Press Release

တယ်လီနော မြန်မာ၏ ၄ နှစ်ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုများတွင် သုံးစွဲသူပေါင်း ၄၀,၀၀၀ နီးပါး နှင့် တိုက်ရိုက်တွေ့ဆုံနိုင်ခဲ့

13 December, 2018 - Yangon

  • တယ်လီနောမြန်မာ ၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း မြို့ပေါင်း ၂၀ ၌ လှုပ်ရှားမှု များ၊ ဂီတဖျော်ဖြေပွဲများ ကျင်းပပြုလုပ်ခဲ့

မြန်မာနိုင်ငံ၌ လုပ်ငန်း စတင် လုပ်ဆောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများအား နိုင်ငံတဝန်း၌ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ တယ်လီနောမြန်မာက အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါကာလအတွင်း တယ်လီနောမြန်မာ ၀န်ထမ်းများ၊ စီးပွားရေးမိတ်ဖက်များ၊ ဖြန့်ချိရောင်းချသူများ၊ သုံးစွဲသူများနှင့် အတူတကွ ကျင်းပခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းစတင်လုပ်ဆောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်တယ်လီနောမြန်မာသည် ၎င်း၏ အသုံးပြုသူများနှင့် တိုက်ရိုက်တွေ့ဆုံသည့် အကြီးမားဆုံးသော Bluewave လှုပ်ရှားမှုအား နိုင်ငံတဝန်းရှိ မြို့ပေါင်း ၂၀ ခန့်တွင် အောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီး အသုံးပြုသူပေါင်း ၄၀,၀၀၀ ခန့်၊ အရောင်းဆိုင်ပေါင်း ၄,၂၂၀ ခန့်တို့နှင့် တွေ့ဆုံ စကားပြောနိုင်ခဲ့သည်ဟု တယ်လီနောမြန်မာက တရားဝင်ထုတ်ပြန်ခဲ့သည်။ နှစ်လတာကာလအတွင်း တယ်လီနော မြန်မာဝန်ထမ်းရာပေါင်းများစွာသည် နိုင်ငံအနှံ့ရှိ စျေးကွက်များအတွင်းသို့ လှည့်လည်သွားလာ၍ နောက်ဆုံးပေါ် ဝန်ဆောင်မှုများအကြောင်း ကိုယ်တိုင်ကိုယ်ကျ ရှင်းလင်းပြောကြားခဲ့သည့်အပြင် တယ်လီနော၏ ဝန်ဆောင်မှုများ၊ ထုတ်ကုန်များအား ပိုမိုတိုးတက်လာစေရန် အထောက်အကူဖြစ်စေမည့် အကျိုးရှိသော အကြံပြုချက်များကိုလည်း အသုံးပြုသူများ၊ စီးပွားရေးမိတ်ဖက်များထံမှ ကောက်ယူနိုင်ခဲ့သည်။

  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship
  • telenor_myanmar_mba_scholarship

ထို့အပြင် အဆိုပါမြို့များတွင် လှုပ်ရှားမှုများပြုလုပ်သည့် နေ့ရက်များအတွင်း ဇော်ပိုင်၊ အောင်ထက်၊ ဘီလီလမင်းအေး နှင့် ချစ်ဇွဲသာ အစရှိသည့် နာမည်ကျော် တေးသံရှင်များ၏ ဖျော်ဖြေ တင်ဆက်မှုများ ပါဝင်သည့် ညနေခင်း တေးဂီတ ဖျော်ဖြေပွဲများကိုလည်း တယ်လီနောမြန်မာက ကျင်းပပြုလုပ်ခဲ့ပြီး စုစုပေါင်း လူဦးရေ ၂၀၀,၀၀၀ ခန့် တက်ရောက် အားပေးခဲ့ကြသည်။ တယ်လီနောသည် အဆိုပါ ညနေခင်းတေးဂီတဖျော်ဖြေပွဲများအား ၎င်း၏ ၄ နှစ်ပြည့် အထိမ်း အမှတ်အဖြစ် အသုံးပြုသူများနှင့် တိုက်ရိုက်တွေ့ဆုံသည့် အစီအစဉ်များအား လုပ်ဆောင်ခဲ့သည့် မြို့တိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“တယ်လီနောအနေနဲ့ မြန်မာနိုင်ငံမှာ စိတ်လှုပ်ရှားစရာ၊ အံ့သြဖွယ်ရာ ၄ နှစ်တာ ကာလကို ဖြတ်ကျော်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုမှတ်တိုင်တစ်ခုကို တန်ဖိုးထားရတဲ့ အသုံးပြုသူတွေ၊ စီးပွားရေးမိတ်ဖက်တွေ မပါဝင်ဘဲနဲ့ စိုက်ထူနိုင်မှာ မဟုတ်ဘူး ဆိုတဲ့ အချက်ကို ကျွန်တော်တို့ အသေအချာသိရှိနားလည်ထားပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ အရေးအကြီးဆုံး အခါသမယတစ်ခုကို အားလုံးနဲ့အတူဖြတ်သန်းဖို့ စီစဉ်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အသုံးပြုသူတွေ ကလည်း ဒီလို အခမ်းအနားမှာ တက်တက်ကြွကြွ ပါဝင်လိုစိတ်ရှိတာကို တွေ့ရှိရတဲ့အတွက်လည်း အရမ်းကို ကြည်နူးမိ ပါတယ်။ ကျွန်တော်တို့ရဲ့ ၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်တဲ့ လှုပ်ရှားမှုတွေကနေရရှိတဲ့ အကောင်းဆုံး အကျိုးရလဒ်တစ်ခုကတော့ အသုံးပြုသူတွေ၊ စီးပွားရေးမိတ်ဖက်တွေနဲ့ တိုက်ရိုက်တွေ့ဆုံ စကားပြောခြင်းကနေ တန်ဖိုး ရှိတဲ့ အကြံပြုချက်အများအပြားကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီအချက်တွေကနေတဆင့် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေ၊ လုပ်ငန်းဆောင်ရွက်မှုတွေကို နေ့စဉ်နဲ့အမျှ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ဖို့ ကြီးမားတဲ့အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Sharad Mehrotra က ပြောကြား သည်။

တယ်လီနောမြန်မာ၏ ပထမဦးဆုံးသော ဆင်းမ်ကတ်အား မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု တရားဝင် စတင် ပေးအပ်ခဲ့သည့်အချိန် လွန်ခဲ့သည့် ၄ နှစ်ခန့်က မန္တလေးမြို့၌ စတင်မိတ်ဆက်ရောင်းချခဲ့ခြင်း ဖြစ်သည်။ လက်ရှိ အချိန်တွင် တယ်လီနောသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော 2G/3G/4G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ နိုင်ငံ တဝန်းရှိ ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၈,၃၀၀ ကျော်၊ အရောင်းဆိုင်ပေါင်း ၁၀၀,၀၀၀ ခန့်မှတဆင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးမှ အသုံးပြုသူပေါင်း ၁၈ သန်းအား ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ အကျိုးရလဒ် အားဖြင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍသည် တစ်ဟုန်ထိုးတိုးတက်လာခဲ့ပြီး ဒေသတွင်း၌ မိုဘိုင်းအမြန်နှုန်းနှင့် လုပ်ဆောင်မှုစွမ်းရည်ပိုင်းတွင် ထိပ်တန်းနိုင်ငံတစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။

မီဒီယာများ ဆက်သွယ်ရန်

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Telenor