ထောင်သာ ယခုကာလအတွင်း ပိုမို သုံးစွဲဖို့ လိုအပ်ပြီး ဒီလိုသုံးစွဲလိုက်ပြီဆိုတာနဲ့ အခုလို ကံထူးရှင်ရွေးချယ်မှုမှာ အလိုအလျောက် ပါ၀င်ခွင့်ရရှိသွားမှာ ဖြစ်ပြီး ဆုတစ်ခုခု ကံထူးဖို့လည်း အခွင့်အရေး ရရှိသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် စိတ်လှုပ်ရှားစရာကတော့ အခုမှ စတင် သုံးစွဲမဲ့ တယ်လီနော သုံးစွဲသူတွေဆိုရင်လည်း ငွေကျပ် တစ်ထောင်သုံးစွဲလိုက်ပြီဆိုရင် အလားတူ အခွင့်အရေး ရရှိသွား မှာပဲ ဖြစ် ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တယ်လီနော သုံးစွဲသူများအနေဖြင့် ယခုအစီအစဉ်မှ အထူးဆုများကို ပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်းအပြင် ဖုန်းပြောဆိုခ တစ်မိနစ်လျင် ၁၀ ကျပ်သာကျသင့်သည့် ‘သာသာယာယာ’ အစီအစဉ် နှင့် တစ်မက်ကာဘိုက် လျှင် ၁.၅ ကျပ်နှုန်းဖြင့် အသုံးပြုနိုင်သည့် ဒေတာစုဘူးအစီအစဉ်များကို ဈေးနှုန်းသက်သာစွာ အသုံးပြုနိုင်သည့် အခွင့်အလမ်းကိုပါ နေ့စဉ် နေ့တိုင်း ရရှိနေမည် ဖြစ်ပါသည်။

ကံထူးသူများကို ပွင့်လင်းမြင်သာစွာ ရွေးချယ်နိုင်ရန်အတွက် ရွေးချယ်သည့် လုပ်ငန်းစဉ်ကို Biz Law Consult Myanmar Co. Ltd က စောင့်ကြည့် ကြီးကြပ်သွားမည် ဖြစ်ပါသည်။ ဆမ်ဆောင်း ဂလက်ဆီ Note 8 ဆု ကံထူးသူများ၏ အမည်ကို တယ်လီနော၏ လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ကြေငြာသွားမည် ဖြစ်ပြီး ယင်းဆုရရှိသူများ အနေဖြင့် ၎င်း တို့နှင့် အနီးဆုံး တယ်လီနော အမှတ်တံဆိပ်အရောင်းဆိုင်များတွင် ဆုများ လာရောက် ထုတ်ယူနိုင်မည် ဖြစ်ပါသည်။ KIA Optima 2018 အမျိုးအစား ဇိမ်ခံမော်တော်ယာဉ် ပိုင်ဆိုင်ခွင့်ရရှိသူ တယ်လီနောသုံးစွဲသူများ၏ အမည်များကို အပတ်စဉ် ကြေငြာပေးသွားမည် ဖြစ်ပြီး မော်တော်ယာဉ်များအား ဒီဇင်ဘာလနှောင်းတွင် ကျင်းပမည့် အခမ်းအနားတွင် တစ်ပေါင်း တစ်စည်းတည်း ပေးအပ်သွားမည် ဖြစ်ပါသည်။

ကံထူးသူရွေးချယ်မှုကို ရန်ကုန်မြို့ရှိ တယ်လီနောရုံးချုပ်တွင် နို၀င်ဘာ ၂၈ ရက်၊ ဒီဇင်ဘာ ၅၊၁၂ နှင့် ၂၁ ရက်များတွင် ကျင်းပသွားမည် ဖြစ်ပြီး ကံထူးသူများ၏ အမည်များကို ပထမအကြိမ်ရွေးချယ်မှုပြီးနောက်ရက်များတွင် နေ့စဉ် အသိပေး ကြေငြာသွားမည် ဖြစ်ပါသည်။

တယ်လီနော သုံးစွဲသူများအနေဖြင့် ပြီးခဲ့သည့် လအတွင်းက သုံးစွဲခဲ့သည့် သုံးစွဲငွေ၊ လက်ရှိ သုံးစွဲထားငွေနှင့် ယခု အစီ အစဉ်တွင် ပါ၀င်ခွင့်ရရှိစေရန် သုံးစွဲရမည့်ငွေ (ယခင်လ သုံးစွဲငွေထက် ကျပ် ၁၀၀၀ ပို) တို့ကို *7777# သို့ ဖုန်းခေါ်ဆို ခြင်းဖြင့် စစ်ဆေးသိရှိနိုင်ပါသည်။ ယခုအစီအစဉ်အတွက် သတ်မှတ်စည်းမျဉ်းများကိုလည်း တယ်လီနော၏ ၀က်ဆိုက် www.telenor.com.mm တွင် လေ့လာနိုင်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor