Press Release

တယ်လီနော၏ ပဥ္စမကြိမ်မြောက် ရေရှည်တည်တံ့သော စီးပွားရေး ဆောင်ရွက်ချက်များဆိုင်ရာ ရှင်းလင်းပွဲ ကျင်းပ

30 March, 2018 - Yangon

  • ရေရှည်တည်တံ့သော စီးပွားရေးအတွက် ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခွင့်အလမ်းများနှင့် စွန့်စားမှုများကို တင်ပြခဲ့
  • နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှု၊ မိုဘိုင်းကွန်ရက် ချိတ်ဆက်မှုနှင့် စံချိန်စံညွှန်းများ မြှင့်တင်ရေး ကုမ္ပဏီ၏ ပံ့ပိုးဆောင်ရွက်မှု များကို ရှင်းလင်းတင်ပြခဲ့

တယ်လီနောမြန်မာ၏ ပဥ္စမကြိမ်မြောက် လုပ်ငန်းရေရှည်တည်တံ့စေရေး ဆောင်ရွက်ချက်များနှင့်ဆိုင်သော ဆွေးနွေးရှင်းလင်းပွဲအား ယနေ့တွင် ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင် လုပ်ငန်း ရေရှည်တည်တံ့စေရေး အဓိက ကဏ္ဍများတွင် လက်ရှိဆောင်ရွက်နေမှုများနှင့် ဒစ်ဂျစ်တယ် လူမှုအသိုင်းအဝန်းသို့ ရည်မှန်း ဦးတည်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့ပြီး တာဝန်သိ စီးပွားရေးကဏ္ဍ တိုးတက်စေရေး အထောက်အကူဖြစ်စေမည့် လုပ်ဆောင်ချက်အသစ်များကို ရှင်းလင်းတင်ပြခဲ့သည်။ 
မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ရာတွင် ထားရှိသည့် ကတိကဝတ်များအတွက် တယ်လီနောက လိုက်နာ ဖြည့်ဆည်း လျက်ရှိပြီး မြန်မာနိုင်ငံရှိ ပြည်သူပြည်သားတိုင်း မိုဘိုင်း ဆက်သွယ်ချိတ်ဆက်မှု ရရှိစေရေး၊ ဆက်သွယ်ရေး ကဏ္ဍနှင့် လူအများ ဖွံ့ဖြိုးတိုးတက်စေရေး၊ စီးပွားရေး ဆောင်တာများကို ဖြောင့်မှတ် မှန်ကန်စွာ ဆောင်ရွက်ရေး စသည့် တယ်လီနော ၏ ရည်မှန်းထားချက်များကို ကုမ္ပဏီအနေဖြင့် မပျက်မကွက် ဆက်လက် ဖြည့်ဆည်း ဆောင်ရွက်လျက်သည်။ ယခု ရှင်းလင်းပွဲတွင် ၂၀၁၇ ခုနှစ်အတွင်း အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်ခဲ့မှုများအနက် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးမှု အတွက် ကုမ္ပဏီ၏ ပံ့ပိုး ဆောင်ရွက်မှု၊ မိုဘိုင်းဆက်သွယ်ချိတ်ဆက်မှု ကျယ်ပြန့်စေရေးနှင့် စံချိန်စံညွှန်းများ မြှင့်တင်နိုင်ရေးတို့ အပေါ် ဆက်လက် ဦးတည်ထားမှု တို့ကို အဓိကထား ရှင်းလင်းတင်ပြခဲ့သည်။   
“မြန်မာနိုင်ငံက လူဦးရေ ၁၉ သန်းကျော်ရဲ့ နေ့စဉ် လူမှုဘဝရေးရာတွေမှာ တယ်လီနောရဲ့ ဝန်ဆောင်မှုတွေက အဓိက ကျကျ ပါဝင် ပတ်သက်နေတာဖြစ်ပြီး ကျွန်တော်တို့ရဲ့ လုပ်ငန်းဆောင်ရွက်တည်ရှိမှုက တိုက်ရိုက် သော်လည်းကောင်း သွယ်ဝိုက်ပြီးသော်လည်းကောင်း ပတ်သက်နေတဲ့ ကုမ္ပဏီရဲ့ လုပ်သားထုရဲ့ အသက်မွေးဝမ်းကျောင်းဘဝတွေကို သက်ရောက်မှု ရှိနေတာလည်း ဖြစ်ပါတယ်။ ကုန်ခဲ့တဲ့နှစ်ကို ပြန်ဆန်းစစ်ကြည့်ရရင် ကျင့်ဝတ်နဲ့ညီတဲ့ တာဝန်သိ လုပ်ကိုင် ဆောင်ရွက်မှုတွေက တယ်လီနောရဲ့ စီးပွားရေးဆောင်ရွက်မှုတွေမှာ ပေါင်းစည်းပါဝင်ပြီးသားဖြစ်နေသလို ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကိုလည်း သုံးစွဲသူတွေဆီကို ဘေးကင်းစိတ်ချရပြီး ရေရည်တည်တံ့တဲ့ နည်းလမ်းတွေနဲ့ ပေးအပ်နိုင်နေခဲ့ တာ ဖြစ်ပါတယ်”ဟု တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် Lars Erik Tellmann က ပြောကြားသည်။  
“ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဇြိုးတိုးတက်မှုအတွက် မှန်ကန်တဲ့အခြေအနေတွေ ဖြစ်ထွန်းနေမှုက မြန်မာနိုင်ငံအတွက် အလွန် အကျိုးကျေးဇူးများပြားခဲ့ပြီး မိုဘိုင်းပြန့်နှံ့မှုမြင့်မြင့်မားမားနဲ့ နိုင်ငံတစ်လွှား ကွန်ရက်လွှမ်းခြုံမှုတွေနဲ့အတူ နိုင်ငံ အနေနဲ့ လည်း ဒစ်ဂျစ်တယ်ရေးရာမှာ ရှေ့ဆောင်နေရာတစ်ခုကို မြန်မြန်ဆန်ဆန်ရောက်ရှိလာနေပါပြီ။ မြန်မာနိုင်ငံအနေနဲ့ အားလုံး အတွက် ဘက်စုံဒစ်ဂျစ်တယ်စီးပွားရေးတစ်ခု အကောင်အထည်ဖော်ဖို့ အထူးအခွင့်အလမ်းကောင်းတစ်ခု ရရှိနေချိန်မှာ တယ်လီနောအနေနဲ့လည်း ဒါကို အထောက်အကူပြုစေဖို့ တရားဥပဒေ စိုးမိုးမှု၊ တိုင်းရင်းသားဒေသတွေမှာ ဝန်ဆောင်မှု ဖြန့်ကြက်မှု၊ ဝန်ထမ်း စွမ်းရည်မြှင့်တင်မှုနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းအားလုံးမှာ ဒစ်ဂျစ်တယ် နည်းပညာ တက်ကျွမ်းနားလည်မှုတွေ ရရှိစေမှုတို့အတွက် ပိုမိုဦးတည်ချက်ထား ဆောင်ရွက်လျက်ရှိပါတယ်”ဟု အမှုဆောင် အရာရှိချုပ်က ဆက်လက်ပြောကြားသည်။ 
တယ်လီနော မြန်မာ၏ ပဥ္စမကြိမ်မြောက် လုပ်ငန်းရေရှည်တည်တံ့စေရေး ဆောင်ရွက်ချက်များနှင့်ဆိုင်သော ဆွေးနွေး ရှင်းလင်းပွဲသည် ကုမ္ပဏီ၏ စီးပွားရေး အခွင့်အလမ်းများ၊ ရေရည်တည်တံ့စေရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် အဓိက ရင်ဆိုင်ဖြေရှင်းရသော အခက်အခဲများ တို့တွင် အမြဲ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မှု ရှိနေစေရေး ရည်သန်ထားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျင်းပခြင်း ဖြစ်သည်။ စီးပွားရေးလုပ်ငန်းဆောင်တာများကို ဖြောင့်မှတ် မှန်ကန်စွာ လုပ်ကိုင် ဆောင်ရွက်ခြင်းသည် တယ်လီနော၏ အဓိက ဦးတည်ချက်ဖြစ်ပြီး တာဝန်သိ အကျိုးကျေးဇူးများသည့် ဆက်သွယ်ရေးကဏ္ဍ တစ်ခု မြန်မာနိုင်ငံတွင် ဆက်လက်တည်ရှိနေစေရေးအတွက် တယ်လီနော၏ လက်ရှိ ဆောင်ရွက်ချက်များ၏ အဓိက အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။
ယနေ့ရှင်းလင်းတင်ပြမှု၏ ဗီဒီယို ရုပ်သံနှင့် သက်ဆိုင်ရာ အချက်အလက်များကို တယ်လီနော၏ ဝက်ဆိုက်ဒ်များတွင် မကြာမီ ရရှိ ကြည့်ရှုနိုင်မည် ဖြစ်သည်။  

ရှင်းလင်းပွဲအတွင်း အဓိက ပြောကြားသွားသော အချက်အလက်အချို့ 

ဆက်သွယ်ချိတ်ဆက်မှု

  • တယ်လီနောသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး မိုဘိုင်းကွန်ရက်ကို တည်ဆောက်နိုင်ခဲ့ပြီး ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် တာဝါတိုင် ၈၀၀၀ ကျော်ဖြင့် တယ်လီနော၏ ကွန်ရက်သည် မြန်မာနိုင်ငံ၏ မြို့့နယ် အများစုကို ချိတ်ဆက်ပြီး ဖြစ်သည်။
  • တယ်လီနောကွန်ရက်သည် မြန်မာနိုင်ငံ လူဦးရေ၏ ၉၀% ကျော်ကို လွှမ်းခြုံထားပြီးဖြစ်သည်။
  • ကွန်ရက် အသုံးပြုမှုသည် စံချိန်တင်လောက်အောင် မြင့်မားလာနေပြီး 4G အသုံးပြုသော သုံးစွဲသူများ၏ ပျှမ်းမျှ တစ်လ အင်တာနက်အသုံးပြူမှုမှာ ၅.၆ ဂစ်ဂါဘိုက်အထိ ရှိလာပြီး ယင်းမှာ စင်္ကာပူကဲ့သို့ ဖွံ့ဖြိုးပြီး ဒေသများတွင် သုံးစွဲမှုထက်ပင် မြင့်မားသည်။ 
  • ပြီးခဲ့သည့် ၁၂ လတာအတွင်း 4G ဝန်ဆောင်မှုများအတွက် လိုအပ်သည့် လှိုင်းနှုန်းစဉ်များရရှိရန် ဒေါ်လာ ၁၆၀ သန်း ထပ်မံရင်းနှီးမြူပ်နှံခဲ့သည်။ ဆုများ ချီးမြင့်ခံထားရသော တယ်လီနော၏ 4G ကွန်ရက်သည် လက်ရှိတွင် မြို့ကြီးနှင့် မြို့နယ်ပေါင်း ၁၃၅ ကျော် ကို ကွန်ရက် လွှမ်းခြုံထားနိုင်ပြီး ဖြစ်သည်။ 

ပြည်တွင်းစီးပွားရေးကို အကျိုးသက်ရောက်မှု

  • တယ်လီနောသည် ယနေ့အချိန်ထိ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ကျော် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ကာ ကွန်ရက် လွှမ်းခြုံမှုနှင့် အရည်အသွေးပိုမိုကောင်းမွန်လာစေရန် လာမည့်နှစ်များတွင်လည်း ဆက်လက်ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။
  • တယ်လီနောသည် ယနေ့အချိန်အထိ မြန်မာငွေတစ်ကျပ် တစ်ပြားမျှ နိုင်ငံပြင်ပသို့ ယူဆောင်ထားခြင်း မရှိဘဲ ရရှိငွေ အားလုံးကို လုပ်ငန်းလည်ပတ်မှုအတွက် ပြန်လည် ရင်းနှီးမြှုပ်နှံထားသည်။
  • အခွန်အခရရှိမှုသည် ဖွံ့ဖြိုးဆဲ စျေးကွက်များတွင် အရေးပါလှပြီး မြန်မာနိုင်ငံအတွက်လည်း အရေးပါသည့် အချက်ဖြစ်သည်။ တယ်လီနောသည် ယခုအချိန်အထိ အခွန်များ၊ လိုင်စင်ကြေးများ၊ လူမှု အကျိုးပြု ဆောင်ရွက်မှု များ တို့အတွက် ပြည်ထောင်စု အစိုးရနှင့် နိုင်ငံတော်သို့ မြန်မာငွေကျပ် ၃၇၈ ဘီလီယံ ပေးအပ်ခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့် ဒစ်ဂျစ်တယ် တတ်ကျွမ်းမှုနှင့် မိုဘိုင်း ကျန်းမာရေးကဏ္ဍများ အပါအဝင် တယ်လီနော၏ လူမှု အကျိုးပြု ဆောင်ရွက်မှု အစီအစဉ်များက မြန်မာနိုင်ငံရှိ လူဦးရေ ၅၄၀,၀၀၀ ကျော်ကို အကျိုးကျေးဇူးပြုခဲ့ပြီး ဖြစ်သည်။

Supply Chain တစ်လျှောက် မှန်ကန်စွာ ဆောင်ရွက်မှု 

  • ၂၀၁၇ ခုနှစ်ကုန်မှစ၍ တယ်လီနောသည် စည်းမျဉ်း စည်းကမ်းများ လိုက်နာမှုရှိကြောင်း သေချာစေရန် ကွင်းဆင်း လေ့လာ စစ်ဆေးခြင်းအကြိမ်အရေအတွက် ၁၂,၀၀၀ ကျော်ပြုလုပ်ခဲ့သည်။ ယင်းတို့အနက် ၉၉% မှာ ရှောင်တခင် စစ်ဆေးခြင်း ဖြစ်သည်။ 
  • ထို့အပြင် တယ်လီနောက တာဝန်ပေးအပ်ထားသော ကုမ္ပဏီများသည်လည်း အလားတူ စစ်ဆေးခြင်းများကို စံချိန်စံညွှန်းကိုက်ညီစေရန် ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ယင်းတို့၏ စစ်ဆေးမှု ၁၄,၀၀၀ ကျော်အထိ ရှိခဲ့သည်။
  • ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသုံးအဆောင် အပြည့်အစုံ မပါဝင်ပဲ မြင့်မားသော နေရာများတွင် အလုပ် လုပ်ကိုင်ခြင်း၊ ဘေးကင်းလုံခြုံမှုမရှိသည့် တူးဖော်ရေးလုပ်ငန်းများ၊ ကလေးနှင့် အသက် မပြည့် သေးသည့် လုပ်သား ခိုင်းစေမှုများ၊ စာချုပ်စာတမ်းများနှင့် သဘောတူထားရှိသော တယ်လီနော၏ စံချိန်စံညွှန်းများနှင့် နိုင်ငံ က ချမှတ်ထားသော ဥပဒေများကို ချိုးဖောက်မှု အစရှိသည့် ‘အဓိက ရှာဖွေ တွေ့ရှိချက်များ’ သည် သုံးလတစ်ကြိမ် တိုင်းတာချက် များအရ ၁၅ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်း သွားခဲ့ပါသည်။
  • စိန်ခေါ်မှုများရှိနေသော်လည်း သက်ငယ်လုပ်သားနှင့် ကလေးလုပ်သားများကို supply chain တွင် ၂၀၁၇ ခုနှစ်မှ စတင်၍ မတွေ့ရှိရတော့ပေ။ အကြောင်းအရင်းမှာ တာဝန်ပေးအပ်ထားသော ကုမ္ပဏီများ အနေဖြင့် တယ်လီနော ၏ စံချိန်စံညွှန်းများကို ပိုမိုနားလည်မှုရှိလာပြီး ဤသတ်မှတ်ချက်များကို မလိုက်နာပါက ရရှိမည့် အကျိုးဆက်များ ကိုလည်း သိရှိလားခြင်းကြောင့်ဖြစ်သည်။

 

စွမ်းအင်ဆိုင်ရာ တီထွင်ဆန်းသစ်မှု:

  • တယ်လီနော၏ တာဝါတိုင် ၆၀% ခန့်သည် လျှပ်စစ်မီးဖြင့် လည်ပတ်နိုင်နေပြီ ဖြစ်သည်။ လျှပ်စစ်မီး မရှိသေးသည့် ကျန်ရှိ တာဝါတိုင်များ သည် ၂၀၁၇ ခုနှစ်အတွင်း ဒီဇယ်လီတာပေါင်း သန်း ၄၀ အသုံးပြုခဲ့သည်။
  • တယ်လီနောတွင် နေရောင်ခြည်စွမ်းအင်ကို ထည့်သွင်းအသုံးပြုသည့် ဆိုလာပေါင်းစပ် တာဝါတိုင်ပေါင်း ၁၇၇ တိုင်ရှိပြီး ယခုနှစ်ကုန်တွင် တိုင်ပေါင်း ၁,၄၀၀ ထိ တိုးချဲ့ ဆောက်လုပ်သွားရန် မျှော်မှန်းထားသည်။
  • လယ်ကွင်းနှင့် မြေရိုင်းများတွင် တာဝါတိုင်တည်ဆောက်ခွင့်မရရှိခြင်းသည် အခက်အခဲအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်သည်။ လက်ရှိအချိန်တွင် တာဝါတိုင်များ၏ ၅% သာ ယင်းနေရာများတွင်တည်ဆောက်ထားနိုင်သည်။ ဆူညံမှုကို လျော့ချရန် အတွက် ရွာများ၏ အပြင်ဘက် လယ်ကွင်းနှင့် မြေရိုင်းများတွင် ဆောက်လုပ်ခွင့်ရရှိနိုင်ရေး အစိုးရ အနေဖြင့် ကူညီပေးနိုင်ပါရန် တယ်လီနောက တိုက်တွန်းပါသည်။

သက်ဆိုင်ရာအာဏာပိုင်များ၏ အချက်အလက်တောင်းခံချက်:

  • တယ်လီနောသည် ၂၀၁၄ ခုနှစ်မှ စတင်ကာ သုံးစွဲသူများ၏ လျို့ဝှက် အချက်အလက်များကို တောင်းခံမှု များ ရှိလာပါက စိစစ် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကုမ္ပဏီတွင်း အစီအမံတစ်ခုကို ချမှတ်ထားပါသည်။ အစီအမံ သတ်မှတ်ချက် အရ လူသတ်မှု၊ လူပျောက်မှုနှင့် မူးယစ်ဆေးဝါးမှုနှင့်ဆိုင်သော အမှုအခင်းများ အတွက် အချက်အလက်တောင်းခံမှုများကို သာ စိစစ်ပြီး ပူးပေါင်းဆောင်ရွက်ပါသည်။ 
  • အောက်တိုဘာလ ၂၀၁၄ခုနှစ်မှစ၍ ဆက်သွယ်ပြောဆိုခဲ့သော အချက်အလက်များကို တရားဝင် တောင်းခံမှု ၁၂၄ ကြိမ်ရှိခဲ့ပြီး စိစစ်ချက်များအရ သတ်မှတ်စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိသော ၄၂ ကြိမ်အတွက်  ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တစ်ဆင့် ထုတ်ပြန်ပေးခဲ့ပါသည်။
  • လက်ရှိ ကာလအထိ ကွန်ရက်ကို ဖြတ်တောက်ရန်၊ ဆင်ဆာပြုလုပ်ရန်၊ အချက်အလက် ပိတ်ဆို့ရန် တို့အတွက် တောင်းခံမှု လုံးဝ မရှိသေးပါ။ 
  • အသုံးပြုသူများ၊ ဒစ်ဂျစ်တယ် ဝန်ဆောင်မှု ပေးအပ်သူများနှင့် အစိုးရအတွက် ဘေးကင်းလုံခြုံသော ဒစ်ဂျစ်တယ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ရန်အတွက် လိုအပ်နေသော Cybercrime and Electronic Evidence Act အကောင်အထည်ပေါ်လာစေရေးအတွက် အစိုးရကို တယ်လီနောက အလေးအနက် တိုက်တွန်းပါသည်။

ဥပဒေ စိုးမိုးရေး

  • နိုင်ငံတစ်ဝန်း တရားဥပဒေ စိုးမိုးရေးအတွက် အစိုးရ၏ တစ်စိုက်မတ်မတ် လုပ်ဆောင်ချက်များနှင့် စွမ်းဆောင်မှု များနှင့် ပတ်သက်၍ တယ်လီနောက ကြိုဆိုပါသည်။ သို့သော် တယ်လီနော၏ တရားဥပဒေကြောင်းအရ ရသင့်ရထိုက်သည့် အခွင့်အရေးများကို ရရှိစေရေးအတွက် ကုမ္ပဏီ၏ အရင်းအမြစ်များစွာကို ဆက်လက်အသုံးပြု နေရဆဲလည်း ဖြစ်သည်။ 
  • ဆက်သွယ်ရေးကဏ္ဍအတွင်း သာတူညီမျှ ယှဉ်ပြိုင်မှု ရှိစေရန်အတွက် ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီများ အားလုံးသည် လုပ်ငန်း ဆောင်ရွက်ရာတွင် ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေနှင့် ဆက်သွယ်ရေး ဥပဒေများ၊ ယင်းတို့၏ နည်းဥပဒေများအားလုံးနှင့် မလွဲမသွေ ကိုက်ညီမှုရှိစွာ လုပ်ဆောင်ရန်မှာ အလွန် အရေးကြီးသော အချက်တစ်ချက် ဖြစ်သည်။ စျေးကွက်တွင် မျှတသည့်ယှဉ်ပြိုင်နိုင်စွမ်းရှိနေစေရန် ကြီးကြပ်သည့် အဖွဲ့အစည်းအနေဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီ ၄ ခုလုံး ကို တစ်ပြေးညီ စည်းမျဉ်း ဥပဒေများ ချမှတ်ကြီးကြပ် နိုင်ပါရန် တယ်လီနောက တိုက်တွန်းပါသည်။
  • ရေရှည်တွင် ပြည်သူလူထု တစ်ရပ်လုံး၏ အကျိုးစီးပွားနှင့် ကိုက်ညီသည့် ဆုံးဖြတ်ချက်များအား ချမှတ်နိုင်ရန် အတွက် လွတ်လပ်သော စည်းကမ်းထိန်းသိမ်းကြိးကြပ်သည့် အဖွဲ့ ဖွဲ့စည်းပေးရန်အတွက် တယ်လီနော အနေနှင့် ထပ်မံ တိုက်တွန်းလိုပါသည်။
  • တယ်လီနော အနေနှင့် လူနေနည်းပါးသည့် ကျေးလက်ဒေသများတွင် ကွန်ရက်တိုးချဲ့မှုများ ပြုလုပ်သွားမည် ဖြစ်ပြီး ထိုဒေသများတွင် စျေးနှုန်းသက်သာသော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်အတွက် အခြေခံ အဆောက် အအုံများအား မျှဝေ အသုံးပြုရန် လိုအပ်မည် ဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင် လွတ်လပ်သည့် စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ အနေနှင့် အဆိုပါ ကိစ္စရပ်အား ပထမ ဦးစားပေး အဖြစ် ဆောင်ရွက်ရန်မှာ အလွန်တရာ အရေးပါလှသည်။

ဝန်ထမ်းစွမ်းရည် မြှင့်တင်ခြင်း

  • တယ်လီနောသည် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တယ်လီနော လုပ်ငန်းစု အတွင်းရှိ ကျွမ်းကျင်သူများအား မြန်မာနိုင်ငံသို့ ခေါ်ဆောင်လာခဲ့သည်။ လက်ရှိတွင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ကျွမ်းကျင် ဝန်ထမ်းများသည် ပြည်တွင်းမှ ဝန်ထမ်းများအား လမ်းညွှန်ပြသ လက်တွဲ လုပ်ကိုင်လျက်ရှိ သည်။
  • အမျိုးသမီးများသည် အရည်အသွေး ကောင်းမွန်ပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်ကြသည်။ လက်ရှိ တွင် တယ်လီနောမြန်မာတွင် အလုပ်လုပ်ကိုင်လျက် ရှိသည့် ဝန်ထမ်းစုစုပေါင်း၏ ၄၀ % သည် အမျိုးသမီးများ ဖြစ်ကြပြီး အုပ်ချုပ်မှုအဖွဲ့၏ ၃၀ % သည်လည်း အမျိုးသမီးများဖြစ်ကြသည်။ တယ်လီနောသည် လစာဖြင့် မီးဖွားခွင့် ၆ လ ခံစားခွင့်နှင့် ချိန်ညှိပြောင်းလဲနိုင်သော အလုပ်လုပ်ချိိန် အစီအမံအား မြန်မာနိုင်ငံတွင် ပထမဆုံး ဆောင်ရွက်ပေးထားသည်။
  • တယ်လီနောသည် ဝန်ထမ်းများ အားလုံး၏ ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း ဆက်လက် အလေးထား လုပ်ဆောင် လျက် ရှိသည်။ လက်ရှိတွင် မြင့်မားသော စွမ်းဆောင်ရည်များ ပြသလျက်ရှိသည့် ဝန်ထမ်းဦးရေ ပေါင်း ၁၃၀ ကျော်အား London Business School နှင့် INSEAD ကဲ့သို့သော ထိပ်တန်း တက္ကသို်လ်များရှိ အုပ်ချုပ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု သင်တန်းများ အား တက်ရောက်သင်ကြားနိုင်ရန် စီစဉ်ပေးထားသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor