05 June, 2017 -
လူငယ်ခေါင်းဆောင်များအား အားပေးကူညီခြင်းနှင့် ပတ်သက်သော ထင်မြင်ချက်များနှင့် လူမှုရေးဆိုင်ရာ အကြောင်းကိစ္စရပ်များနှင့် ငြိမ်းချမ်းရေး ပိုမို ဖြစ်ထွန်းစေရေးတို့အတွက် နည်းပညာ၏ အရေးပါမှု အပါအဝင် မြန်မာလူငယ်များ၏ အံ့အားသင့်ဖွယ် သဘောထားများအား ဒစ်ဂျစ်တယ် သုတေသနပြုလုပ်ချက်အသစ်က ဖော်ပြခဲ့
တယ်လီနောလုပ်ငန်းစု၏ ဒေသတွင်းဆိုင်ရာ အွန်လိုင်း သုတေသန ပြုလုပ်ချက်များမှ တွေ့ရှိချက်များအား ယနေ့ထုတ်ပြန်လိုက်ပြီး ၎င်းသုတေသနသည် ထောင်စုနှစ်ဖွား အာရှလူငယ်များ အနေနှင့် နည်းပညာနှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ အပေါ် ထားရှိသည့် သဘောထားများနှင့် ငြိမ်းချမ်း ရေးကို ရည်သန်သည့် အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်လာစေရန် လိုအပ်သော ကူညီထောက်ပံ့မှုများ အကြောင်း လေ့လာဆန်းစစ်ထားခြင်း ဖြစ်ပါသည်။ တယ်လီနောလူငယ်ဖိုရမ် ၂၀၁၇ အတွက် လျှောက်ထားခြင်းကို အထောက်အပံ့ ပြုရန်ပြုလုပ်ခဲ့သည့် အဆိုပါ အွန်လိုင်း သုတေသနပြုလုပ်ချက်သည် တယ်လီနော၏ အာရှဈေးကွက်အတွင်းရှိ အသက် ၁၅ နှစ်မှ ၃၀ နှစ်အထိ လူပေါင်း ၂၅၀၀ ခန့်အား မေးမြန်းထားခြင်းဖြစ်ပြီး ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ မလေးရှား၊ ပါကစ္စတန် နှင့် ထိုင်းနိုင်ငံတို့မှ ဖြစ်ကြသည်။
ဈေးကွက်များတွင် ပြုလုပ်ခဲ့သော အွန်လိုင်း သုတေသန ပြုလုပ်ချက်များအရ ထောင်စုနှစ်ဖွား မြန်မာ့ လူငယ်များသည် ကလေးသူငယ်များ၏ ပညာရေးအတွက် အခွင့်အလမ်းများ ဖော်ထုတ်ပေးမှုရေးရာတွင် ( စစ်တမ်းကောက်ခံရရှိသူများ ၏ ၃၆ %) အထူးစိတ်၀င်စားကြသည်ကို တွေ့ရှိရပါသည်။ ထို့နောက်တွင်မှ (စစ်တမ်းကောက်ခံရရှိသူများ၏ ၂၁ %) သည် ရာသီဥတုအပြောင်းအလဲနှင့် ကမ္ဘာကြီးပူနွေးလာမှုတွင် ဒုတိယ အများဆုံး စိတ်ဝင်စားသည် ကိုတွေ့ရှိ ရပါသည်။ အခြားသော လူငယ်များစိတ်၀င်စားသည့် ကမ္ဘာ့ရေးရာများမှာ - လူငယ်များအတွက် အလုပ်အကိုင် အခွင့် အလမ်း ရှားပါးမှုပြဿနာ (၂၁%)၊ စိတ်ကျန်းမာရေးဆိုင်ရာ အလေ့အထ အကန့်အသတ်များ (၁၂%)၊ ကျားမခွဲခြားမှု (၇ %) တို့အဖြစ်တွေ့ရှိရပါသည်။
ထိုသို့သော အခြင်းအရာများကို ဖြေရှင်းရန်အတွက်ကို တယ်လီနောလူငယ်ဖိုရမ်က ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိပြီးလည်း ဖြစ်ပါသည်။ အဆိုပါ ကိစ္စရပ်များနှင့် အလားတူ စိန်ခေါ်မှုများအား ဖြေရှင်းရန်မှာ ယမန်နှစ် တယ်လီနောလူငယ်ဖိုရမ် အတွက် ရွေးချယ်ခံရသူများ၏ တစ်နှစ်တာ ရည်မှန်းချက်ဖြစ်ပြီး ယခင်လက ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် ၎င်းတို့ သုတေသနပြုလုပ်မှုများနှင့် ပုံစံငယ် ပြုလုပ်ခြင်း အစီအစဉ် အတွက် နည်းပညာ အခြေပြု အဆိုတင်သွင်းမှုများကိုလည်း တယ်လီနောလူငယ်ဖိုရမ်မှ ကူညီ ထောက်ပံ့ပေးခဲ့ပါသည်။ ထောင်စုနှစ်ဖွား အာရှလူငယ်များသည် ၎င်းတို့၏ လူမှုရေးဆိုင်ရာ အကြောင်းကိစ္စရပ်များနှင့် ပက်သက်၍ နည်းပညာ၏ အခန်းကဏ္ဍနှင့် ၎င်း၏ အကျိုးသက်ရောက်မှုတို့အပေါ် ကောင်းစွာ သိနားလည်ကြပြီး မြန်မာ လူငယ်များထဲမှ သုတေ သန ပြုလုပ်ရန် မေးခွန်းမေးမြန်းခဲ့သည့် ထက်ဝက်ကျော် (၆၀ %)သည် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့် တင်မှုများ သည် လူတိုင်းပညာသင်ယူခွင့် ရရှိမည့် ပညာရေးစနစ်အား ရရှိစေရန် ကူညီနိုင်မည်ဟု ယုံကြည် ကြသည်။ ဒုတိယ အများဆုံး အနေနှင့် မေးခွန်းမေးမြန်းခဲ့သည့် လူငယ်များ၏ ၂၀ %သည် ရာသီဥတု ပြောင်းလဲ မှု နှင့် ကမ္ဘာကြီး ပူနွေး လာမှုတို့အား ရင်ဆိုင်နိုင်ရန်မှာ ပိုမို အရေးပါသည်ဟု ဖြေကြားခဲ့ကြသည်။
ငြိမ်းချမ်းရေး ပိုမိုဖြစ်ထွန်းလာရန် အလားအလာ အကောင်းဆုံး နည်းပညာအကြောင်း မေးမြန်းသည့်အခါတွင် ၃၆ % သော မြန်မာနိုင်ငံမှ ဖြေကြားသူများသည် virtual reality ဟုဖြေကြားကြပြီး ၃၀ % မှ Internet of Things (အင်တာ နက်အခြေခံ အလိုအလျောက် လုပ်ဆောင်စေသည့်စနစ် အခြေပြု နိစ္စဓူဝသုံး ပစ္စည်း/ လုပ်ငန်း ဆောင်တာများ) ဟု ဖြေကြားကြကာ ၂၆ % က artificial intelligence (မှတ်ဥာဏ်တု) ဟုဖြေကြားခဲ့သည်။ ဈေးကွက် ၆ ခုလုံးတွင် artificial intelligence၊ the internet of things နှင့် virtual reality တို့သည် အဖြေအများဆုံး ထိပ်ဆုံး ၃ ခုထဲတွင် ပါဝင် ခဲ့ပြီး အင်တာနက် အသုံးပြုသူ မျိုးဆက်များအနေနှင့် အဆိုပါ အနာဂတ် နည်းပညာများအပေါ် ကြီးမားစွာ မျှော်မှန်း ထားသည့် အလားအလာကို ထင်ရှားေစေခဲ့သည်။
ဈေးကွက်များအားလုံးတွင် အခြားသိသာထင်ရှားသည့် ခေတ်ရေစီးကြောင်း တစ်ခုမှာ လူငယ်များ၏ ၎င်းတို့ မျိုးဆက် အပေါ် မြင်သည့် ရှု့ထောင့်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထောင်စုနှစ်ဖွား လူငယ်များ၏ ၂၉ %သည် ၎င်းတို့မျိုးဆက်အား သမိုင်းတစ်လျှောက် ဆန်းသစ်တီထွင်နိုင်စွမ်းနှင့် စွန့်ဦးတီထွင်နိုင်စွမ်း အရှိဆုံး မျိုးဆက်အဖြစ် သတ်မှတ်ကြပြီး အာရှ တိုက်မှ လူငယ်များ၏ ၃၇ % ကလည်း ထိုကဲ့သို့ပင် ယူဆကြသည်။
သုတေသနပြုလုပ်သည့် ဈေးကွက်အားလုံးရှိ လူငယ်များအားလုံးက ပညာရေးသည် ၎င်းတို့အား အနာဂတ်၏ ငြိမ်းချမ်း ရေး ခေါင်းဆောင်များ အဖြစ် ပြောင်းလဲပေးနိုင်ရန် အရေးအပါဆုံး အချက်တစ်ခု အဖြစ် သတ်မှတ်ခဲ့ကြသည်။ အဆိုပါ ရှာဖွေတွေ့ရှိချက်သည် မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ရှိ ဈေးကွက် ၆ ခုစလုံးတွင် တစ်ညီတစ်ညွှတ်တည်း မြင်တွေ့ ရသည့် သဘောထားဖြစ်ပြီး မြန်မာနိုင်ငံမှ ၄၄ %သော ဖြေကြားသူများက ယနေ့ခေတ် ခေါင်းဆောင်များ အနေနှင့် လူတိုင်း ပညာသင်ယူခွင့် ရရှိမည့် လူထုအားလုံး ပါဝင်သော ပညာရေးစနစ်အား ကြိုးစားဖန်တီးသင့်သည်ဟု ဖြေကြား ခဲ့ပါသည်။
မြန်မာလူငယ်များ၏ ၄၃ %က ၎င်းတို့၏ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ အကြံဥာဏ်များအား အစပြုနိုင်ရန် မှန်ကန်သည့် လမ်းကြောင်းများ ရှာဖွေတွေ့ရှိနိုင်ရန်မှာ အလွန် အရေးပါကြောင်း ပြောကြားခဲ့သည်။ အဆိုပါ အချက်များသည် တယ်လီနော လူငယ်ဖိုရမ် ကဲ့သို့သော ကမာ္ဘကြီးအား အမှန်တကယ် ပြောင်းလဲပေးနိုင်သော လူတစ်ဦး တစ်ယောက် ချင်းစီတို့၏ ဆန်းသစ်သော တီထွင်ဖန်တီးမှုများအား နိုင်ငံတကာ စင်မြင့်ထက်တွင် ဖော်ထုတ်ပြသခွင့် ရရှိမည့် အစီ အစဉ်များ၏ အရေးပါမှုကို ပိုမိုသိသာစေခဲ့ပါသည်။
နိုဘယ်ငြိမ်းချမ်းရေးစင်တာနှင့် ပူးပေါင်းကျင်းပသည့် တစ်နှစ်ကြာ အစီအစဉ်တစ်ခု ဖြစ်သည့် တယ်လီနော လူငယ်ဖိုရမ် တွင် ရွေးချယ်ခံရသူများအနေနှင့် ကမ္ဘာပေါ်ရှိ လူငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် အဓိက လူမှုစီးပွားရေးပိုင်းဆိုင်ရာ ပြဿနာများအား စိန်ခေါ်ဖြေရှင်းရမည် ဖြစ်သည်။ ၎င်းတို့သည် အသင်းလိုက်ဆောင်ရွက်ရမည် ဖြစ်ပြီး UNICEF၊ Interbridge၊ ကမ္ဘာ့ကြက်ခြေနီ၊ Techfugees နှင့် တယ်လီနော သုတေသနလုပ်ငန်း စသည့် အဖွဲ့အစည်းများမှ လမ်းညွှန်ကြီးကြပ်သူများမှလည်း ကြည့်ရှု့ကူညီပေးမည် ဖြစ်သည်။ ရွေးချယ်ခံရသူများအနေနှင့် ကိုယ်တိုင်ပြုလုပ်မှု အတွေ့အကြုံများမှတဆင့်သာ ရရှိနိုင်မည် ဖြစ်သည့် ပြဿနာများအား ဖြေရှင်းနိုင်မည့် အကြံဥာဏ်များအပြင် ထုတ် လုပ်မှု သို့မဟုတ် ဖြေရှင်းချက်များအတွက် ဒီဇိုင်းပြုလုပ်ခြင်းများနှင့် ပုံစံငယ်ထုတ်လုပ်မှုများ စသည့် ကျွမ်းကျင်မှု များအား သင်ယူနိုင်မည် ဖြစ်သည်။
တယ်လီနောလူငယ်ဖိုရမ် ၂၀၁၇ အတွက် လျှောက်လွှာလက်ခံခြင်းများအား ယခုစတင်နေပြီ ဖြစ်ပြီး တယ်လီနော ၏ ဈေးကွက်များထဲမှ အသက် ၂၀-၂၈ နှစ် အရွယ်ရှိ လူငယ်များအနေနှင့် ဝင်ရောက်လျှောက်ထားသင့်သော အစီအစဉ် တစ်ခု ဖြစ်ပါသည်။
“ထောင်စုနှစ်ဖွား လူငယ်တွေဟာ ဒီနေ့ ဒစ်ဂျစ်တယ်ခေတ်မှာ အကြီးမားဆုံးနဲ့ မတူကွဲပြားခြားနားဆုံး မျိုးဆက် ဖြစ်ပါတယ်။ သူတို့တွေဟာ လူမှုရေးဆိုင်ရာ အကြောင်းကိစ္စရပ်တွေ ကြုံတွေ့ရမှု အများဆုံးနဲ့ ဆန်းသစ်တီထွင်မှုတွေ၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးချမှုတွေ ကနေတစ်ဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အလားအလာ အကောင်းဆုံး မျိုးဆက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ အနေနဲ့လည်း သူတို့တွေရဲ့ အကောင်းဆုံး အကြံဥာဏ်တွေကို ဖော်ထုတ်နိုင်မယ့်၊ ကောင်းမွန်စွာ ချိတ်ဆက်ထားတဲ့ ကမ္ဘာထဲမှာ အကောင်းဆုံး လုပ်ဆောင်နိုင်ခွင့်ရှိမယ့် နည်းလမ်း တွေ၊ အခွင့်အလမ်းတွေနဲ့ သူတို့အချင်းချင်း ချိတ်ဆက် လုပ်ဆောင်သွားနိုင်ဖို့ ပြုလုပ်ပေးသွားမယ်လို့ ရည်ရွယ်ထား ပါတယ်” ဟု တယ်လီနော လုပ်ငန်းစု၏ Head of Social Responsibility ဖြစ်သူ Ola Jo Tandre ကပြောကြား ပါသည်။
တယ်လီနောမြန်မာအနေနှင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှ ၁၀ ရက်နေ့အထိ နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ကျင်းပမည့် တယ်လီနောလူငယ်ဖိုရမ် ၂၀၁၇ (TYF-2017) အတွက် လျှောက်လွှာများအားလည်း စတင်လက်ခံ နေပြီဖြစ်ပြီး ဇူလိုင်လ ၁၆ ရက်နေ့အထိ လျှောက်ထားနိုင်မည် ဖြစ်သည်။
TYF ၂၀၁၇ အစီအစဉ်အကြောင်း ပိုမိုသိရှိလိုပါက အောက်ပါ ဝက်ဘ်ဆိုက်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါ။
https://www.telenor.com/youthforum
Apply now.
မီဒီယာများဆက်သွယ်ရန် (တယ်လီနောလုပ်ငန်းစု)
BeritFramnes, Tel: +65 8318 2730, E-mail: Berit.Framnes@telenor.com
Marcus Adaktusson, Tel: +65 9879 5730, E-mail: Marcus.adaktusson@telenor.com
Alex Nyi Nyi Aung,E-mail: nyinyi.aung@telenor.com.mm
တယ်လီနောလုပ်ငန်းစုအကြောင်း
တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးမားဆုံး မိုဘိုင်းအော်ပရေတာများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ တယ်လီနောသည် စကန်ဒီနေးဗီးယား၊ ဥရောပတိုက် အရှေ့အလယ်ပိုင်းနှင့် အာရှတိုက်မှ အသုံးပြုသူများအား ချိတ်ဆက်ပေး ထားပါသည်။ တယ်လီနော၏ ဝန်ထမ်းပေါင်း ၃၀,၀၀၀ ကျော်သည် အသုံးပြုသူများ၏ ဒစ်ဂျစ်တယ်ဘဝ တွင် အကောင်းမွန်ဆုံးသော လုပ်ဖော်ကိုင်ဖက်များ အဖြစ်ရပ်တည်နေပြီး တာဝန်သိစွာ အလုပ်လုပ်ကိုင်ရန် ရည်သန်ထားသူများလည်း ဖြစ်ကြသည်။ နှစ်ပေါင်း ၁၆၀ ကျော်တိုင် တယ်လီနော၏ ရည်ရွယ်ချက်မှာ ကမ္ဘာကြီးအား ဆက်သွယ်ပေးနိုင်ရန်ဖြစ်ပြီး လူမှုအသိုင်းအဝန်းများအား ပိုမိုတိုးတက်အောင် ကူညီမြှင့်တင်ပေးရန်မှာ တယ်လီနော၏ တစ်ခုတည်းသော ရည်မှန်းချက် ဖြစ်သည်။
တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါကwww.telenor.com သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။ Twitter တွင်လည်း Follow လုပ်နိုင်ပါသည်။ http://twitter.com/TelenorGroup
မီဒီယာများဆက်သွယ်ရန်
အဲလက်စ် ညီညီအောင်
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm