တယ်လီနော ကွန်ရက်အတွင်း စာတိုပေးပို့လက်ခံမှု နှစ်သစ်ကူးကာလအတွင်း ၂.၂ သန်းကျော် အထိ စံချိန်တင် ရှိခဲ့

04 January, 2018 - Yangon

တယ်လီနောမြန်မာကွန်ရက်အတွင်း စာတိုပေးပို့ လက်ခံမှု အရေအတွက်သည် စာတိုပေးပို့မှု အမြင့်မားဆုံး အချိန်ကာလဖြစ်သည့် နှစ်သစ်မကူးမီ ဒီဇင်ဘာလ ၃၁ ရက် ည ၁၁ နာရီ နှင့် ၂၀၁၈ ခုနှစ် ဇန်န ဝါရီလ ၁ ရက်နေ့ မနက် ၂ နာရီအတွင်းတွင် စာတိုပေးပို့မှု အရေအတွက် ၂.၂ သန်းကျော်အထိ စံချိန်တင် ရှိခဲ့ကြောင်း ကုမ္ပဏီ၏ အချက်အလက် ဆန်းစစ်မှုတစ်ခုက ဖော်ပြခဲ့ပါသည်။

ပြီးခဲ့သည့် ကာလတူအတွင်းက စာတိုပေးပို့မှုမှာ ၁.၄ သန်းကျော်ရှိခဲ့ပြီး ယခုအရေအတွက်မှာ ယခင်ထက် ၁၅၇% ပိုမို များပြားလာခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် နှစ်သစ်မကူးမီ စာတိုပေးပို့မှု အမြင့်မားဆုံး အချိန်ကာလ အတွင်း စာတို ပေးပို့မှုနှုန်း မှာ ပုံမှန်နေ့စဉ်ပေးပို့နေကြသည်များထက် ၂၀၈% ပိုမိုများပြားနေကြောင်းလည်း ယခု အချက်အလက် ဆန်းစစ်မှုက ဖော်ပြထားပါသည်။

“မြန်မာနိုင်ငံသူ/သားတွေအနေနဲ့ နိုင်ငံတကာ နှစ်သစ်ကူးအချိန်အခါ ဆင်နွှဲမှုတွေ ပိုမိုရှိလာနေသလို နှစ်သစ်ကူး အချိန် အခါ ရောက်လာပြီဆိုရင်လည်း မိသားစုတွေ မိတ်ဆွေ သူငယ်ချင်းတွေဆီကို နှစ်သစ်ကူး ဆုတောင်းမှုတွေ ပေးပို့ကြတာ အလေ့အထတစ်ခု ဖြစ်လာနေပါပြီ။ နှစ်ကူးအကြို လူသုံးများတဲ့အချိန်ကာလအတွင်းမှာ စာတိုပေးပို့မှုနဲ့ ဒေတာသုံးစွဲမှု မြင့်မားနေတာက ဒီအချက်ကို သက်သေပြနေတာပါပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အခုဆန်းစစ်ချက်အရ စာတို ပေးပို့ မှုဟာ ဆက်သွယ်ရေးကဏ္ဍမှာ အထိရောက်ဆုံး လမ်းကြောင်းတစ်ခု အဖြစ် တည်ရှိ နေဆဲ ဖြစ်ပြီး လာမယ့် နှစ်တွေမှာလည်း အထိရောက်ဆုံး လမ်းကြောင်းတွေထဲက တစ်ခုအဖြစ် ဆက်လက် ရှိနေအုံးမယ် ဆိုတာကို ဖော်ပြနေတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ကွန်ရက်လွှမ်းခြုံမှု အလွန်တိုးတက်ကောင်းမွန်လာနေတာဖြစ်လို့ ဒေတာ သုံးစွဲမှုက မြန်မာနိုင်ငံမှာ တစ်နေ့ တစ်ခြားများပြားလာနေတာကို ကျွန်တော်တို့ တွေ့ကြုံနေကြရပြီးလည်း ဖြစ်ပါ တယ်။ ၂၀၁၈ ခုနှစ်အတွက် တယ်လီနောရဲ့ ဦးတည်ချက်ကတော့ သုံးစွဲသူတွေကို အကောင်းဆုံး သုံးစွဲမှု အတွေ့အကြုံ တွေ ပေးအပ်နိုင်ဖို့ဖြစ်လို့ ကျွန်တော်တို့ရဲ့ အသံနဲ့ အင်တာနက် ၀န်ဆောင်မှုတွေကို ပိုမိုကောင်းသည် ထက် ကောင်း အောင် ကွန်ရက် အရည်အသွေးမွမ်းမံမှုတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်”ဟု တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Lars Erik Tellmann ကပြောကြားခဲ့ပါသည်။

နှစ်သစ်ကူးကာလ အသုံးပြုမှု အများဆုံး အချိန်ကာလအတွင်းတွင် Facebook သုံးစွဲမှုသည် နေ့စဉ်ပျှမ်းမျှသုံးစွဲမှု ပမာဏ ထက် ၄၀ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ပြီး Viber နှင့် Beetalk တို့အပါအ၀င် အခြား အင်တာနက် အသုံးပြုမှုနှုန်းမှာ နေ့စဉ်ပျှမ်းမျှသုံးစွဲမှုထက် ၂၉ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ပါသည်။ မြန်မာနိုင်ငံရှိ မိုဘို်င်းသုံးစွဲသူများ၏ နေ့စဉ် ဒေတာ အသုံးပြုမှု အခြေအနေမှာ ဖွံ့ဖြိုးပြီး နိုင်ငံများမှ သုံးစွဲမှုနှုန်းများနှင့် အလားတူ ဖြစ်လာနေသည် ဖြစ်ရာ ယခု နှစ်ကူးကာလတွင် Facebook အသုံးပြုမှု မြင့်မားလာသည့် ရာခိုင်နှုန်းမှာ အလွန်သိသာထင်ရှားသည့် နှုန်းတစ်ခုဖြစ်ကြောင်း လည်း Tellmann က ထပ်လောင်းပြောကြားသည်။

တယ်လီနောသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အကြီးမား အကျယ်ပြန့်ဆုံးသော မိုဘိုင်းကွန်ရက်မှတစ်ဆင့် သုံးစွဲသူ ပေါင်း ၁၉ သန်းကျော်ကို ၀န်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။ တယ်လီနော၏ ကွန်ရက်သည် နေပြည်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုစလုံးရှိ မြို့နယ်စုစုပေါင်း ၃၃၀ စလုံးတွင် လွှမ်းခြုံမှုရှိနေပြီး မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်း ၏ ၉၀% ခန့်ကို ကွန်ရက် လွှမ်းခြုံထားနိုင်ပြီး ဖြစ်ပါသည်။ ထို့ပြင် တယ်လီနောသည် မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံး 4G ကွန်ရက်ကို တည်ဆောက်ထားပြီး ဖြစ်ကာ နို်င်ငံအနှံ့မှ မြို့ကြီး ၅၀ ကျော်မှ တယ်လီနော သုံးစွဲသူများအတွက် တည်ငြိမ်ပြီး အဆင့်မြင့် မားသည့် 4G ဒေတာသုံးစွဲမှု အတွေ့အကြုံများကို ပေးအပ်လျက်လည်း ရှိပါသည်။

ကွန်ရက်လွှမ်းခြုံမှုနှင့် ဈေးကွက်ဖြန့်ချီမှုသည် တယ်လီနော၏ အကောင်းဆုံး အားသာချက်များ ဖြစ်ပြီး ကုမ္ပဏီ အနေဖြင့် ပိုမိုကောင်းမွန်သည့် ၀န်ဆောင်မှုများနှင့် ရိုးရှင်းပြီး အဆင်ပြေအချောမွေ့ဆုံး သုံးစွဲမှုအတွေ့အကြုံများကို ဆက်ကလက် ပေးအပ်ရန် ရည်မှန်း၍ ရင်းနှီးမြုပ်နှံမှုများကို ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်းလည်း အမှုဆောင် အရာရှိချုပ်က ဆက်လက် ပြောကြားသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor