Article

တယ်လီနော၏ “ဘေးကင်းသည့် အင်တာနက်အသုံးပြုမှု” နှင့်ပတ်သက်သည့် ကျောင်းတွင်း ပညာပေး အစီအစဉ် ဆက်လက်ပြုလုပ်

07 September, 2016 - ရန်ကုန်

စက်တင်ဘာလ ရ ရက်၊ ၂၀၁၆ ခုနှစ်၊ ရန်ကုန် - တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) သည် “ဘေးကင်းသည့် အင်တာနက်အသုံးပြုမှု” ပညာပေး ဟောပြောမှုကို ရွှေပြည်သာမြို့နယ်ရှိ ဘဝသစ်ကိုယ်ပိုင်အထက်တန်း ကျောင်းတွင် ယနေ့ ပြုလုပ်ခဲ့ပါသည်။ ယင်းဟောပြောမှုကို သြဂုတ်လ အစောပို်င်းက စတင်ခဲ့သော “ဘေးကင်းသည့် အင်တာနက် အသုံးပြုမှု” ကနဦး ပညာပေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဟောပြောပွဲတွင် အင်တာနက်ကို မည်ကဲ့သို့ အကျိုးရှိစွာအသုံးပြုမည်၊ အင်တာနက်ပေါ်ရှိ ဖြစ်လာနိုင်ချေရှိသော အင်တာနက် အခြေပြု အနိုင့်ကျင့်ဗိုလ်ကျမှုများ၊ အင်တာနက်အခြေပြု လိင်ခေါင်းပုံဖြတ်မှုများနှင့် အမုန်းစကား စသည် တို့ကို မည်ကဲ့သို့ ရှောင်ရှားရမည်ဆိုသည်များ ပါဝင်သည့် ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ အင်တာနက် အသုံးပြု သူများ ပိုမို ဘေးကင်းစွာနှင့် တာဝန်သိစွာအသုံးပြုမှုကို အထောက်အကူပြုနိုင်ရန်အတွက် ပြုလုပ်ပေးခဲ့သည့် ယခုဟောပြောမှုကို ကျောင်းသူ/ကျောင်းသား ၂၅၀ ကျော်တက်ရောက်ခဲ့ပါသည်။ တယ်လီနောသည် ၂၀၁၆ နှစ်မကုန်မီအချိန်အတွင်း ရန်ကုန် မြို့ရှိ အစိုးရနှင့် ပုဂ္ဂလိက ကျောင်းများ၊ မန္တလေးမြို့ရှိ ဘုန်းတော်ကြီးစာသင်ကျောင်းနှင့် ပုဂ္ဂလိက ကျောင်းများတွင် “ဘေးကင်းသည့် အင်တာနက်အသုံးပြုမှု” ဟောပြောပွဲများကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါသည်။ ကျောင်းတွင်း ပညာပေး အစီအစဉ်များအပြင် “ဘေးကင်းသည့် အင်တာနက်အသုံးပြုမှု” ပညာပေးအစီအစဉ်အောက်တွင် အင်တာနက်ကို ဘေးကင်းစွာ အသုံးပြုခြင်းဆိုင်ရာ အမူအကျင့်များအကြောင်းကို ရှင်းလင်းပြောကြားခြင်း၊ အသိပေးခြင်း တို့ကိုလည်း တယ်လီနော၏ အလင်းအိမ် အိုင်စီတီ နည်းပညာ ဖွံ့ဖြိုးရေးစင်တာများနှင့် တယ်လီနောက ပံ့ပိုး ဆောင်ရွက် နေသော ကျောင်းပြင်ပ ပညာရေး စာသင်ခန်းများတွင်ပါ ပြုလုပ်သွားမည် ဖြစ်ပါသည်။

မီဒီယာများ ဆက်သွယ်နိုင်ရန်

အဲလက်စ် ညီညီအောင်
Corporate Communications,
nyinyi.aung@telenor.com.mm
(၉၅) ၉ ရ၉ ၁၀၀၀၀၀၆

www.telenor.com.mm
www.facebook.com/TelenorMyanmar

ရန်ကုန်
My Telenor