13 March, 2020 - Yangon
တယ်လီနောလုပ်ငန်းစုသည် Jon Omund Revhaug ကို တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် (Chief Executive Officer) အဖြစ် ခန့်အပ်လိုက် သည်။ Revhaug သည် ဧပြီလ (၁) ရက်နေ့ ၂၀၂၀ ခုနှစ်တွင် စင်ကာပူနိုင်ငံရှိ တယ်လီနော၏ ကမ္ဘာလုံးဆိုင်ရာဝယ်ယူဖြည့်တင်းရေးကုမ္ပဏီ (global procurement company) မှ တယ်လီနောြမန်မာသို့ ပြောင်းရွှေ့တာ ၀န်ထမ်းဆောင်မည် ဖြစ်သည်။
Jon Omund Revhaug သည် တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် (စီအီးအို) သစ်အဖြစ် ခန့်အပ်ခံရခြင်းဖြစ်ပြီး တယ်လီနောလုပ်ငန်းစု၏ စင်ကာပူနိုင်ငံရှိ ကမ္ဘာလုံးဆိုင်ရာအရင်းအမြစ်ရှာဖွေမှု လုပ်ငန်းများဖြစ်သော တယ်လီနော၀ယ်ယူဖြည့်တင်းရေးကုမ္ပဏီတွင် လက်ရှိ အမှုဆောင် အရာရှိချုပ်အဖြစ် တာ၀န် ထမ်းဆောင်လျက်ရှိသည်။
“Jon Omund Revhaug အနေနဲ့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို ဦးဆောင်ဖို့ စိန်ခေါ်မှုကို လက်ခံခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ တယ်လီနောမှာ ရာထူးအဆင့်ဆင့်အလိုက် တာ၀န်ယူခဲ့ပြီး သူ့ရဲ့ များစွာသော လုပ်ငန်းအတွေ့အကြုံတွေကြောင့် တယ်လီနောမြန်မာကို ရှေ့ဆောင်လမ်းပြဖို့ မှန်ကန်တဲ့သူ ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့သောသုံးနှစ်က TPC ကို အောင်မြင်စွာ ဦးဆောင်ခဲ့သူဖြစ်တဲ့ Jon Omund ကို တယ်လီနောမြန်မာအတွက် ကြိုဆိုပါတယ်။ Hans Martin Høegh Henrichsen ကိုလည်း ယာယီအမှုဆောင်အရာရှိချုပ်အနေနဲ့ ၀ာာ၀န်ထမ်းဆောင်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။” ဟု တယ်လီနောလုပ်ငန်းစု၏ EVP Emerging Asia Cluster နှင့် တယ်လီနောမြန်မာဘုတ်အဖွဲ့ဥက္ကဌ Irfan Wahab Khan ကပြောကြားသည်။
Jon Omund Revhaug သည် တယ်လီနောတွင် နှစ်ပေါင်း ၂၀ ကြာတာ၀န်ထမ်းဆောင်ခဲ့ပြီး မတူညီသော ရာထူးအဆင့်ဆင့်ဖြင့် ၀ာာ၀န်ထမ်းဆောင်ခဲ့သည်။ လွန်ခဲ့သောသုံးနှစ်တာကာလအတွင်း စင်ကာပူအခြေစိုက် တယ်လီနော ဝယ်ယူဖြည့်တင်းရေး ကုမ္ပဏီ (Telenor Procurement Company) ၏ စီအီးအိုအဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။ Revhaug သည် Tromsø တက္ကသိုလ်မှ စီးပွားရေးဆိုင်ရာ cand.mag. ဒီဂရီ ရရှိထား သူဖြစ်ပြီး စီးပွားရေးဘွဲ့နှင့် နော်ဝေစီးပွားရေး ကျောင်းဖြစ်သည့် BI မှ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ ကို ရရှိထားသူလည်းဖြစ်သည်။
“တယ်လီနောမြန်မာလို ထူးခြားပြီး မတူကွဲပြား တဲ့အဖွဲ့ အစည်းနဲ့ အတူ လက်တွဲ ပူးပေါင်း ဆောင်ရွက်ဖို့ကို မျှော်လင့်နေပါတယ်။ မိုဘိုင်းဆက်သွယ်မှုဟာ မညီမျှမှုကို လျှော့ချဖို့နဲ့ အာရှ တစ်ခွင်ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ဖို့ အဓိကအားအင်တစ်ခုဖြစ်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ လွန်ခဲ့တဲ့ခြောက်နှစ်တာကာလ အတွင်းမှာ ဒီလိုအခွင့်အလမ်းတွေကိုအမှန်တကယ် ရရှိခဲ့ကြတာဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ ကျွန်တော်ပါ ၀င်ရတာစိတ်လှုပ်ရှားမိပါတယ်။ မြန်မာပြည်သူတွေအကြောင်း၊ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ တိုင်းပြည်အကြောင်း လေ့လာသင်ယူဖို့ မျှော်လင့်နေပါတယ်” ဟု Jon Omund Revhaug ကပြောကြားခဲ့သည်။
ယာယီအမှုဆောင်အရာရှိချုပ် Hans Martin Høegh Henrichsen သည်တယ်လီနောမြန်မာ၏ ထိပ်တန်း စီမံခန့်ခွဲမှုအဖွဲ့ဝင်ဖြစ်ပြီး ကော်ပိုရိတ်ရေးရာအရာရှိချုပ်အဖြစ် ၂၀၁၈ မှ စတင် တာ၀န်ယူခဲ့ပြီး ဆက်လက် တာဝန်ယူသွားမည် ဖြစ်သည်။
တယ်လီနောဝယ်ယူဖြည့်တင်းရေးကုမ္ပဏီ (Telenor Procurement Company) သည် တစ်ချိန်တည်းတွင် COO နှင့် ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်သူ Thomas Skjelbred အား Telenor Procurement Company (TPC) ၏ အမှုဆောင် အရာရှိချုပ် (စီအီးအို) အဖြစ် တာ၀န်ခန့်အပ်မည်ဟုလည်းကြေငြာခဲ့သည်။
ဤပြောင်းလဲမှုများသည် ဧပြီလ ၁ ရက်နေ့ ၂၀၂၀ ခုနှစ်တွင် စတင် အသက်၀င်မည်ဖြစ်သည်။
တယ်လီနော လုပ်ငန်းစု မီဒီယာဆက်သွယ်ရန်
Cathrine Stang Lund
Acting VP Communications, Asia
cathrine-stang.lund@telenor.com
တယ်လီနောလုပ်ငန်းစု
တယ်လီနော မြန်မာ မီဒီယာဆက်သွယ်ရန်
Khin Nu Yin Myint
VP, Head of Internal and External Communications
khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ