Press Release

တယ်လီနော၏ လူကြိုက်အများဆုံး၀န်ဆောင်မှုအစီအစဉ် ‘စိတ်ကြိုက်’ ကိုရယူအသုံးပြုရန် နောက်ဆုံးအခွင့်အရေး

16 January, 2017 - Yangon

အသစ် စာရင်းသွင်းမှုများကို ဇန်န၀ါရီလ ၂၃ရက်နေ့ ည ၂၃:၅၉:၅၉ နာရီအထိသာ ပြုလုပ်နိုင်တော့မည်

 တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”)၏ လူကြိုက်အများဆုံး ၀န်ဆောင်မှု အစီအစဉ်အတွက် စာရင်းသွင်းရယူအသုံးပြုမှု အသစ်များကိုယခုလ၂၃ရက်နေ့ ည ၂၃:၅၉:၅၉နာရီနောက်ဆုံးထား၍သာပြုလုပ်နိုင်တော့မည်ဖြစ်ပါသည်။ ပြီးခဲ့သည့် နှစ် ဇွန်လကုန်တွင် မိတ်ဆက်ခဲ့သော Facebook နှင့် Viberအခမဲ့အသုံးပြုနိုင်သည့် ၀န်ဆောင်မှုအစီအစဉ်တစ်ခုဖြစ်သည့် ‘စိတ်ကြိုက်’ သည် တယ်လီနော၏ သုံးစွဲသူအများဆုံးအစီအစဉ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။

“စိတ်ကြိုက် အစီအစဉ်ကို နှစ်ချိုက်စွာသုံးစွဲနေကြတာကို ကျွန်တော်တို့အနေနဲ့ ၀မ်းမြောက်၀မ်းသာ အသိအမှတ်ပြုမိပြီးအခုလိုအစီအစဉ်ကိုလူကြိုက်များတာဟာ မြန်မာပြည်သူပြည်သားတွေအနေနဲ့ လူမှုကွန်ရက်တွေကိုဘယ်လောက် နှစ် ချိုက် ကြတယ်ဆိုတာကိုသက်သေပြနေပါတယ်။ တယ်လီနောဟာသုံးစွဲသူတွေအတွက် စိတ်၀င်စားစရာကောင်းပြီး ထူးခြားဆန်းသစ်တဲ့ ၀န်ဆောင်မှုသစ်တွေကိုလည်းပေးအပ်နေဖို့ အစဉ်မပြတ် အားထုတ်နေပါတယ်။ ‘စိတ်ကြိုက်’အစီအစဉ်ကိုမရယူထားရသေးသူအနေနဲ့လည်းသုံးစွဲသူ ၁၀ သန်းကျော်ရှိတဲ့ ‘စိတ်ကြိုက်’ သုံးစွဲသူအထူးကလပ်ထဲမှာ ပါ၀င်နိုင်စေဖို့ အမြန်ဆုံးစာရင်းသွင်းရယူထားနိုင်ကြပါတယ်” ဟုတယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိ ချုပ်ဖြစ်သူ Joslin Myrthong က ပြောကြားသည်။ နောက်ဆုံးသတ်မှတ်ချိန်မတိုင်မီစာရင်းသွင်းလိုသူများအနေဖြင့် *979*3*4# ကိုဖုန်းခေါ်ဆို၍ ၀န်ဆောင်မှုကို ရယူထားနိုင်ပါသည်။

‘စိတ်ကြိုက်’ အစီအစဉ်သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အလျင်မြန်ဆုံးတိုးတက်နေသောအင်တာနက် ကွန်ရက်ပေါ်တွင် Facebook နှင့် Viberအသုံးပြုနိုင်ရန် တယ်လီနောအသုံးပြုသူများအားနေ့စဉ် ၁၅၀ MB ကိုအခမဲ့ပေးအပ်ခြင်း ဖြစ်ပါသည်။ တယ်လီနောသည် လက်ရှိတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများအားလုံးရှိအသုံးပြုသူ ၁၉သန်းခန့်ကိုဝန်ဆောင်မှုပေးနေပြီးယင်းအနက် ၆၄% မှာအင်တာနက်အသုံးပြုသူများဖြစ်သည်။ တယ်လီနော၏ အင်တာနက် အသုံးပြုသူများအနက် ၉၀% ကျော်မှာ Facebook နှင့် Viberအသုံးပြုသူများဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor