Press Release

တယ်လီနော၏ Net Monday အစီအစဉ်တွင် "ဘေးကင်းသည့် အင်တာနက်အသုံးပြုမှု" နှင့်ပက်သက်၍ အဓိကထားဆွေးနွေး

31 October, 2016 - Yangon

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) သည် ယနေ့ကျင်းပ သော ၎င်း၏ ၂၉ ကြိမ်မြောက် Net Monday အစီအစဉ်တွင် အင်တာနက်မှတစ်ဆင့် ရရှိနိုင်သော အခွင့်အလမ်းများအား လူငယ်လူရွယ်များ အနေဖြင့်ပြည့်ဝစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ ဘေးကင်းသော အင်တာနက် အသုံးပြုမှုဆိုင်ရာ အသိ ပညာ ပေးခြင်းကို အဓိကထား ဆွေးနွေးခဲ့ပါသည်။

“ဘေးကင်းပျော်ရွှင်စွာ အင်တာနက် အသုံးပြုပါ” ဟူသော ဆောင်ပုဒ်နှင့်အတူ Strategy First Institute တွင်ကျင်းပသော အဆိုပါ အစီအစဉ်အား လူငယ်လူရွယ် နှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့သည်။

“မြန်မာနိုင်ငံမှာ အထူးသဖြင့် မိုဘိုင်းကနေတစ်ဆင့် အင်တာနက်အသုံးပြုမှု မြန်မြန်ဆန်ဆန်မြင့်တက်လာတာကို ကျွန်တော် တို့ ကြုံတွေ့နေရပါပြီ။ လူတိုင်းလူတိုင်းဟာ အင်တာနက်ကနေတစ်ဆင့် အကျိုးကျေးဇူးတွေကို လွယ်လွယ်ကူကူ ရရှိနိုင် သလိုပဲ အသုံးပြုသူတွေဆီမှာ သင့်တင့်လျောက်ပတ်တဲ့ဗဟုသုတမရှိဘူးဆိုရင် အင်တာနက်ကနေ သက်ရောက်မှုတွေ ရရှိ နိုင်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ သတိပြုဖို့ လိုပါတယ်။ ဒါကြောင့် အင်တာနက်ကို ဘေးကင်းလုံခြံုပြီး တာဝန်ယူမှု ရှိရှိနဲ့ အသုံးပြုနိုင်ဖို့ဟာ အင်တာနက် အသုံးပြုသူအားလုံးအတွက်၊ အထူးသဖြင့် လူငယ်တွေအတွက် အရေးကြီးလှပါတယ်” ဟု တယ်လီနောမြန်မာမှ Head of Business Sustainability ဖြစ်သူ ဦးမင်းသူမှ ပြောကြားခဲ့ပါသည်။

တယ်လီနောမြန်မာနှင့် တယ်လီနော အလင်းအိမ် (Lighthouse) ဒစ်ဂျစ်တယ် ပညာရေးစင်တာများမှ ဘေးကင်းပြီး တာဝန် သိမှုရှိသော အင်တာနက်သုုံးစွဲခြင်းအသိကုုိ ယနေ့ထိ လူဦးရေ ၂၀,၀၀၀ ကျော်ကုုိ လက်ဆင့်ကမ်းပေးပြီးဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။ "လာမယ့်လတွေမှာ ဒစ်ဂျစ်တယ်နည်းလမ်းတွေကနေတစ်ဆင့် ဒီသင်ကြားမှုကုုိ အရှိန်မြှင့် သွားဖုုိ့ စီစဉ်နေပါတယ်" ဟုု ဦးမင်းသူက ထပ်မံပြောကြားသွားပါသည်။

အဆိုပါ အစီအစဉ်တွင် တယ်လီနောမြန်မာ၊ မြန်မာကွန်ပျူတာ ပညာရှင်များ အသင်း (MCPA) နှင့် Myanmar ICT for Development Organization (MIDO) မှ တာဝန်ရှိသူများ နှင့် အဆိုပါ အစီအစဉ်အား တက်ရောက်လာသူ များသည် မိမိတို့၏ ကိုယ်ပိုင်အချက်အလက်များအား ကာကွယ်နိုင်မည့် အကောင်းဆုံး နည်းလမ်းများ၊ အွန်လိုင်းအနိုင်ကျင့်မှုကို ကြံုတွေ့ရသူများအနေနှင့် မည်သို့ကိုင်တွယ်ဖြေရှင်းသင့်သည် ဟူသော နည်းလမ်းများ နှင့် အွန်လိုင်းအနိုင်ကျင့်မှုများအား ကာကွယ်နိုင်မည့် အကောင်းဆုံးနည်းလမ်းများ စသည့် အွန်လိုင်းအနိုင်ကျင့်မှုနှင့် ပက်သက်သော အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

Net Monday သည် တယ်လီနောမြန်မာမှ ‘အားလုံးအတွက် အင်တာနက်’ ဟူသောရည်မှန်းချက်ဖြင့် လစဉ်ကျင်းပသော အစီအစဉ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လျက်ရှိသော ဒစ်ဂျစ်တယ်နှင့် အွန်လိုင်းလူထုအသိုင်းအဝိုင်း နှင့် သက်ဆိုင်သော အကြောင်းအရာများကို တင်ပြဆွေးနွေးနိုင်စေရန် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်သည်။ အင်တာနက်နှင့် ပတ်သက်သော အကြောင်းအရာများကို နိုင်ငံတကာနှင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များနှင့် ဖိတ်ကြားထားသော မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် လူထုအသိုင်းအဝိုင်းတို့ကို ပွဲစဉ်တိုင်းတွင် ဆွေးနွေးခြင်းဖြစ်သည်။ ပါဝင်ဆွေးနွေးမည့်သူများတွင် ပရိုဂရမ်မာများ၊ web ဒီဇိုင်နာများ၊ Blogger များ၊ developer များ၊ နည်းပညာ ကျွမ်းကျင်သူများနှင့် ပြည်တွင်း၊ပြည်ရှိ နည်းပညာကုမ္ပဏီများမှ တာဝန်ရှိသူများ ပါဝင်သည်။

ပြီးခဲ့သော Net Monday ပွဲစဉ်များကို မကွေး၊ မော်လမြိုင်၊ ပဲခူး၊ မှော်ဘီ၊ ရန်ကုန် စသည့် နိုင်ငံအနှံ့ရှိ အခြားမြို့ကြီးများတွင်လည်း ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

 

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ 
တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor