Press Release

တယ်လီနော မြန်မာမှ မွန်ပြည်နယ် ရှိ ရေဘေးသင့်ဒေသခံများအား မြန်မာကျပ်ငွေ ၁၉.၅ သန်းတန် ဖိုးရှိ အထောက်အပံ့ အကူအညီ များ ပေးအပ်

26 August, 2019 -

  • တယ်လီနော မြန်မာသည်ရေးမြို့နယ် အတွင်း ရှိ ရေဘေးသင့်ဒေသခံ ၄၈၀၀ ကျော်အတွက် မြန်မာကျပ်ငွေ ၁၉.၅ သန်း တန်ဖိုးရှိ ထောက်ပံ့လှူဒန်းမှုများ ပြုလုပ်
  • တယ်လီနော မြန်မာမှ ယခုနှစ် မုတ်သုံရာသီ အတွင်း ရေဘေးသင့်ဒေသခံများ အတွက် စုစုပေါင်းမြန်မာကျပ်ငွေ ၃၆ သန်းကျော်ကူညီထောက်ပံ့ပြီးဖြစ် 

ရန်ကုန်၊ သြဂုတ်လ ၂၂ ရက်နေ့။ ။ တယ်လီနောမြန်မာသည် လူသားချင်း စာနာထောက်ထားသော အကူအညီများပေးအပ်ခြင်းကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး၊ မွန်ပြည်နယ် ရေးမြို့နယ်ရှိ ရေဘေးသင့်ဒေသခံများတွက် မြန်မာကျပ်ငွေ ၁၉.၅ သန်းတန်ဖိုးရှိ အခြေခံ စားသောက်ကုန်များ နှင့် သောက်သုံးရေများကို ထောက်ပံ့ ကူညီပေးသွားမည်ဖြစ်သည်။ တယ်လီနော မြန်မာသည်  ရေဘေးသင့်ဒေသခံများအတွက် ကူညီထောက်ပံ့ရေးလုပ်ငန်းများ ကို အမြတ်အစွန်း မယူသော ပြည်တွင်း အဖွဲ့အစည်း တစ်ခုဖြစ်သည့် Network Activities Group (NAG) နှင့် ပူးပေါင်း၍ ယခုနှစ်အတွင်း ဒုတိယ အကြိမ် မြောက် ကူညီထောက်ပံ့ခြင်းဖြစ်သည်။ သောက်သုံးရေအပြင် ဆန်၊ ဆီ၊ ပဲမျိုးစုံနှင့် ဆား စသည့် အခြေခံ စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး ရေး  မြို့နယ် ရှိ ရေသေးသင့်ဒေသခံ ၄၈၀၀ ကျော်အတွက် (၇) ရက်စာ လုံလောက်သော အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။

“ရေးမြို့ နယ်အတွင်း ရှိ မိဘပြည်သူများအတွက် တယ်လီနောမြန်မာ အနေနဲ့ အလွန်ပင် စိတ်မကောင်း ဖြစ်ရပြီးတော့ မွန်ပြည်အတွင်းမှမှာရှိတဲ့ ရေဘေးသင့် မြို့နယ်တွေထဲကမှ ပြင်းပြင်းပြင်ထန်ထန် ထိခိုက်ခဲ့တဲ့ ရေး မြို့နယ် မှာ အရေးပေါ်အကူအညီတွေ   လိုအပ်လျက်ရှိနေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ရဲ့ တစ်တပ်တစ်အား ကူညီအားဖြည့်မှုများက ရေဘေးသင့် ဒေသခံများအတွက် ပြန်လည် နလန် ထူနိုင်ဖို့ အထောက်အပံ့ ကောင်း တွေ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။”ဟု တယ်လီနောမြန်မာ၏ ရေရှည်တည်တံ့သော လုပ်ငန်းဆောင်ရွက်မှုနှင့် အထူးလုပ်ငန်းတာဝန်များဆိုင်ရာ ကဏ္ဍတာဝန်ခံ ဦးမင်းသူက ပြောကြားခဲ့ပါသည်။

သြဂုတ်လ ဒုတိယ ရက်သတ္တ  ပတ် အတွင်း မု တ်သုံ  မိုး ပြင်းထန်စွာ ရွာသွန်းမှု သည် မွန် ပြည်နယ် အတွင်း ရှိ များစွာသော ကျေးရွာများကို  ရေနစ်  မြှပ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ယခုအချိန်ထိ ရေများ ပြန်လည်ကျဆင်းသွားမှုမရှိသေးဘဲ သဘာဝဘေးအန္တရာယ် ရေးကြီးမှုကြောင့် ဒေသခံ ၆၃၀၀၀ သည်  ရေဘေးရှောင်စခန်း ၁၃ ခုတွင် စုပေါင်း နေထိုင်လျက်ရှိသည်။ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာညှိနှိုင်းရေးရုံး (UNOCHA)  ၏ ရေကြီးရေလျှံမှု အစီအရင်ခံစာ အရ မွန်ပြည်နယ် အတွင်း မုတ်သုံ  မိုးရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပွား ခဲ့ပြီး လူဦးရေ ၇၀ ကျော် ထိခိုက်၊ သေဆုံး မှုများ ဖြစ်ပေါ်ခဲ့သည်။

“မြန်မာနိုင်ငံတောင် ပိုင်း၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ မွန်ပြည်နယ် နှင့် တနင်္သာရီ တိုင်း ရှိနေရာဒေသအများစုမှာ သြဂုတ်လ အစောပိုင်းကတည်းက ရေလွှမ်းမိုးမှုတွေစတင် ဖြစ်ပေါ်နေခဲ့ပါတယ်။ အဲဒီဒေသတွေအနက် ရက်ရှည် မိုးသည်ထန်စွာ ရွာသွန်းခဲ့မှု ကြောင့် ရေးမြို့နယ် ရှိ ပြည်သူများ မှာ ထိခိုက် ပျက်စီးမှုများကို အဆိုးဆုံးရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ထိခိုက်ပျက်စီးမှု အများဆုံး နေရာဒေသတွေကို ဂရုတစိုက် ရွေးချယ်ပြီးတော့ အရေးပေါ်ရေးဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်သွားမှာ ဖြစ်ပြီး ဒေသခံဝန်ထမ်းများ၊ တာဝန်သိ မိဘပြည်သူများ အပြင် NAG အဖွဲ့နှင့် ပူးပေါင်းကာ အထိရောက်ဆုံး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။” ဟု တယ်လီနောမြန်မာ၏ Business Head for Southern Region of Telenor Myanmar ဖြစ်သူ ဦး နိုင်မျိုးမွန်ကပြောကြားခဲ့သည်။

တယ်လီနောမြန်မာ၏ ကူညီမှုများသည် နေရပ်စွန့်ခွာခဲ့ရသူများ ၎င်းတို့ ကျေးရွာများသို့ လုံခြုံစွာ ပြန်နိုင်ရေး နှင့် ပြန်လည်ထူထောင်ရေးတို့တွင် တစ်တပ်တအား ကူညီထောက်ပံ့ပေးနိုင်မည်ဟု မျှော်လင့်လျက်ရှိသည်။ တယ်လီနောမြန်မာသည် ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အရေးပေါ်ရေးဘေးကယ်ဆယ်ရေးအတွက် ပထမဆုံး ဦဆောင်လှုပ်ရှားသည့် တယ်လီကွန်းအော်ပရေတာ တစ်ခုဖြစ်ပြီး ယနေ့အချိန်ထိ စုစုပေါင်း မြန်မာကျပ်ငွေ ၃၆.၅ သန်း တန်ဖိုးရှိ အကူအညီ အထောက်အပံ့များကို ကချင်နှင့် မွန် ပြည်နယ်တို့တွင် ထောက်ပံ့ပေးအပ်ပြီး ဖြစ်သည်။ တာဝန်သိ အဖွဲ့အစည်း ဖြစ်သည်နှင့် အညီ တယ်လီနောမြန်မာသည် အရေးပေါ်ကူညီ ကယ်ဆယ်ရေးအထောက်အပံများကို ရေဘေးသင့်ဒေသများသို့ ၂၀၁၅ ခုနှစ် မှ စ၍ ယနေ့ထက်ထိတိုင်အောင် လိုအပ်သည့်ကူညီထောက်ပံမှုများကို ပေးအပ်လျက်ရှိသည်။ ယခုနှစ် အထိ တယ်လီနောသည် မြန်မာ ကျပ်ငွေ ၁၀၆၀ သန်း ခန့်ကို မြန်မာနိုင်ငံအတွင်းရှိ သဘာဝဘေးအန္တရယ်ကျရောက်နေသော ဒေသများ သို့ ကူညီ ထောက်ပံ့ပေးခဲ့ရာတွင် လူဦးရေ ၁၈၇၀၀၀ ခန့် ကူညီထောက်ပံ့မှုများရရှိခဲ့ပြီးဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှု အတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၆၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၉ သန်းကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများအနက်တစ်ခု ဖြစ်ပြီး စကင်ဒီ နေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၇၈ သန်းကျော်အား ပိုင်ဆိုင်ထားကာ စီးပွားရေးလုပ်ငန်းများကို တာဝန်သိစွာ ဆောင်ရွက်ရန် ရည်သန်ထားပြီး လူမှုပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည်ဆောင်ရွက်နေသည့် လုပ်ငန်းစုဖြစ်သည်။

တယ်လီနော လုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

မေစန္ဒီအေး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

My Account
Live Chat
Share Share