Press Release

တယ်လီနော၏ 4G ကွန်ရက်အား အရှိန်အဟုန်မြင့် တိုးချဲ့သွားမည်

10 July, 2018 - Yangon

  • တယ်လီနော၏ 4G/LTE ကွန်ရက်သည် ၂၀၁၈ ခုနှစ်အကုန်တွင် မြို့နယ်ပေါင်း ၂၅၀ အား လွှမ်းခြုံနိုင်ရန် မျှော်မှန်း
  • တိုးချဲ့လိုက်သည့် 4G/LTE ကွန်ရက်တွင် ဧရာဝတီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးများနှင့် ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ချင်းပြည်နယ်များရှိ ကျေးလက်မြို့နယ်အများအပြား ပါဝင်လာမည်

ဇူလိုင်လ ၁၀ ရက်၊ ၂၀၁၈ ခုနှစ်၊ ရန်ကုန် - ဆုတံဆိပ်များ ဆွတ်ခူးရရှိထားသည့် တယ်လီနောမြန်မာ၏ 4G/LTE ကွန်ရက်ကို နိုင်ငံတစ်ဝန်းရှိ ကျေးလက်မြို့နယ်အများအပြားအထိ တိုးချဲ့ပေးအပ်နိုင်ရန် အရှိန်အဟုန်မြင့် ဆောင်ရွက် လျက်ရှိပြီး ယခုနှစ်ကုန်တွင် မြို့နယ်ပေါင်း ၂၅၀ အား လွှမ်းခြုံနိုင်ရန် ရည်ရွယ်ထားသည်။


နိုင်ငံတစ်ဝန်းရှိ ပိုမိုများပြားသော လူဦးရေပမာဏအား တိုးချဲ့လွှမ်းခြုံနိုင်ရန် ရည်ရွယ်ပြီး လက်ရှိတွင် နိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ မြို့ပေါင်း ၁၈၀ ကျော်ကို လွှမ်းခြုံထားပြီးဖြစ်သော 4G/LTE ကွန်ရက်အား ဆက်လက်တိုးချဲ့သွားမည်ဖြစ်သည်။ ဧရာဝတိီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းတိုင်း ဒေသကြီးများနှင့် ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ချင်းပြည်နည်များရှိ မြို့နယ်အများအပြားသည် ဇူလိုင်လအတွင်း တယ်လီနော၏ 4G/LTE ကွန်ရက် တိုးချဲ့သွားမည့် ပထမအသုတ်တွင် ပါဝင်မည် ဖြစ်သည်။


“မြန်မာနိုင်ငံတစ်ဝန်းမှာ အကောင်းမွန်ဆုံးအသုံးပြုမှု အတွေ့အကြုံတွေကို ပေးအပ်နိုင်ဖို့ဆိုတဲ့ ရည်သန်ချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တယ်လီနောအနေနဲ့ အသုံးပြုသူတွေကို အကောင်းမွန်ဆုံး ဒေတာသုံးစွဲမှု အတွေ့အကြုံတွေ ကို ပေးအပ်နိုင်ဖို့ တယ်လီနော 4G ကွန်ရက်ကို ဝန်ဆောင်မှုပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။ လာမယ့်ကာလအတွင်းမှာ ကျွန်တော်တို့ရဲ့ 4G ကွန်ရက်ကို နောက်ထပ်မြို့အသီးသီးနဲ့ မြို့နယ်အသီးသီးမှာ တိုးချဲ့လွှမ်းခြုံထားဖို့ ကြိုးပမ်းနေပြီး အသုံးပြုသူအများအပြားအနေနဲဲ့ ကျွန်တော်တို့ရဲ့ အသက်သာဆုံးနဲ့ အလျင်မြန်ဆုံး ဒေတာကွန်ရက်ကို သုံးစွဲနိုင် တော့မှာ ဖြစ်ပါတယ်” ဟု တယ်လီနော မြန်မာ၏ စျေးကွက် ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Amaresh Kumar က ပြောကြားသည်။


လာမည့်ကာလများအတွင်း တယ်လီနော၏ 4G/LTE ကွန်ရက် တိုးချဲ့လွှမ်းခြုံသွားမည့်မြို့နယ်များတွင် ချင်းပြည်နယ်ရှိ ဖလမ်းနှင့် ထန်တလန်မြို့နယ်များ၊ ကရင်ပြည်နယ်ရှိ သံတောင်ကြီးမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ ရသေ့ တောင်၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တောနှင့် ဂွမြို့နယ်များအပါအဝင် မြို့နယ်များစွာ ပါဝင်မည် ဖြစ်သည်။ 


ကွန်ရက်အရည်အသွေးသည် ကွန်ရက်လွှမ်းကျယ်ပြန့်စွာ လွှမ်းခြုံနိုင်ခြင်းနှင့်တန်းတူ အရေးကြီးသည်ဟု နားလည်ထား သည့် အားလျော်စွာ တယ်လီနော၏ ကွန်ရက်ဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ 4GLeo သည် နိုင်ငံတစ်ဝန်း လှည့်လည်၍ အသုံးပြုသူများနှင့် တွေ့ဆုံခြင်း၊ တယ်လီနော၏ ကွန်ရက်အရည်အသွေး တိုင်းတာစစ်ဆေးခြင်းတို့ကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။


“တယ်လီနောရဲ့ 4G ကွန်ရက်လွှမ်းခြုံထားပြီးတဲ့ မြို့နယ်အတော်များများကို ကျွန်တော်သွားရောက်ခဲ့ပါတယ်။ မြို့နယ် အမြောက်အမြားမှာရှိတဲ့ တယ်လီနောအသုံးပြုသူတွေဟာ အကောင်းမွန်ဆုံး ကွန်ရက်အရည်အသွေး ရရှိသုံးစွဲနေတာ ကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ကျွန်တော် ကွန်ရက်လှည့်လည်စစ်ဆေးရင်း အသုံးပြုသူတွေနဲ့ တွေ့ဆုံစကားပြောခဲ့ ရာမှာ တယ်လီနောကွန်ရက်အရည်အသွေးနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေကို ရရှိခဲ့ပါတယ်။ နောက်ပြီး ကွန်ရက်နဲ့ပတ်သက်ပြီး ပြဿနာအနည်းငယ် ကြုံတွေ့နေရတဲ့ အသုံးပြုသူတွေကိုလည်း ကူညီဆောင်ရွက် ပေးနိုင်ခဲ့သလို ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို သုံးစွဲတဲ့နေရာမှာ စိတ်ကျေနပ်မှုရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ အတွက် အားရဝမ်းမြောက်မိပါတယ်” ဟု 4GLeo က ပြောကြားသည်။


ယခုနှစ် ဧပြီလအတွင်း အင်တာနက်မြန်နှုန်း တိုင်းတာသည့် ကမ္ဘာ့ထိပ်တန်း အဖွဲ့အစည်း တစ်ခုဖြစ်သော Ookla က ၂၀၁၇ ခုနှစ်၏ တတိယနှင့် စတုတ္ထ သုံးလပတ်ကာလများအတွင်း ရရှိသော အချက်အလက်များအပေါ် အခြေခံ၍ တယ်လီနောမြန်မာအား ယင်းနှစ်အတွက် မြန်မာနိုင်ငံ၏ အမြန်ဆုံး အင်တာနက်ကွန်ရက်ဆုကို ပေးအပ်ခဲ့သည်။ ထိုလအတွင်း၌ပင် တယ်လီနောနှင့် Ericsson တို့ပူးပေါင်းပြီး အင်တာနက်မြန်နှုန်း စမ်းသပ်မှုတစ်ရပ်ကို လုပ်ဆောင်ခဲ့ ရာ မြန်မာနိုင်ငံတွင် အမြင့်ဆုံးစံချိန်သစ်ဖြစ်သည့် ၁ Gbps မြန်နှုန်းအထိ ရရှိခဲ့သည်။


တယ်လီနောမြန်မာသည် ၎င်း၏ 4G/LTE ဝန်ဆောင်မှုများအား ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် စတင်ပေးအပ်ခဲ့ပြီး လက်ရှိ တွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးနှင့် သုံးစွဲမှုအတွေ့အကြုံအကောင်းဆုံး 4G ကွန်ရက်အား တည်ဆောက်ထားပြီး ဖြစ် သည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတဝှမ်း၌ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၀၀၀ ကျော်ပိုင်ဆိုင်ထားပြီး နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အသုံးပြုသူပေါင်း ၁၉ သန်းကျော်အား 3G နှင့် 4G ကွန်ရက်တို့ ဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ 

 

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor