Press Release

တယ်လီနော၏ နိုင်ငံရပ်ခြား စိတ်ကြိုက်ဒေတာအသုံးပြုမှု အစီအစဉ်ကို မလေးရှားနှင့် စင်ကာပူနိုင်ငံများသို့ တိုးချဲ့

13 March, 2019 - Yangon

  • မကြာသေးမီက မိတ်ဆက်ခဲ့သော ထိုင်းနိုင်ငံတွင် နိုင်ငံရပ်ခြား ဒေတာအသုံးပြုနိုင်မည့် အစီအစဉ် ရေပန်းစားအောင်မြင်ခဲ့ပြီးနောက် ယခုအခါ အခြားနိုင်ငံ ၂ ခုသို့ တယ်လီနော တိုးချဲ့
  • စာရင်းပေးသွင်းခ ၉၉၉ ကျပ်မျှဖြင့် တယ်လီနော ဆင်းမ်ကတ်ကိုင်ဆောင်သူအားလုံး ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံသို့ သွားရောက်ရာတွင် အင်တာနက်ကို ၃ ရက်တိတိ စိတ်ကြိုက် အသုံးပြုနိုင်

တယ်လီနောမြန်မာသည် ၎င်း၏ နိုင်ငံရပ်ခြားအင်တာနက် အသုံးပြုနိုင်သည့် အထူးအစီအစဉ်ကို မြန်မာနိုင်ငံမှ သွားရောက်လည်ပတ်မှုများပြားသော နိုင်ငံများဖြစ်သည့် မလေးရှားနှင့် စင်ကာပူနိုင်ငံများသို့ တိုးချဲ့လိုက်ပြီဖြစ်သည်။ အပူအပင်ကင်းစွာ အင်တာနက်အသုံးပြုနိုင်မည့် အဆိုပါ ဝန်ဆောင်မှုကို ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်သူများအတွက် ဖေဖော်ဝါရီလမှစတင်၍ ၉၉၉ ကျပ်ဖြင့် စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယခု နိုင်ငံ ၂ နိုင်ငံကို ထပ်မံတိုးချဲ့လိုက်ခြင်းဖြစ်သည်။ ထို ဝန်ဆောင်မှုကို ငွေကျပ် ၉၉၉ ကျပ်ဖြင့် စာရင်းပေးသွင်းသည့် အချိန်မှစ၍ ၃ ရက် တိတိ အသုံးပြုနိုင်မည် ဖြစ်သည်။

အဆိုပါ၀န်ဆောင်မှုအတွက် စာရင်းပေးသွင်းရာတွင် ယခင်က ထိုင်းနိုင်ငံအတွက် ဝန်ဆောင်မှုရယူသည့်အတိုင်း တပုံစံတည်းဖြစ်သည်။ တယ်လီနော၏ prepaid နှင့် Star postpaid အသုံးပြုသူအားလုံးသည် ၎င်းပရိုမိုးရှင်းကို MyTelenor App မှသော်လည်းကောင်း၊ ‘500’ သို့ ‘Thai3’ ဟု စာတိုပေးပို့ခြင်းဖြင့် သော်လည်းကောင်း ရယူနိုင်မည် ဖြစ်သည်။ ထို့အပြင် တယ်လီနော၏ prepaid အသုံးပြုသူများသည် *979*2*5*6# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ၊ Star Postpaid အသုံးပြုသူ များသည် *999*1*1*12# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ အဆိုပါ ပရိုမိုးရှင်းအစီအစဉ်အား ရယူနိုင်မည် ဖြစ်သည်။

“ကျွန်တော်တို့ နောက်ဆုံးထုတ်လုပ်လိုက်တဲ့ ထိုင်းနိုင်ငံအတွက် Roaming ပရိုမိုးရှင်းကို ခရီးသွားတွေ အများ အပြား အားပေးကြတာကို အံအားသင့်စရာ တွေ့ရပါတယ်။ ဒါကြောင့် အရှေ့တောင်အာရှမှာ မြန်မာပြည်သူတွေ အိမ်ဦးနဲ့ ကြမ်းပြင်လိုသွားနေကြတဲ့ နောက်ထပ် နိုင်ငံ ၂ ခုဖြစ်တဲ့ မလေးရှားနဲ့ စင်ကာပူအတွက်ပါ ဒီဝန်ဆောင်မှုကို ထပ်မံတိုးချဲ့လိုက်တာဖြစ်ပါတယ်။ တက္ကသိုလ်တက်နေတဲ့ သားသမီးဆီ သွားရောက်လည်ပတ် လိုတဲ့ မိဘတွေ၊ ကျန်းမာရေးအတွက် ဆေးသွားစစ်မယ့်သူတွေ ဘယ်သူပဲဖြစ်ဖြစ် ဘာကြောင့်ပဲသွားသွား ဖုန်းဆင်းမ်ကတ်ပြောင်းစရာ မလိုတော့ပါဘူး။ တယ်လီနောအနေနဲ့ နိုင်ငံရပ်ခြား အင်တာနက်အသုံးပြုမှုကို လူတိုင်းတတ်နိုင်မယ့် သင့်တင့်မျှတတဲ့ ဈေးနှုန်းဖြစ်အောင် ဆောင်ရွက်ထားပြီး အသုံးပြုသူများကိုလည်း မြန်မာနိုင်ငံမှာ တစ်ခုတည်းသော အပူအပင်ကင်းမဲ့စွာ အသုံးပြုနိုင်မယ့် Data-Roaming အစီအစဉ်ကို ရယူ အသုံးပြုဖို့ ဖိတ်ခေါ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ စျေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် Amaresh Kumar က ပြောသည်။

အဆိုပါ ပရိုမိုးရှင်းအား တစ်ကြိမ်စာရင်းပေးသွင်းလိုက်သည်နှင့် တပြိုင်နက် ၃ ရက်ကြာ (၇၂ နာရီ) အင်တာနက် အသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် တစ်ရက်တာလျှင် ဒေတာပမာဏ ၁ GB ကို အမြင့်ဆုံးရရှိ နိုင်မည့် အင်တာနက်အမြန်နှုန်းဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ သတ်မှတ်ထားသော ဒေတာပမာဏ ( ၁ GB) ကုန်ဆုံးသွားပါကလည်း တစ်စက္ကန့်လျှင် ၅၁၂ ကီလိုဘိုက်မြန်နှုန်း ဖြင့် ဆက်လက်အသုံးပြုသွားနိုင်မည် ဖြစ်သည့် အတွက် သုံးစွဲသူများအနေဖြင့် အီးမေးလ်စစ်ခြင်း၊ လူမှုကွန်ရက်များ အသုံးပြုခြင်း အစရှိသည်တို့အား အပူအပင်မရှိ ဆက်လက်လုပ်ဆောင် နိုင်မည်ဖြစ်သည်။

ပိုမိုကျယ်ပြန့်လာသော တယ်လီနော၏ နိုင်ငံတကာ roaming ကွန်ရက်

တယ်လီနော ဆင်းမ်ကတ်အသုံးပြုနိုင်သော နိုင်ငံများ၊ roaming မိတ်ဖက် မိုဘိုင်းအော်ပရေတာများ ပိုမိုတိုးပွား လာသည်နှင့်အမျှ အသုံးပြုသူများ ခရီးသွားလာနေစဉ်သော်လည်းကောင်း၊ နိုင်ငံတွင်းမှတဆင့် နိုင်ငံပြင်ပရှိ မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများနှင့့် ဆက်သွယ်နိုင်ရန်သော်လည်းကောင်း ရည်ရွယ်၍ လွယ်ကူ သက်သာ သော ဝန်ဆောင်မှုများကို တယ်လီနောက ပေးအပ်လျက်ရှိသည်။ ယခုလက်ရှိတွင် တယ်လီနော အသုံးပြု သူများသည် ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၁၂၅ နိုင်ငံသို့ရောက်ရှိနေစဉ်တွင် မိတ်ဖက်အော်ပရေတာပေါင်း ၁၇၁ ခု၏ ကွန်ရက်ကို ချိတ်ဆက် အသုံးပြုနိုင်နေပြီဖြစ်သည်။ တယ်လီနော၏ 4G roaming ၀န်ဆောင်မှုအား လက်ရှိတွင် တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ယူအေအီး၊ ကနေဒါ၊ မကာအို၊ ထိုင်ဝမ်၊ နယူးဇီလန်၊ ဆွီဒင်၊ ဘယ်လ်ဂျီယံနှင့် နော်ဝေနိုင်ငံများတွင် သုံးစွဲနိုင်ပြီဖြစ်ပြီး အခြားသောနိုင်ငံများတွင်ပါ သုံးစွဲနိုင်စေရန် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ အလားတူပင် ပြည်ပ နိုင်ငံ ပေါင်း ၁၃၄ နိုင်ငံမှ မိတ်ဖက်အော်ပရေတာပေါင်း ၂၂၇ ခု၏ သုံးစွဲသူများအနေဖြင့်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း တယ်လီနောကွန်ရက်ကို ချိတ်ဆက်အသုံးပြု နိုင်နေပြီ ဖြစ်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share