Press Release

တယ်လီနော၏ Net Monday အစီအစဉ်တွင် အွန်လိုင်းမှတဆင့် မိမိကိုယ်ကိုဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခြင်းနှင့်ပက်သက်၍ အဓိကထားဆွေးနွေး

13 December, 2016 - Yangon

  • အစီအစဉ်အားကျောင်းသားကျောင်းသူစုစုပေါင်း ၃၅၀ ကျော်တက်ရောက်
  • လူငယ်များအတွက် အွန်လိုင်းပညာရေးမှတဆင့် အနာဂတ်အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာတိုးတက်မှုများရရှိစေမည့် အခွင့်အလမ်းများဆွေးနွေး 

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) သည် အကြိမ် ၃၀ မြောက် Net Monday အစီအစဉ်ကိုဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပုသိမ်တက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါ အခမ်းအနားကိုကျောင်းသားကျောင်းသူစုစုပေါင်း ၃၅၀ ကျော်တက်ရောက်ခဲ့ပြီးလူငယ်များအတွက် အွန်လိုင်းပညာရေးမှတဆင့် အနာဂတ် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာတိုးတက်မှုများရရှိစေမည့် အခွင့်အလမ်းများအားဆွေးနွေးခဲ့ကြသည်။

“ယခုလက်ရှိတယ်လီနောသုံးစွဲသူ ၁၈ သန်းရှိတဲ့အနက် ၆၄% ဟာအင်တာနက်သုံးစွဲသူတွေ ဖြစ်ပါတယ်။ အဲဒီသုံးစွဲသူတွေ အထူးသဖြင့် လူငယ်လူရွယ်တွေ အနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်တိုးတက်မှုတွေအတွက် အွန်လိုင်းကနေများပြားလှတဲ့ အခွင့်အလမ်းတွေကိုရရှိနိုင်တယ်ဆိုတာကိုသတိပြုမိဖို့အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ Net Monday အစီအစဉ်ကနေပြီးလူငယ်တွေအနေနဲ့ အွန်လိုင်းကိုအကျိုးရှိရှိအသုံးပြုတတ်စေဖို့ ကြိုးစားဆောင်ရွက်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကလူငယ်တွေအနေနဲ့ သူတို့ရဲ့ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အင်တာနက်ကိုအကျိုးရှိရှိအသုံးပြုကြဖို့ တိုက်တွန်းလိုပါတယ်။” ဟုတယ်လီနောမြန်မာ၏ Chief Marketing Officer ဖြစ်သူ Joslin E Myrthongမှပြောကြားခဲ့ပါသည်။

 

ဆက်လက်ပြီး၎င်းက တယ်လီနောအနေဖြင့် ယခုအခါ တာ၀ါတိုင်ပေါင်း ၇၀၀၀ ကျော်ဖြင့် မိုဘိုင်း နှင့် အင်တာနက် ဆက်သွယ်မှုများကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်အားလုံးနီးပါးတွင် ၀န်ဆောင်မှုပေးလျက်ရှိကြောင်း လည်းပြောသည်။ကွန်ယက်များကိုကျေးလက်ဒေသများအထိပါ ဖြန့်ကျက်လျက်ရှိသောကြောင့် နိုင်ငံတစ်ဝန်းရှိလူငယ်များအနေဖြင့် အဆုံးမရှိသောနည်းပညာအရင်းအမြစ်များကိုအင်တာနက်ပေါ်မှ သင်ယူရရှိနိုင်မည်ဖြစ်ကြောင်းလည်း Joslin ကဆိုသည်။

အဆိုပါ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးနည်းပညာဖွံ့ဖြိုးရေးကော်မတီ၊ ပုသိ်မ်မြို့ရှိ Victory Business Institute၊ Fairway Technology ကုမ္ပဏီလီမိတက်၊ တယ်လီနော နှင့် ပုသိမ်တက္ကသိုလ်မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရှိအွန်လိုင်းပညာသင်ကြားမှုနှင့် ပက်သက်သောစိန်ခေါ်မှုများ နှင့် အခွင့်အလမ်းများ၊ အွန်လိုင်း နှင့် မိုဘို်င်းအင်တာနက် ဖွံ့ဖြိုးတိုးတက်လာမှုများအနေနှင့် လူငယ်များ၏ ပညာသင်ကြားမှု နှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာအခွင့်အလမ်းများအပေါ် မည်သို့ အကျိုးဖြစ်ထွန်းစေနိုင်မည် တို့ကိုဆွေးနွေးပြောကြားခဲ့ကြသည်။

Net Monday သည် တယ်လီနောမြန်မာမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လျက်ရှိသောဒစ်ဂျစ်တယ်နှင့် အွန်လိုင်းလူထုအသိုင်းအဝိုင်း နှင့် သက်ဆိုင်သောအကြောင်းအရာများကိုတင်ပြဆွေးနွေးနိုင်စေရန် ရည်ရွယ်ပြီးလစဉ်ကျင်းပသောအစီအစဉ်တစ်ခုဖြစ်သည်။ အင်တာနက်နှင့် ပတ်သက်သောအကြောင်းအရာများကို နိုင်ငံတကာနှင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များနှင့် ဖိတ်ကြားထားသောမြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် လူထုအသိုင်းအဝိုင်းတို့ကိုပွဲစဉ်တိုင်းတွင် ဆွေးနွေးခြင်းဖြစ်သည်။ ပါဝင်ဆွေးနွေးမည့်သူများတွင် ပရိုဂရမ်မာများ၊ web ဒီဇိုင်နာများ၊ Blogger များ၊ developer များ၊ နည်းပညာ ကျွမ်းကျင်သူများနှင့် ပြည်တွင်း၊ပြည်ရှိနည်းပညာကုမ္ပဏီများမှ တာဝန်ရှိသူများပါဝင်သည်။

ပြီးခဲ့သော Net Monday ပွဲစဉ်များကိုမကွေး၊ မော်လမြိုင်၊ ပဲခူး၊ မှော်ဘီ၊ ရန်ကုန် စသည့် နိုင်ငံအနှံ့ရှိအခြားမြို့ကြီးများတွင်လည်း ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ 
တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor