Press Release

တယ်လီနော၏ “ငြိမ်းချမ်းရေး” ပြိုင်ပွဲ အနိုင်ရရှိသူများ နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ပွဲနှင့် ဆက်စပ် အခမ်းအနားများသို့ တက်ရောက်ခွင့်ရ

12 December, 2016 - Yangon

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) မှ တစ်ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ တယ်လီနော၏ စီးပွားရေးလုပ်ငန်းများမှ အနိုင်ရရှိသူ ဝန်ထမ်း ၅ ဦးသည် နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ဒီဇင်ဘာလ ၈ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သော ယခုနှစ်အတွက် နိုဘယ်ဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲနှင့် ဆက်စပ် အခမ်းအနားများသို့ တက်ရောက်ခွင့် ရရှိခဲ့ကြပါသည်။

တယ်လီနောလုပ်ငန်းစုအနေနှင့် အောက်တိုဘာလအတွင်းတွင် ကမ္ဘာတစ်ဝန်းရှိ ၎င်း၏ စီးပွားရေးယူနစ် ၁၃ ခုလုံးအတွက် “သင့်အတွက် ငြိမ်းချမ်းရေးဆိုသည်မှာ…..” အမည်ရှိ ပြိုင်ပွဲတစ်ရပ်ကိုကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် တယ်လီနောမြန်မာ၊ တယ်လီနော ဘူဂေးလ်ရီးယား၊ တယ်လီနော ဒိန်းမတ်၊ တယ်လီနော ပါကစ္စတန် နှင့် ဒီဂျီ တို့မှ ပြိုင်ပွဲဝင်ဝန်ထမ်း ၅ ယောက်တို့သည် အနိုင်ရရှိသူများအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ အဆိုပါ အနိုင်ရရှိသူများအနေနှင့် နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ပွဲ အခမ်းအနား၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် တယ်လီနောမှ ကူညီထောက်ပံ့သော ငြိမ်းချမ်းရေးဆိုင်ရာ အခမ်းအနားတွင်ပါဝင် ဆင်နွှဲခဲ့ပါသည်။

တယ်လီနော၏ Learning and Development ယူနစ်မှ Senior Expert တစ်ယောက်ဖြစ်သူ မစိမ့်ရီထက်သည် အဆိုပါ ပြိုင်ပွဲတွင် အနိုင်ရရှိသူတစ်ဦးဖြစ်သည်။ သူမ၏ အနိုင်ရရှိခဲ့သော စိတ်အားတက်ကြွဖွယ်ရာ စကားရပ်မှာ အောက်ပါ အတိုင်းဖြစ်သည် - “ကျွန်မအတွက် ငြိမ်းချမ်းရေးဆိုတာကတော့ ကျွန်မရဲ့နိုင်ငံအတွင်းမှာရှိတဲ့ ကျေးလက်ဒေသနေ လူ့အဖွဲ့ အစည်း တွေနဲ့ လက်တွဲလုပ်ဆောင်ပြီး သူတို့အရင်က မသိမမြင်ဖူးခဲ့တဲ့ ကမ္ဘာလောက အသစ်တစ်ခုကို တွေ့ကြုံခံစားနိုင်ဖို့ လုပ်ဆောင်ပေးခြင်းပဲဖြစ်ပါတယ်။”

“တယ်လီနောမြန်မာအနေနဲ့ ကြည့်မယ်ဆိုရင် ကျွန်မတို့ဟာ အပြန်အလှန်ဆက်သွယ်နိုင်မယ့် ဆက်သွယ်ရေး နည်းလမ်း တွေ ပေးအပ်ခြင်း၊ အင်တာနက်ကနေတဆင့် ကမ္ဘာကြီးကို ကြည့်ရှုနိုင်မယ့် တံခါးတွေကို ဖွင့်လှစ် ပေးခြင်းနဲ့ ပြည်သူလူထုကို ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေကို ပေးအပ်ခြင်း အစရှိတဲ့နည်းလမ်းတွေကို အသုံးပြုပြီး ပြည်သူလူထုကို ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေပါတယ်။ ကျွန်မတို့အနေနဲ့ ဒီလို နည်းလမ်း တွေကို မြို့ကြီး တွေကနေ မြို့ငယ်တွေအထိ၊ မြို့ငယ်တွေကနေ ကျေးရွာတွေအထိ အသုံးပြုနေပြီး မကြာခင် အချိန်အတွင်းမှာပဲ ကျွန်မတို့အနေနဲ့ အရင်က ကမ္ဘာကြီးနဲ့ ဆက်သွယ်ဖို့ အခွင့်အလမ်းတွေမရရှိခဲ့တဲ့ နယ်စပ်ဒေသတွေက ပြည်သူလူထုတွေကိုပါ အဆိုပါ ကူညီမှုတွေ ပြုလုပ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။” ယခုကဲ့သို့ အခမ်းအနားတွင် ပါ၀င်တက်ရောက်ခွင့် ရရှိမှုနှင့် ပက်သက်၍ မစိမ့်ရီထက်က “ဒီလို နိုဘယ်ငြိမ်းချမ်း ရေး ဆု ချီးမြှင့့်ပွဲ အခမ်းအနားရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အစီအစဉ်မှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ဒါက ကျွန်မရဲ့ ဘဝတစ်လျှောက်လုံးမှာ အမှတ်တရ တစ်ခုလည်း ဖြစ်နေမှာပါ” ဟုပြောကြားခဲ့သည်။

တယ်လီနောမြန်မာမှ Chief People Officer ဖြစ်သူ Anne Birgitte Kverum မှနေ၍ “ တယ်လီနောဟာ နိုဘယ် ငြိမ်းချမ်းရေးစင်တာကို အချိန်ကြာမြင့်စွာ ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့အပြင် နိုဘယ် ငြိမ်းချမ်းရေးဆုချီးမြှင့်ပွဲ အခမ်းအနားရဲ့ ကမ္ဘာလုံးဆိုင်ရာ မိတ်ဘက်လည်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုပူးပေါင်းဆောင်ရွက်မှု အပေါ်မှာ ကျွန်မတို့ရဲ့ ဝန်ထမ်းတွေအားလုံးအနေနဲ့လည်း ဂုဏ်ယူစရာတစ်ခု အဖြစ် ရှိစေချင်ပါတယ်။ ဒါကြောင့်လည်း ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဝန်ထမ်းတွေကို အခမ်းအနားမှာ ပါဝင်စေခဲ့ခြင်းဖြစ်ပါတယ်။”

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ 
တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor