Article

တယ်လီနော၏ Game On အစီအစဉ်ကို ဆက်လက်ပြုလုပ်ပေးလျက်ရှိ

08 September, 2016 - ရန်ကုန်

စက်တင်ဘာလ ၈ ရက်၊ ၂၀၁၆ ခုနှစ် - တယ်လီနောမြန်မာ လိမိတက် (“တယ်လီနော”)သည် ‘Game On’ အစီအစဉ်ကို စက်တင်ဘာလ ၁၀ ရက်(စနေနေ့)နှင့် ၁၁ ရက်(တနင်္ဂနွေနေ့)တို့တွင် ရန်ကုန်မြို့ရှိ နေရာ ရ ခု တွင် ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပါသည်။ ယင်းနေရာများတွင် ပိုကီမွန်များများလာရောက်စေမည့် မော်ဒျူး များကို မိနစ် ၃၀ ကြာထုတ်လွှင့်ပေးခြင်းနှင့် အခြား ပျော်စရာ အစီအစဉ်များကို ပြုလုပ်ပေးမည် ဖြစ်ရာ ပိုကီမွန် ရှာဖွေသူ စိတ်ပါ၀င်စားသူများအနေဖြင့် ယင်းနေရာများ အားလုံး (သို့မဟုတ်) အဆင်ပြေရာ နေရာသို့ လာရောက် နိုင်ကြပါသည်။

ထို့အပြင် ယင်းနေရာများကို တစ်နေရာမှ တစ်နေရာသို့ သွားရောက်လည်ပတ်ရန် တယ်လီနော၏ ‘Game On’ဘက်စ်ကားကိုလည်း စီစဉ်ထားပါသည်။ မနက် ၉နာရီခွဲမှာ ညနေ ၅နာရီခွဲအထိ မောင်းနှင်ပေးမည့် ယင်းဘက်စ်ကားကို လူ ၆၀ ဦးအထိ အခမဲ့ လိုက်ပါစီးနင်းနိုင်မည် ဖြစ်ပါသည်။ လိုက်ပါစီးနင်းလိုသူများသည် တယ်လီနောမြန်မာ၏ ‘Game On’ စာမျက်နှာ http://goo.gl/lFHlM0 တွင် နေ့အလိုက် ကြိုတင်မှတ်ပုံတင်ရန် လိုအပ်ပါသည်။ ဘတ်စ်ကားကြီးပေါ်တွင် ဖုန်းအားသွင်းနိုင်မည့်အပြင် ပျော်ပျော်ပါးပါး ဂိမ်းများကစားခြင်းနှင့် ပိုကီမွန်ဖမ်းခြင်းများကိုပါ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ တယ်လီနော၏ စနေ၊တနင်္ဂနွေ Game On အစီအစဉ်ကို စက်တင်ဘာလ ၃ ရက်နေ့ကစတင်ခဲ့ကာ စက်တင်ဘာလ ၁၇ ရက်နေ့အထိ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

စက်တင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် မော်ဒျူးထုတ်လွတ်မည့်အချိန်၊နေရာနှင့် ‘Game On’ဘက်စ် ကား ရောက်မည့် နေရာများမှာအောက်ပါအတိုင်းဖြစ်သည်။

၀၉း၃၀ – ၁၀းဝဝ ဆရာစံ ပန်းခြံ (ရန်ကင်းစင်တာအနီး)
၁၀း၃၀ - ၁၁းဝဝ အနောက်ရွှေဂုံတိုင် (ခြောက်ထပ်ကြီးအနီး)
၁၁း၃၀ - ၁၂းဝဝ မြကျွန်းသာ
၁၂း၃၀ – ၁၃း၃၀ အင်းယားကန်ဘောင် (ပြည်လမ်း) (နေ့လည်စာ)
၁၄းဝဝ – ၁၄း၄၅ ကန်တော်ကြီး ပန်းခြံ
၁၅းဝဝ – ၁၆းဝဝ ရွှေတိဂုံဘုရား (ကြားတောရ)
၁၆း၃၀ – ၁၇း၃၀ မဟာဗန္ဓုလပန်းခြံ

မီဒီယာများ ဆက်သွယ်နိုင်ရန်

အဲလက်စ် ညီညီအောင်
Corporate Communications,
nyinyi.aung@telenor.com.mm
(၉၅) ၉ ရ၉ ၁၀၀၀၀၀၆

www.telenor.com.mm
www.facebook.com/TelenorMyanmar
www.facebook.com/telenorinternetforall

ရန်ကုန်
My Telenor