Press Release

တယ်လီနော ဖုန်းကတ်များအား ပြည်ပအထိ အသုံးပြုမှု စံချိန်တင် မြင့်တက်

08 May, 2018 - Yangon

  • တစ်မဂ္ဂါဘိုက်လျှင် ၈ကျပ်သာကျသင့်သည့် Asia-8 ပရိုမိုးရှင်းအစီအစဉ်ပြီးနောက် အသုံးပြုသည့် ဒေတာပမာဏ ၁၀ ဆ တိုးမြင့်ခဲ့ပြီး အသုံးပြုသူ ၄၃ % အထိ တိုးပွားခဲ့
  • ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် တရုတ်နိုင်ငံတို့တွင် တယ်လီနောမြန်မာ၏ roaming ဝန်ဆောင်မှုအသုံးပြုခြင်း ရေပန်းအစားဆုံးဖြစ်နေ

ဒေတာအသုံးပြုမှု လေ့လာချက်တစ်ခုအရ တယ်လီနော၏ လူကြိုက် များသော Asia-8 (အာရှ ၈ နိုင်ငံတွင် အသုံးပြုနိုင်သော) ဝန်ဆောင်မှုမှာ ပြီးခဲ့သည့် ခရီးသွားကာလ အတွင်း မြန်မာနိုင်ငံမှ ပြည်ပခရီးသွားများအကြား အသုံးပြုမှု စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။ ကိန်းဂဏန်းများ အရ တယ်လီနောမြန်မာ ဆင်းကတ်ကို အသုံးပြုပြီး ပြည်ပနိုင်ငံများတွင် ဖုန်းပြောဆိုမှု၊ စာတို ပေးပို့မှုနှင့် အင်တာနက် အသုံးပြုမှုတို့မှ ၁၀ ဆ တိုးလာခဲ့ပြီး အသုံးပြုသူအရေအတွက်မှာ ၄၃ ရာခိုင်နှုန်း တိုးပွားခဲ့သည်။

“မြန်မာနိုင်ငံသူ/သားတွေက နိုင်ငံခြားခရီးသွားနေချိန်တွေမှာလည်း အချင်းချင်းချိတ်ဆက် ဆက်သွယ်ရတာကို သဘောကျကြသလို ပြည်ပနိုင်ငံတွေမှာ လွယ်ကူသက်သာစွာနဲ့ အသုံးပြုနိုင်တဲ့ တယ်လီနောရဲ့ အထူး ဝန်ဆောင်မှုက အထူးလူကြိုက်များပြီး roaming ဝန်ဆောင်မှုအပေါ် လူတွေက ယုံယုံကြည်ကြည်၊ သက်သက် သာသာနဲ့ အဆင်ပြေပြေ သုံးစွဲနေကြတာကို တွေ့ရတာ အင်မတန်ဝမ်းမြောက်မိပါတယ်။ ဒီ roaming အစီအစဉ် ကြောင့် တယ်လီနောအသုံးပြုသူတွေအနေနဲ့ အာရှရဲ့ ရေပန်းအစားဆုံး ခရီးသွားဒေသတွေဖြစ်တဲ့ နိုင်ငံ ၈ နိုင်ငံ ကို သွားရောက်လည်ပတ်တဲ့အခါ ဆင်းကတ်ပြောင်းလဲစရာမလိုဘဲ မြန်မာပြည်တွင်းမှာသုံးတဲ့ စျေးနှုန်းအတိုင်း အသုံးပြုနိုင်ပါတယ်” ဟု တယ်လီိနော မြန်မာ၏ စျေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Joslin Myrthong က ပြောကြားသည်။

တယ်လီနောအနေဖြင့် ASIA-8 ဟု အမည်ရသည့် roaming ဝန်ဆောင်မှု အထူးအစီအစဉ်တစ်ရပ်ကို prepaid နှင့် postpaid သုံးစွဲသူများအားလုံးအတွက် ဧပြီလမှစတင်မိတ်ဆက်ခဲ့သည်။ အဆိုပါအထူးအစီအစဉ်အရ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှားနှင့် ထိုင်ဝမ်တို့တွင် အလုပ်လုပ်ကိုင် ရာတွင် သို့မဟုတ် အလည်အပတ်သွားရောက်ရာတွင် အင်တာနက်ကို ပြည်တွင်းနှုန်းထားအတိုင်း (အခွန်မပါ ဘဲ) တစ်မဂ္ဂါဘိုက်လျှင် ၈ ကျပ်နှုန်းဖြင့် သုံးစွဲနိုင်သည့်အတွက် ပုံမှန်ကုန်ကျသည့် နှုန်းထားထက် ၉၉ ဒသမ ၉၅ ရာခိုင်နှုန်းသက်သာခြင်းဖြစ်သည်။ လက်ရှိတွင် တယ်လီနော၏ roaming ဝန်ဆောင်မှုအထူးအစီအစဉ်ကို အသုံးပြုနိုင်သည့် အာရှ ၈ နိုင်ငံ အနက် ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် တရုတ်နိုင်ငံများတွင် လူကြိုက် အများဆုံး ဖြစ်နေသည်။

ယခုအခါ တယ်လီနောမြန်မာသည် တမ္ဘာတလွှား အသုံးပြုနိုင်သော ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံမှ သုံးစွဲသူများအနေဖြင့် တယ်လီနောဝန်ဆောင်မှုများကို မိတ်ဖက် အော်ပရေတာပေါင်း ၁၅၂ ခု၏ ကွန်ရက်ကို အသုံးပြု၍ နိုင်ငံပေါင်း ၁၁၇ နိုင်ငံတွင် သုံးစွဲနိုင်ပြီဖြစ်ပြီး 4G roaming ဝန်ဆောင်မှုကို တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ယူအေအီး၊ ကနေဒါ၊ မကာအို၊ ထိုင်ဝမ်နှင့် နော်ဝေးတို့တွင် သုံးစွဲနိုင်နေပြီ ဖြစ်သည်။ တချိန်တည်းမှာပင် နိုင်ငံပေါင်း ၁၂၄ နိုင်ငံမှ အော်ပရေတာပေါင်း ၁၉၃ ခု၏ သုံးစွဲသူများသည်လည်း မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ ဆင်းကတ်များဖြင့် တယ်လီနောကွန်ရက်ကို ချိန်ဆက်အသုံးပြုနိုင်ပြီဖြစ်သည်။

“ဒီလိုအသုံးပြုနိုင်တဲ့ နိုင်ငံစာရင်းမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံတွေကိုပါ ထည့်သွင်းနိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေ ပါတယ်။ တယ်လီနောသုံးစွဲသူတွေကို အကောင်းဆုံးသုံးစွဲမှုအတွေ့အကြုံတွေ ပေးအပ်နိုင်ဖို့ သံန္နိဌာန်ချထားတဲ့ အတိုင်း နိုင်ငံရပ်ခြားကို သွားရောက်နေတဲ့အချိန်မှာ မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်အသွယ် မပြတ်ရှိနေနိုင်ဖို့ သုံးရလွယ်ကူအဆင်ပြေတဲ့ roaming ဝန်ဆောင်မှုတွေကို အမြဲပေးအပ်သွားမှာဖြစ်ပါတယ်” ဟု Joslin Myrthong က ဆက်လက် ပြောကြားသည်။

တယ်လီနောဆင်းကတ်များအားလုံးတွင် နိုင်ငံတကာ roaming ဝန်ဆောင်မှုကို ထည့်သွင်းထားပြီးဖြစ်၍ အဆိုပါ ဝန်ဆောင်မှုကို ရယူအသုံးပြုရန်အတွက် သီးသန့် အဖိုးအခ ထပ်မံပေးဆောင်ရန် မလိုအပ်ပေ။

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

Yangon
My Telenor