Press Release

တယ်လီနော၏ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကယ်ရိုလိုင်းယဉ်ယဉ်ဋ္ဌေးအား CMO Asia မှ "အမျိုးသမီးခေါင်းဆောင်မှုဆိုင်ရာထူးချွန်ဆု" ကို ချီးမြင့်

10 January, 2020 - Yangon

  • ကယ်ရိုလိုင်းယဉ်ယဉ်ဋ္ဌေး၏ အဖွဲ့အစည်းအပေါ် စွမ်းစွမ်းတမံ ပံ့ပိုးပေးနိုင်မှုနှင့်အတူ အပြောင်းအလဲ များကို လိုက်လျောညီထွေစွာ ဦးဆောင်နိုင်စွမ်းရှိမှုတို့ကြောင့် CMO Asia ၏ အကဲဖြတ်အဖွဲ့ဝင်များ နှင့် ကျွမ်းကျင်ပညာရှင်များ၏ အသိအမှတ်ပြုခြင်းခံရ

တယ်လီနောမြန်မာ၏ စီးပွားရေးဆိုင်ရာအရာရှိချုပ် ကယ်ရိုလိုင်း ယဉ်ယဉ်ဋ္ဌေးသည် ၁၀ ဇန်နဝါရီ ၂၀၂၀ ပြည့်နှစ် ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော CMO Asia Awards 2020 သို့ တက်ရောက်ခဲ့ပြီး အမျိုးသမီးခေါင်းဆောင်မှုပိုင်းဆိုင်ရာထူးချွန်ဆုကို လက်ခံရရှိခဲ့သည်။ CMO Asia သည် မတူကွဲပြားသည့် စီးပွားရေးကဏ္ဍပေါင်းစုံမှ ထူးခြားကောင်းမွန်သည့် စွမ်းဆောင်မှုများအတွက် အသိအ မှတ်ပြု ချီးမြှင့်ခြင်းဖြစ်သည်။ အမျိုးသမီးခေါင်းဆောင်မှုဆိုင်ရာဆုများသည် ၂၀၂၀ ပြည့်နှစ်တွင် ၂၈ ကြိမ် မြောက် ကျင်းပသွားမည့် World HRD Congress ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

“CMO Asia လို ဂုဏ်သိက္ခာရှိအဖွဲ့အစည်းတစ်ခုကနေ ခေါင်းဆောင်တစ်ယောက်အနေနဲ့ရော အမျိုးသမီးတစ် ယောက်အနေနဲ့ပါ အသိအမှတ်ပြုခံရတဲ့အတွက် အတိုင်းမသိ ဂုဏ်ယူဝမ်းသာမိပါတယ်။ ဒီဆုက စီးပွားရေး နယ်ပယ်မှာ နေရာတစ်နေရာ၊ အခွင့်အရေးရယူဖို့ ကြိုးစားနေကြတဲ့ အမျိုးသမီးခေါင်းဆောင်တွေကို ဆက်လက်‌မြေတောင်မြှောက်ပေးဖို့ ကျွန်မကို ယုံကြည်မှုနဲ့ ခွန်အားတွေပေးပါတယ်။ တယ်လီနောက မတူကွဲ ပြားမှုတွေရှိတဲ့ နောက်ခံနယ်ပယ်ပေါင်းစုံ၊ ထင်မြင်ယူဆချက်တွေကို အလေးအနက်ထားကြိုဆိုတဲ့ အဖွဲ့အ စည်းဖြစ်ပြီး ကျွန်မအနေနဲ့ ၂၀၁၃ ကတည်းက တယ်လီနောနဲ့လက်တွဲလုပ်ကိုင်ရာကနေ တိုးတက်လာတဲ့ စီးပွားရေးမှာ ကျွန်မရဲ့ ပါဝင်အားထုတ်မှုကို အသိအမှတ်ပြုပေးတယ်လို့ ခံယူမိပါတယ်။ ယနေ့ခေတ်လို အသုံးပြုသူ စိတ်ကြိုက်ဖန်တီးနိုင်စွမ်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့အချိန်အခါမှာ အသုံးပြု သူတွေရဲ့ လိုအပ်ချက်ကို ‌ခရေစေ့တွင်းကျနားလည်ပြီး ဖြည့်ဆည်းပေးနိုင်တဲ့ ကုမ္ပဏီတွေကသာ အောင်မြင် မှုရရှိမှာ ဖြစ်ပါတယ်။ အဖွဲ့အစည်းမှာရှိတဲ့ မတူကွဲပြားမှုတွေကို စုစည်းပြီး ကျွမ်းကျင်ပညာရှင်ကအစ ခေါင်းဆောင်တွေအဆုံး ဒါကို တကယ်ဖြစ်လာဖို့ ကြိုးပမ်းအားထုတ်ဖို့လိုအပ်ပါတယ်။” ဟု တယ်လီနော မြန်မာ၏ စီးပွားရေးဆိုင်ရာအရာရှိချုပ် ကယ်ရိုလိုင်းယဉ်ယဉ်ဋ္ဌေးက ပြောကြားခဲ့ပါသည်။.

CMO Asia သည် အဖွဲ့အစည်းများ၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်တို့နှင့်အညီ နည်းဗျူဟာကျ အဓိက ပံ့ပိုးပေးနေသူများနှင့် အပြောင်းအလဲဦးဆောင်သူများကို အသိအမှတ်ပြုလျက်ရှိသည်။ CMO Asia ၏ ပဏာမရွေးချယ်ခံရသူများကို ကမ္ဘာတစ်ဝှန်းမှ ဝါရင့်ခေါင်းဆောင်များ၊ သုတေသနပညာရှင်များနှင့် ပညာရှင် များပါဝင်သောအဖွဲ့မှ စီစစ်ရွေးချယ်ခြင်းဖြစ်သည်။ ရွေးချယ်မှုစည်းကမ်း၊ စည်းမျဉ်းများတွင် ပဏာမရွေး ချယ်ခံရသူများ၏ လွမ်းမိုးနိုင်စွမ်း၊ မြေတောင်မြှောက်ပေးနိုင်စွမ်း၊ လူမှုရေးဆိုင်ရာ အပြောင်းအလဲများကို ဦးဆောင်နိုင်စွမ်းနှင့် ခေါင်းဆောင်ကောင်းအဖြစ် ကာလရှည်ကြာ စဉ်ဆက်မပြတ် တည်ဆောက်ထားနိုင်ခြင်း စသည့် အချက်အလက်များကို အဓိကထား စဉ်းစားခြင်းဖြစ်ပြီး ထူးချွန်ဆုများ ပေးအပ်ခြင်းဖြစ်သည်။

တယ်လီနောမြန်မာသည် CMO Asia ၏ "လူမှုရေးရာဆန်းသစ်တီထွင်ခြင်းဆိုင်ရာ ဦးဆောင်နိုင်မှု" ဆုကို ၂၀၁၇ ခုနှစ်တွင် လက်ခံရရှိခဲ့သည်။

ကယ်ရိုလိုင်းယဉ်ယဉ်ဋ္ဌေးအကြောင်း

ကယ်ရိုလိုင်းယဉ်ယဉ်ဋ္ဌေးသည် တယ်လီနောမြန်မာ၏ စီးပွားရေးဆိုင်ရာအရာရှိချုပ်ဖြစ်သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ တွင် Head of Accounting and Tax အနေဖြင့် တယ်လီနောတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ် သြဂုတ်လ တွင် ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ထို့နောက် ၂၀၁၉ ခုနှစ် မတ်လမှ စတင်ပြီး ဒေါ်ယဉ်ယဉ်ဋ္ဌေးကို တယ်လီနောမြန်မာ၏ စီးပွားရေးဆိုင်ရာအရာရှိချုပ်အဖြစ် တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည်။ ဒေါ်ယဉ်ယဉ်ဋ္ဌေးသည် ဆက်သွယ်ရေးကဏ္ဍ၏ ဘဏ္ဍာရေးနှင့်ပတ်သက်ပြီး အမျိုးမျိုးသော တန်ဖိုးကွင်းဆက်များတွင် အလုပ်လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံ ၁၅ နှစ်ကျော် ရှိခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် Capacity အဖွဲ့အစည်း၏ ဆက်သွယ် ရေးလုပ်ငန်းတွင် အထင်ရှားဆုံး အမျိုးသမီး ၂၀ ဦးအနက် တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ သူမအနေဖြင့် စင်ကာပူနိုင်ငံ StarHub တွင် စတင်လုပ်ကိုင်ခဲ့ပြီးနောက် Motorola Inc., တွင် စီမံကိန်းပေါင်းများစွာကို ဦးဆောင်ခဲ့ သည်။ ဒေါ်ယဉ်ယဉ်ဋ္ဌေးသည် သြစတြေးလျနိုင်ငံ CPA ၏ Fellow တစ်ယောက်ဖြစ်သည့်အပြင် အာဆီယံ CPA ကို ပထမဆုံးရရှိခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ယူကေနိုင်ငံ ဟားလ် တက္ကသိုလ်က ချီးမြှင့်သည့် EMBA ဘွဲ့ကိုရရှိခဲ့ သူဖြစ်သည်။

တယ်လီနောအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်း ဆက်သွယ် ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် လက်ရှိတွင် နိုင်ငံ တွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၂၁ သန်းကျော်ထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိ သည်။ တယ်လီနောမြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများ အနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၃ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေး ကဏ္ဍမှတဆင့် လူ့အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၀ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိတွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါ က https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှု နိုင်သည်။

မီဒီယာများဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန
maysandy.aye@telenor.com.mm
တယ်လီနော မြန်မာ

Yangon
My Account
Live Chat
Share Share