09 May, 2017 -
တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) ၏ ငါးကြိမ်မြောက် နှစ်ပတ်လည် တယ်လီနော လူငယ်ဖိုရမ် (TYF) အတွက် စိတ်ပါ၀င်စားသူ လူငယ်များ စတင် လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။ အဆိုပါ ဖိုရမ်သည် တယ်လီနောလုပ်ငန်းစုနှင့် နိုဘယ်ငြိမ်းချမ်းရေးစင်တာ (NPC) တို့ ပူးပေါင်းကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ အစီ အစဉ် တစ်ခုဖြစ်ပါသည်။ တယ်လီနောအနေနှင့် လူငယ်များသည် ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြုပြီး ကမ္ဘာကြီး အား အမှန်တကယ် ပြောင်းလဲလာအောင် စွမ်းဆောင်နိုင်မည်ဟု ယုံကြည်သည့်အတွက် ဤပူးပေါင်းဆောင်ရွက်မှုကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံမှ အသက် ၂၀ -၂၈ နှစ်အတွင်းရှိ လူငယ်များသည် နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပပြုလုပ်မည့် TYF2017 အတွက် လျှောက်ထားနိုင်မည်ဖြစ်သည်။ အဆိုပါ TYF အစီအစဉ်သည် တစ်နှစ်ကြာမြင့်မည် ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ မေလတွင် ဘန်ကောက်မြို့၌ ဒုတိယအကြိမ် တွေ့ဆုံရမည့် အစီအစဉ်လည်း ပါဝင်မည် ဖြစ်ပါသည်။ ရွေးချယ်ခံရသော လူငယ်များအနေနှင့် အဆိုပါ TYF အစီအစဉ်တစ်လျှောက်လုံးတွင် ၎င်းတို့ အတွက် သတ်မှတ်ထားသော အဖွဲ့တွင် ပါဝင်သည့် အခြားရွေးချယ်ခံရသူများနှင့်အတူ ပျှမ်းမျှ သီတင်း တစ်ပတ်လျှင် ၂ နာရီ ဝန်းကျင်ခန့် အွန်လိုင်းမှတစ်ဆင့် စုပေါင်း အလုပ်လုပ်ကိုင်ရမည် ဖြစ်ပါသည်။ အရေးကြီးသည့် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများအား ဖြေရှင်းနိုင်မည့် ဒစ်ဂျစ်တယ် ဖြေရှင်းချက်များအား အဖွဲ့လိုက် ပူးပေါင်းအဖြေရှာ ဖော်ထုတ်ရန် ဒီဇင်ဘာ လ အစီအစဉ် တက်ရောက် ချိန်တွင် အဖွဲ့လိုက် ခေါင်းစဉ်များ သတ်မှတ်ပေးထားမည် ဖြစ်ပါသည်။
ယမန်နှစ် TYF အစီအစဉ်အတွက် ရွေးချယ်ခံရသူများသည် ၎င်းတို့၏ TYF ခရီးစဉ်အတွင်း၌ပင် ရှိနေကြသေးသည် ဖြစ် သည်။ ၎င်းတို့သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် အော်စလို၌ ၎င်းတို့၏ သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် စတင်ထိတွေ့ ခဲ့ရပြီး ဒစ်ဂျစ်တယ် ဖြေရှင်းချက်လုပ်ငန်းများအား စတင်အကောင်အထည်ဖော်ခဲ့ကြပါသည်။
အဆိုပါ ရွေးချယ်ခံရသူများသည် လက်ရှိတွင် ရာသီဥတုပြောင်းလဲမှု၊ ငယ်ရွယ်သော ဒုက္ခသည်များအတွက် ပညာရေး၊ စိတ်ကျန်းမာရေးဆိုင်ရာ အလေ့အထ အကန့်အသတ်များ၊ ကျား/မ သာတူညီမျှရှိရေး နှင့် အလုပ်လက်မဲ့ဆိုင်ရာ ပြဿနာ များအား တိုက်ဖျက်နိုင်ရန်အတွက် လုပ်ဆောင်နေကြပါသည်။ အဖွဲ့များသည် အစီအစဉ်၏ ခရီးတစ်ဝက်သို့ ရောက်ရှိ နေကြပြီဖြစ်ပြီး ယခုလ နှောင်းပိုင်းတွင် ၎င်းတို့ ဆက်လက်လုပ်ဆောင်သွားမည့် အရာများအား ဆွေးနွေးရန်အတွက် ဘန်ကောက်မြို့၌ တွေ့ဆုံကြပါမည်။ TYF ကိုယ်စားလှယ် တစ်ယောက်ချင်းစီသည် ၎င်းတို့၏ စီမံချက်များအတွက် လူချင်း တွေ့ဆုံဆွေးနွေးမှု ၂ ကြိမ် (အော်စလို နှင့် ဘန်ကောက်) အပြင် ပျှမ်းမျှ တစ်ပတ်လျှင် ၂ နာရီခန့် အွန်လိုင်း အသုံးပြုကာ ပူးပေါင်း လုပ်ဆောင်ကြရမည် ဖြစ်သည်။
ထို့အပြင် အဆိုပါ ကိုယ်စားလှယ်များသည် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ပညာရေးဖောင်ဒေးရှင်း၊ ကမ္ဘာ့ ကြက်ခြေနီ၊ Techfugees နှင့် တယ်လီနော သုတေသနလုပ်ငန်း အပါအဝင် အခြားသော အဖွဲ့အစည်းများမှ ကျွမ်းကျင်သူ များထံမှ လမ်းညွန်ပြသမှုများနှင့် အကြံ ဥဏ် များကိုလည်း ရရှိကြမည် ဖြစ်ပါသည်။
TYF ခရီးစဉ်တစ်လျှောက်လုံးတွင် လမ်းညွှန်ကြီးကြပ်သူများသည် လူငယ် ကိုယ်စားလှယ်များအား ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အကြုံများထံမှ ရရှိလာသည့် ပြဿနာများအတွက် အကြံ ဥဏ် များအပြင် ဖြေရှင်းချက် ဒီဇိုင်း၊ ဖြေရှင်းချက်များနှင့် ထုတ်လုပ်မှုများအတွက် ပုံစံငယ်များ၊ တင်ဆက်မှုနှင့် ခင်းကျင်းပြသမှုများ စသည့် ပြင်ပလောကနှင့် ကိုက်ညီမှုရှိသည့် ကျွမ်းကျင်မှုများအား လက်ဆင့်ကမ်းပေးကြပါမည်။
TYF အစီအစဉ်တစ်ခုစီ၏ အပြီးသတ်တွင် အနိုင်ရရှိမည့် အဖွဲ့အား ရွေးချယ်မည်ဖြစ်ပြီး ဖြစ်နိုင်ခြေအရှိဆုံးနှင့် အကျိုး သက် ရောက်မှုအရှိဆုံး ထုတ်လုပ်မှု သို့မဟုတ် ဖြေရှင်းချက်အတွက် အကြံ ဥဏ် အား ပေးနိုင်သည့် အဖွဲ့သည် အနိုင်ရရှိ မည်ဖြစ်သည်။ အဆိုပါ အနိုင်ရရှိသည့်အဖွဲ့အနေနှင့် နောက်တစ်ကြိမ် TYF အစီအစဉ်တွင် အော်စလိုသို့ ဒုတိယအကြိမ် သွားရောက်၍ ဆောင်ရွက်ထားသည့် ဖြေရှင်းချက်များကို ရှင်းလင်းပြောကြားခွင့်ရမည်ဖြစ်ပါသည်။
အကယ်၍ သင်သည် ကမ္ဘာတစ်ဝန်းမှ အခြားသူများနှင့် ဆက်သွယ်အလုပ်လုပ်ကိုင်လိုသည့် ဆန္ဒရှိပြီး ဒစ်ဂျစ်တယ် နည်း ပညာသည် ကောင်းမွန်သော ဖွံ့ဖြိုးမှုများအား ဖန်တီးပေးနိုင်မည်ဟု ယုံကြည်သူတစ်ဦး၊ ကြီးမားသည့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများအား ရှုထောင့် အသစ်များမှ ဖြေရှင်းရသည်ကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပါက သင်သည် မြန်မာနိုင်ငံအား ကိုယ်စားပြုမည့် နောက်ထပ် TYF ကိုယ်စားလှယ်တစ်ဦး ဖြစ်လာနိုင်သည်။
လျှောက်လွှာများအား ဇူလိုင် ၁၆ ရက်နေ့အထိ လက်ခံသွားမည် ဖြစ်သည်။ အွန်လိုင်းမှတစ်ဆင့် လျှောက်လွှာများအား ပေးပို့ပြီးသူများအနေနှင့် ၂ မိနစ်ကြာမြင့်မည့် ကိုယ်ပိုင် အင်တာဗျူး ဗီဒီယို တစ်ခုအား ပြင်ဆင်ထားရန် email မှတစ်ဆင့် ညွန်ကြားလွှာတစ်စောင်အား လက်ခံရရှိမည် ဖြစ်သည်။ အဆိုပါ ဗီဒီယိုများအား သြဂုတ်လ ၁၃ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ လူငယ်ကိုယ်စားလှယ် ၆ ဦးသည် ၂၀၁၄၊ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်များတွင် အော်စလိုမြို့၌ ကျင်းပသည့် TYF အစီအစဉ်များအား အသီးသီး တက်ရောက်ခဲ့ပြီးဖြစ်သည်။ သတင်းအချက်အလက်နည်းပညာဆိုင်ရာ အင်ဂျင်နီယာသိပ္ပံဘွဲ့ (Bachelor of Engineering in Information Technology) ရရှိထားသူ အာကာမင်းအောင်နှင့် မြန်မာနိုင်ငံအတွင်းမှ ကူးစက်ရောဂါများအကြောင်း အသိပညာပေးမှု မြှင့်တင်သူ ဒေါက်တာ ဝေယံမင်းဌေး တို့ ၂ ဦးသည် TYF အစီအစဉ်၌ ၂၀၁၄ ခုနှစ်တွင် ပါဝင်ခဲ့ကြသည်။ B.Com (Management and Marketing) ဘွဲ့အားကိုင်ဆောင်ထားသူတစ်ဦးဖြစ်သည့် မဆုဝေစိုးနှင့် နည်းပညာ တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ဖြိုးသူရဌေးတို့သည် TYF အစီအစဉ်အား ၂၀၁၅ ခုနှစ်တွင် ပါဝင်ခဲ့သည်။ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ဘွဲ့ရကာစ ကျောင်းသူတစ်ဦးဖြစ်သည့် မနှင်းနှင်းနိုင်နှင့် တရုတ်နိုင်ငံ Zhejiang တက္ကသိုလ်မှ ပြည့်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ ရရှိထားသည့် ကိုဇော်သူးခေါင် တို့သည် ယမန်နှစ်အတွက် မြန်မာနိုင်ငံကိုယ်စားပြု TYF ကိုယ်စားလှယ်များ ဖြစ်ကြပါသည်။
TYF လူငယ် ကိုယ်စားလှယ် လျှောက်ထားရန် လိုအပ်ချက်များ
TYF ၂၀၁၇ အစီအစဉ်အကြောင်း ပိုမိုသိရှိလိုပါက အောက်ပါ ဝက်ဘ်ဆိုက်များတွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။https://www.telenor.com/youthforum.
Apply now.
Join the conversation on Facebook -
မီဒီယာများဆက်သွယ်ရန်
အဲလက်စ် ညီညီအောင်
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm