Press Release

တယ်လီနော၏ ၃၂ ကြိမ်မြောက် Net Monday ပွဲတွင် အွန်လိုင်းမှ တဆင့်စီးပွားရေးလုပ်နိုင်သည့် အခွင့်အလမ်းများကို မိတ်ဆက်

21 February, 2017 - Yangon

  • တယ်လီနော၏ “အားလုံးအတွက် အင်တာနက်” ရည်မှန်းချက်ကို Net Monday မှ ကူညီပံ့ပိုးပေး
  • ၂၀၁၇ ခုနှစ်တွင် ပြုလုပ်မည့် Net Monday ပွဲများမှ ကျောင်းသားလူငယ် ၅၀,၀၀၀ ကျော်ကို အသိပညာပေးနိုင်မည်ဟု မျှော်မှန်းထား

 

 တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) သည် ၄င်း၏ Net Monday ပွဲကို တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်တက္ကသိုလ် တွင်ကျင်းပခဲ့သည်။ ထိုပွဲတွင် ကျောင်းသားများကို အွန်လိုင်းမှ တဆင့် စီးပွားရေးလုပ်နိုင်သည့် အခွင့်အလမ်းများအကြောင်း မိတ်ဆက်ပေးခဲ့သည်။

ဤ ၃၂ ကြိမ်မြောက် Net Monday အစီအစဉ်ကို မြိတ်တက္ကသိုလ် ၊ Café International ၊ ZYAM နှင့် တယ်လီနောတို့မှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခဲ့ကြပြီး ကျောင်းသား ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ Panel ဆွေးနွေးပွဲတွင် ကိုယ်စားလှယ်များနှင့် ကျောင်းသားများက ပညာသင်ယူရာတွင် အင်တာနက်၏ အရေးပါပုံနှင့် ထိရောက်မှု၊ အွန်လိုင်းတွင် ရရှိနိုင်သည့် စီးပွားရေးအခွင့်အလမ်းနှင့် အွန်လိုင်းတွင် ရှိနေစဉ် ကြုံတွေ့ရတတ်သည့် အန္တရာယ်တို့ကို ဆွေးနွေးခဲ့ကြသည်။

“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံသားတွေအတွက် ဒစ်ဂျစ်တယ်အနာဂတ် ကိုတည်ဆောက်ဖို့ ဒီကိုရောက်လာတာဖြစ်ပြီး အင်တာနက်နဲ့ အကျွမ်းတဝင်ရှိတဲ့ လူဦးရေအရေအတွက်၊ အထူးသဖြင့် လူငယ်လူရွယ် အရေအတွက်ဟာ ပိုမိုများပြားလာတာနဲ့အညီ သူတို့တွေ အွန်လိုင်းအသုံးပြုရာမှာ ကောင်းမွန်စွာနဲ့ ထိရောက်စွာ အသုံးပြုစေနိုင်ဖို့အတွက် အားပေးကူညီမှုတွေ ပြုလုပ်ဖို့ဟာ အရမ်းကို အရေးကြီးလာပါတယ်။ ကျောင်းသားကျောင်းသူတွေအနေနဲ့ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေ စတင်နိုင်ခြင်း၊ စီးပွားရေး အသိုင်းအဝန်းနဲ့ ပိုမို ထိတွေ့နိုင်ခြင်းစတဲ့ အခွင့်အလမ်းတွေကို အွန်လိုင်းကနေ ရရှိနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီဟောပြောပွဲကနေတဆင့် သူတို့ရဲ့ အနာဂတ်ဘဝအတွက် ပိုမိုအားကောင်းတဲ့ ခွန်အားတွေ ဖြစ်ထွန်းစေမယ်လို့ ယုံကြည်ပါတယ်။” ဟု တယ်လီနောမြန််မာရဲ့ Chief Marketing Officer ဖြစ်သူ Joslin E Myrthong မှပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံရှိ မြို့နယ်အားလုံးကို ခြုံငုံထားသော ၇၂၀၀ ကျော်ရှိသည့် တာဝါတိုင်များဖြင့် တယ်လီနောသည် မိုဘိုင်းနှင့် အင်တာနက်ချိတ်ဆက်မှုကို နိုင်ငံတဝန်း ပေးအပ်လျက်ရှိပြီး ပိုမိုကျယ်ပြန့်သော ကွန်ယက်မှ တဆင့် တစ်နိုင်ငံလုံးရှိ လူငယ်များအတွက် အွန်လိုင်းမှ အချက်အလက် အရင်းအမြစ်များကို အကန့်အသတ်မရှိ ရှာဖွေနိုင်ရန်လည်း ပေးအပ်ထားသည်။

 


Net Monday သည် တယ်လီနောမြန်မာမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လျက်ရှိသော ဒစ်ဂျစ်တယ်နှင့် အွန်လိုင်း လူထု အသိုင်းအဝိုင်းနှင့် သက်ဆိုင်သော အကြောင်းအရာများကို တင်ပြဆွေးနွေးနိုင်စေရန် ရည်ရွယ်ပြီး လစဉ်ကျင်းပသော အစီ အစဉ် တစ်ခုဖြစ်သည်။ အင်တာနက်နှင့် ပတ်သက်သော အကြောင်းအရာများကို နိုင်ငံတကာနှင့် ပြည်တွင်းမှ ကျွမ်းကျင် ပညာရှင်များနှင့် ဖိတ်ကြားထားသောမြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် လူထုအသိုင်းအဝိုင်းတို့ကို ပွဲစဉ်တိုင်းတွင် ဆွေးနွေးခြင်း ဖြစ်ပါသည်။ ပါဝင်ဆွေးနွေးကြသူများတွင် ပရိုဂရမ်မာများ၊ web ဒီဇိုင်နာများ၊ Blogger များ၊ developer များ၊ နည်းပညာ ကျွမ်းကျင်သူများနှင့် ပြည်တွင်း၊ပြည်ရှိ နည်းပညာကုမ္ပဏီများမှ တာဝန်ရှိသူများ ပါဝင်သည်။

 

တယ်လီနော၏ Net Monday အစီအစဉ်သည် လာမည့် ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် သုံးနှစ်ပြည့် မြောက်မည်ဖြစ်ပြီး ပြီးခဲ့သည့် နှစ်များတွင် တယ်လီနောသည် Facebook၊ Google နှင့် Microsoft ကဲ့သို့သော နိုင်ငံတကာ လုပ်ငန်း ကြီးများနှင့် မိတ်ဘက်ပြုလုပ်ခဲ့ပြီး လူဦးရေပေါင်း ၆၀,၀၀၀ ကျော်အား အသိပညာပေးနိုင်ခဲ့ပါသည်။ ဆွေးနွေးခဲ့သော အကြောင်းအရာများတွင် ပညာရေး၊ အသက်မွေးဝမ်းကျောင်း၊ ဂိမ်းကစားခြင်း၊ လူမှုဆက်ဆံရေး၊ မိုဘိုင်းဘဏ္ဍာရေး ဝန်ဆောင်မှုများနှင့် ဘေးကင်းသည့် အင်တာနက်အသုံးပြုမှု စသည့် အင်တာနက်နှင့် ဒစ်ဂျစ်တယ်လောကဆိုင်ရာ အကြောင်းအရာများ ပါဝင်သည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor